NEWS

အနိမ့်ဆုံးလုပ်ခ ၄၈၀၀ကျပ်ပင် ပြည့်မီအောင်မပေးသည့် စက်ရုံကို အရေးယူခြင်းမရှိ

CoverLogo
593 Views
 
ရန်ကုန်တိုင်းမြို့ ၊ ဝါးတရာ စက်မှူဇုန်က တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံမှာ အနိမ့်ဆုံးလုပ်ခ တစ်နေ့ ၄၈၀၀ ကျပ် ပြည့်မီအောင်မပေးလို့ တိုင်ကြားထားပေမဲ့ အရေးယူမှု မရှိဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
 
စက်ရုံက လုံခြုံရေး အလုပ်သမားဟာ တရက် အလုပ်ချိန် ၈ နာရီအတွက် အနိမ့်ဆုံးလုပ်ခ လစာ ၄၈၀၀ ပေးရ မယ်လို့ ဥပဒေ ပြဌာန်း ပြီး ၈နှစ်ကြာတဲ့ လုပ်ခလစာ အပြည့်မရဘဲ အလုပ်ထုတ်ခံရတာကြောင့် ဩဂုတ် ၁၆ ရက်မှာ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည)ကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။
 
အဲဒီနောက် စက်တင်ဘာ ၁၉ ရက်မှာ အလုပ်ထုတ်ခံရသူဆီကို ကုမ္ပဏီတာဝန်ရှိသူက အပြည့်မရခဲ့တဲ့လုပ်ခ လစာ လာပေးခဲ့ပေမဲ့ အလုပ်သမားက အလညမှာ တရားဝင်တိုင်ကြားထားလို့ အလညမှာပဲ တရားဝင်ပေးဖို့ ပြောခဲ့တယ်ဆိုပြီး ရေးသားထားပါတယ်။
ဒုတိယအကြိမ် ခုံကောင်စီက အလုပ်ထုတ် နစ်နာကြေးပေးတဲ့ အခါမှာ လည်း စက်ရုံဘက်က အဲဒီလုပ်ခကို ထပ်ပေးခဲ့လို့ အလုပ်သမားက အလညမှာပဲ ဖြေရှင်းဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဒီဇင်ဘာ ၁၅ ရက်မှာတော့ ရွှေပြည်သာ အလည ဦးစီးက " ဝန်ကြီးရုံး မှ စာပြန်ကျလာပြီ ။ အလုပ်ရှင်ကို အရေးယူဖို့ မပါဘူး။ ငွေကလည်း အလုပ်သမားကို သွားပေးတာ မယူဘူး။ အဲ့တော့ အလုပ်သမားကို ပြောလိုက် ပါ "ဆိုပြီး ကူညီရေးအဖွဲ့ဝင်တွေကို စကား လူကြုံ ပါးလိုက်တယ်လို့ သိရပါတယ်။
 
"ဘယ်လောက်ဘဲ လုပ်ငန်းရှင်က ၄,၈၀၀ နဲ့ ရှင်းပေးတယ် ပြောနေပါစေ၊ လုပ်ခလစာ စာရွက်မှာ အခြေခံ လစာ နေရာမှာ ၁၃၀,၀၀၀ ကျပ်လို့ ရေးထားတာက အနည်းဆုံး လုပ်ခလစာပြည့်မီအောင် မပေးထားဘူးဆိုတာ ထင်ရှား နေတာ။ အလုပ်သမားတွေက အဲဒါကို မသိဘူး။ အိုတီတွေ အခြားဘာကြေးညာကြေးတွေပေါင်းလို့သာ လစာက ၂ သိန်းကျော်လောက်ဖြစ်နေတာ။ အခြေခံလစာနေရာမှာ ၁၄၄၀၀၀ ပေးထားရင်တော့ ၄၈၀၀ ပြည့်တယ်။ အခြေခံ လစာ ၁၃၀၀၀၀ဆိုတာကတော့ အပြည့်မပေးထားဘူး။ ဒါကို တိုင်ထားတာ ဖြေရှင်းတာမရှိဘူး။"လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောဆိုပါတယ်။
 
တော်ဝင်သစ်အချာထည်နှင့် ပရိဘောဂစက်ရုံက အလုပ်ထုတ်ခံရတဲ့ လုံခြုံရေး ဝန်ထမ်းဟာ အခုနှစ် မေ ၅ ရက်က အလုပ် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် Hong Miao အထည်ချုပ်စက်ရုံကလည်း အခြေခံလစာ ကို ၁၃၀,၀၀၀ ကျပ်ပဲ ပေးထားတာကြောင့် ရွှေပြည်သာမြို့နယ် အလညရုံးမှာ အလုပ်သမားတွေက တိုင်ကြားခဲ့ တယ်လို့ သိရပါတယ်။
 
Photo - (RFA) တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ်က ဆန္ဒပြနေစဉ်

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026