NEWS

အနိမ့်ဆုံး လုပ်ခလစာ (၆၈၀၀) ကျပ် ပေးချေဖို့ သတ်မှတ်ပေမယ့် စက်ရုံအလုပ်သမားတိုင်း မရသေး

CoverLogo
1.2K Views

အာဏာသိမ်းစစ်တပ်က အလုပ်သမားတွေရဲ့ တစ်ရက် (၈) နာရီ အလုပ်ချိန်အတွက် ကျပ် (၆၈၀၀) ပေးချေဖို့ သတ်မှတ်ထားပေမယ့် အလုပ်သမားတိုင်း မရသေးဘူးလို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။

ပြည်တွင်းမှာ တစ်ရက် (၈) နာရီ အလုပ်ချိန်အတွက် အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၈ ခုနှစ်က (၄၈၀၀) ကျပ် သတ်မှတ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်၊ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင် စုစုပေါင်း ကျပ် (၆၈၀၀) ပေးချေဖို့ သတ်မှတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။

“အခုက တစ်ရက် (၈) နာရီ အလုပ်ချိန်ကို (၆၈၀၀) ကျပ်ပေးဖို့ သတ်မှတ်ထားတယ်ဆိုပေမယ့် စက်ရုံအလုပ်သမား တိုင်းတော့ မရသေးပါဘူး။ အမတို့ သိရတဲ့ အချက်အလက်တွေအရတော့ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းဘက်တွေက စက်ရုံတွေမှာ မရတာတွေ ရှိနေတယ်”လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦိးက ပြောပါတယ်။

လက်ရှိမှာ စက်ရုံအလုပ်သမားတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ် နေပြီး အချိန်ပိုနာရီတွေကို နားရက်မရှိဘဲ လုပ်ကိုင်နေရပါတယ်။ 

ဒီလို ဖိအားပေးခေါ်ယူတာတွေကြောင့်လည်း ကျန်းမာရေးထိခိုက်တာတွေလည်း ရှိနေပါတယ်။

“ကျွန်မတို့စက်ရုံကတော့ အခုထိ အခြေခံလုပ်ခလစာက (၅၈၀၀) ပဲ ရပါတယ်။ တိုးပေးတာ မရှိသေးပါဘူး။ ပြောမယ်ဆို စားဝတ်နေရေးက အဆင်မပြေပါဘူး။ လစာထုတ်ရင် ရတဲ့လစာနဲ့ ပေးစရာက မလုံလောက်တော့ ထပ်ချေးရပါတယ်။ လစာထုတ်ရင် ပြန်ဆပ်လိုက်၊ လိုတာထပ်ချေးလိုက်နဲ့ လည်နေပါတယ်”လို့ Real Star စက်ရုံက အလုပ်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံပြည်သူတိုင်းဟာ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေ ပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ လေးပုံတစ်ပုံနှုန်းဖြစ်တဲ့ လူဦိးရေ စုစုပေါင်း လူဦးရေ ၁၃.၃ သန်း စားနပ်ရိက္ခာအခက်အခဲ ကြုံနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ 

ဒီလိုအခက်အခဲ ဖြစ်နေသူတွေထဲမှာ လူဦးရေ ၂ ဒသမ ၇ သန်းကတော့ စားနပ်ရိက္ခာအခက်အခဲ အရေးပေါ် အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026