NEWS

အထောက်အထားမဲ့ လုပ်သားတင်ဆောင်သည့်ယာဉ်တိမ်းမှောက်ပြီး မြန်မာ၂၈ ဦး အဖမ်းခံရ

CoverLogo
242 Views
 
ကန်ချနပူရီခရိုင်၊ သောင်ဖာပွန်မြို့နယ်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တင်ဆောင်လာတဲ့ယာဉ်ဟာ တိမ်းမှောက်မှု ဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါရှိတဲ့ မြန်မာလုပ်သား၂၈ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
စက်တင်ဘာ၂၉ မနက် ၁နာရီခွဲလောက်မှာ မြန်မာအလုပ်သမားတွေကို သယ်လာတဲ့ Isuzu Mu-7 ဘက်စုံသုံးယာဉ်ဟာ အရှိန်ပြင်းပြင်း မောင်းနှင်လာပြီး စစ်ဆေးရေးဂိတ် ကို ဖြတ်မောင်းသွားတဲ့ အတွက် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာမှ ဒေသခံတွေရဲ့ ကားနဲ့ ဆိုင်ကယ်ကို တိုက်မိပြီး လမ်းဘေးရေမြောင်းထဲသို့ ထိုးကျကာ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။
 
တိမ်းမှောက်ပြီး ပျက်စီးသွားတဲ့ ယာဉ်အတွင်းမှ ပြွတ်ကြပ်စွာ ထိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသား ၁၉ ဦးနဲ့အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၈ ဦး ထွက်လာပေမယ့် ယာဉ်မောင်း ဖြစ်သူကတော့ ထွက်ပြေးသွားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်မှာ အရှိန်ဖြင့် တိမ်းမှောက် ပျက်စီးသွားပေမယ့် မြန်မာရွှေ့ပြောင်း လုပ်သား၂၈ဦးမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ သေဆုံးတာတော့မရှိဘူးလို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ထွက်ဆိုချက်အ ရမြန်မာပြည်က နေ စွန်ခလာပူရီ နယ်စပ်မှ တစ်ဆင့် ဝင်ရောက်လာပြီး လှေဖြင့် ဝဇီရာလောင်ကွန်းဆည်ကို ဖြတ်ကူးခဲ့ ပြီးနောကိ Mu-7 ကားကို စီးပြီး ဘန်ကောက်၊ စမွတ်စာခွန်၊ ဆာချိုင်ချောင်း တို့မှာ အလုပ်လုပ်ကိုင်ဖို့ လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို လာဖို့ကိုလည်း ပို့ဆောင်ပေးတဲ့ ပွဲစားဆိုသူကို တစ်ဦး လျှင် ဘတ် ၁၈၀၀၀ မှ၂၀၀၀၀ အထိ ခရီးအကွာအဝေးအလိုက်ပေးခဲ့ရပြီး အခုချိန်မှာ ခရီးဆုံးထိမရောက်ဘဲ အဖမ်းခံရတာ ဖြစ်တယ်လို့ သတင်းမှာရေးသားထားပါတယ်။
လက်ရှိမှာ အလုပ်သမားတွေကို တရားမဝင် ဝင်ရောက်နေထိုင်ခြင်း ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်း ကိုဖော်ထုတ်ဖို့ အတွက် မှတ်ပုံတင်အချက်အလက် ကို တုံဖုံရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ထားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
Ref-- โจโฉ

Related posts

Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026