NEWS

အထောက်အထားမဲ့ မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ကားစစ်ဆေးရေးဂိတ်ကို ရှောင်မောင်းပြေးရာမှ တိမ်းမှောက်

CoverLogo
271 Views
 
ထိုင်းနိုင်ငံ ချွမ်ဖွန်ပြည်နယ် မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားဟာ စစ်ဆေးရေးဂိတ်ကို ရှောင်မောင်းပြေးရာ ကနေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
မတ်လ၂၃ရက် မှာ ချွမ်ဖွန်ပြည်နယ်၊ မောင်းချွမ်ဖွန်ခရိုင်၊ ဝမ်မိုင်မြို့နယ်၊ အဝေးပြေးလမ်းမကြီး မှာ ဖြစ်ပွားခဲ့ တာ ဖြစ်ပြီး အထောက်အထားမဲ့ မြန်မာလုပ်သား ၁၂ဦးကို တင်ဆောင်လာတဲ့ကား ကို ထိုင်း ရဲတပ်ဖွဲ့ က စစ်ဆေးဖို့ တားဆီးရာ ယာဉ်မောင်းဖြစ်သူက မရပ်ပြေးဘဲ အရှိန်ပြင်းမောင်းနှင်ထွက်ပြေးစဉ်တိမ်းမှောက် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ယာဉ်တိမ်းမှောက် မှု ကြောင့် ကားပေါ်လိုက်ပါလာတဲ့ မြန်မာလုပ်သား၁၂ဦး အသက်အန္တရာယ်ရှိ တဲ့ ထိခိုက် ဒဏ်ရာရရှိမှု မဖြစ်ခဲ့ပေမယ့် အထောက်အထားမရှိတာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
 
ယာဉ်မောင်းသူရဲ့ ထွက်ဆိုချက်အရ အဖမ်းခံရတဲ့ မြန်မာလုပ်သား၁၂ဦးကို စမွတ်ဆာခွန် ခရိုင်၊မဟာချိုင် နယ်မြေ ကခေါ်လာပြီး ဆုန်ခလာခရိုင်၊ဟတ်ယိုင်မြို့ကိုပို့ဆောင်ပေးပို့ ဘတ်၈၀၀၀ရခဲ့တယ်လို့ ထွက်ဆိုပါတယ်။
 
ယာဉ်မောင်းကို နိုင်ငံခြားသားများအား တရားမဝင် ခိုလှုံခွင့် ပေးထားမှုဖြင့် တရားစွဲဆိုထားကြောင်းနှင့် မြန်မာနိုင်ငံသားများကိုတော့ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားတယ်လို့သိရပါတယ်။
 
လက်ရှိတွင် ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသား ၁၂ ဦးအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆလူးရဲစခန်းသို့ လွှဲပြောင်းထားပြီး ဆက်စပ်ကွန်ရက်များကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ထိုင်းအာဏာပိုင်များမှ ပြောကြားထားပါတယ်။
 
Ref-Khaosod Thai

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026