NEWS

အထောက်အထားမဲ့ မြန်မာလုပ်သားတင်ဆောင်လာသည့်ယာဉ် ဓါတ်တိုင် ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါသူများ အဖမ်းခံရ

CoverLogo
265 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင် ၊ ထောင်းဖာဖုမ်မြို့နယ် မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေ ကို တင်ဆောင်လာတဲ့ ယာဉ်တစ်စီး ကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ မှ စစ်ဆေးရန် ရပ်တန့် ခိုင်းတာကို တိမ်းရှောင် မောင်းနှင်ထွက်ပြေးရာမှ လမ်းဘေးရှိ ဓါတ်တိုက်ကိုဝင်တိုက်မှု ဖြစ်ခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရ သိရပါတယ်။
 
အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသူမရှိပေမယ့် ယာဉ်ပေါ်ပါလာတဲ့ မြန်မာလုပ်သား ၁၅ဦး ကို ဖမ်းဆီးခံရပြီး ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
 
ယာဉ် ပေါ် မှာ မြန်မာအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၈ ဦး၊ အပြင် လာအို အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
 
အဖမ်းခံရ တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ရန်ကုန်နဲ့မန္တလေး တို့ကနေ လာရောက်တာ ဖြစ်ပြီး ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံအတွင်းသို့နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကာ အခုလို လာရောက်ဖို့ အတွက် ထိုင်းပွဲစား ကို လုပ်သားတစ်ဦးလျှင် ဘတ် ၁၅၀၀၀မှ ၂၅၀၀၀ အထိ ပေးချေခဲ့ရတယ်လို့ စကားပြန်ကတစ်ဆင့်မေးမြန်းတဲ့အပေါ် မြန်မာလုပ်သားတွေကဖြေကြားခဲ့ကြောင်းသိရပါတယ်။
 
ဖမ်းဆီးရမိတဲ့ အလုပ်သမား ၁၅ ဦးကိုကန်ချနဘူရီမြို့နယ်ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်မယ် လို့ထိုင်းသတင်းမှာဖော်ပြထားပါတယ်။
 
အောက်တိုဘာ၂၁ရက် ညနေပိုင်းမှာ လည်း ချွန်ဖွန်-ရနောင်း အမြန်လမ်း မှာ ခရီးသည်တင်ယာဉ်တစ်စီးပေါ် တွင် နိုင်ငံကူးလက်မှတ်အပါအဝင် အထောက်အထားစာရွက်အတု တွေ ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သား ၁၃ ဦး ကို လည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
Ref-โจโฉ

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026