NEWS

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ

CoverLogo
151 Views
 
ထိုင်း-မြန်မာ နယ်စပ် တာခ့် ခရိုင် အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၀ကျော် ကို ဖမ်းဆီးခဲ့တယ်လို့ တာခ့်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဩဂုတ် လ ၁၉ ရက် ညနေ ၃ နာရီခန့်မှာ တာခ့်ခရိုင် ဖို့ဖရာဒေသ ဝါလေရွာအနီး သောင်ရင်းမြစ်ဘေးက နယ်စပ်ဒေသကို ထိုင်းနယ်ခြားစောင့်တပ်တွေက ကင်းလှည့် စစ်ဆေးနေစဉ် ချုံတောထဲ လူအုပ်စုလိုက် လမ်းလျှောက်နေတာ တွေ့ရှိတဲ့ အတွက် စစ်ဆေးတာမှာ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၇ ဦးကိုတွေ့ရှိပြီး တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် စာရွက်စာတမ်းတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် ဩဂုတ် ၁၉ရက် ညနေ ၄နာရီခွဲခန့်မှာ တာခ့်ခရိုင် ချင်းတုံမြို့နယ် အမှတ်၆ကျေးရွာ အနီးမှာ ယာဉ်နှစ်စီး ပေါ်တွင် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၇ဦး ကို စစ်ဆေးတွေ့ရှိခဲ့ ပြီး အထောင်အထားမရှိတဲ့ အတွက် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာကြတာဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောဆိုထားပါတယ်။
 
လက်ရှိမှာ မြန်မာနိုင်ငံသား ၃၇ဦး ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အရေးယူထားပြီး ဖို့ဖရာ့ရဲစခန်းသို့ ပို့ဆောင်ထားကာ ၁၇ဦးကိုတော့ ဝမ်ချောင်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
 
ယခုရက်ပိုင်း အတွင်း ထိုင်းနိုင်ငံ ထဲကို နယ်စပ်ကနေတစ်ဆင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် အမျှ ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

Related posts

Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025
Cover
ဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် တိုင်ကြား
Oct 16, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ (ရုပ်သံသတင်း)
Oct 15, 2025