NEWS

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ

CoverLogo
339 Views
 
ထိုင်း-မြန်မာ နယ်စပ် တာခ့် ခရိုင် အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၀ကျော် ကို ဖမ်းဆီးခဲ့တယ်လို့ တာခ့်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဩဂုတ် လ ၁၉ ရက် ညနေ ၃ နာရီခန့်မှာ တာခ့်ခရိုင် ဖို့ဖရာဒေသ ဝါလေရွာအနီး သောင်ရင်းမြစ်ဘေးက နယ်စပ်ဒေသကို ထိုင်းနယ်ခြားစောင့်တပ်တွေက ကင်းလှည့် စစ်ဆေးနေစဉ် ချုံတောထဲ လူအုပ်စုလိုက် လမ်းလျှောက်နေတာ တွေ့ရှိတဲ့ အတွက် စစ်ဆေးတာမှာ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၇ ဦးကိုတွေ့ရှိပြီး တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် စာရွက်စာတမ်းတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် ဩဂုတ် ၁၉ရက် ညနေ ၄နာရီခွဲခန့်မှာ တာခ့်ခရိုင် ချင်းတုံမြို့နယ် အမှတ်၆ကျေးရွာ အနီးမှာ ယာဉ်နှစ်စီး ပေါ်တွင် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၇ဦး ကို စစ်ဆေးတွေ့ရှိခဲ့ ပြီး အထောင်အထားမရှိတဲ့ အတွက် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာကြတာဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောဆိုထားပါတယ်။
 
လက်ရှိမှာ မြန်မာနိုင်ငံသား ၃၇ဦး ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အရေးယူထားပြီး ဖို့ဖရာ့ရဲစခန်းသို့ ပို့ဆောင်ထားကာ ၁၇ဦးကိုတော့ ဝမ်ချောင်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
 
ယခုရက်ပိုင်း အတွင်း ထိုင်းနိုင်ငံ ထဲကို နယ်စပ်ကနေတစ်ဆင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် အမျှ ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026