NEWS

အထောက်အထားမရှိသူများအတွက် ဘတ်စာရင်းတင်သွင်းခြင်း အောက်တိုဘာ ၁၅ ရက်စတင်နိုင်ပြီ ဟုထိုင်းအလုပ်သမားဝန်ကြီးဌာန ကြေညာ

CoverLogo
418 Views
 
 
အထောက်အထား မရှိသေးတဲ့ နိုင်ငံခြားသား လုပ်သားတွေ အတွက် အလုပ်လုပ်ခွင့်လက်မှတ်(ပန်းရောင်ကတ် ,ဘတ်)ပြုလုပ်ဖို့ အမည်စာရင်း Name list တင်သွင်းခြင်း ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်ပြုလုပ်နိုင်ပြီလို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ကြေညာလိုက်ပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်က အစည်းဝေးဆုံးချက်အရ ထိုင်းနိုင်ငံရှိ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယမ်နမ် စတဲ့လေးနိုင်ငံမှ အကြောင်းအမျိုးမျိုးနဲ့ တရားမဝင်အနေထားဖြင့် ကြုံတွေ့နေရတဲ့သူတွေအတွက် နေထိုင်ခွင့်နှင့်အလုပ်လုပ်ကိုင်ခွင်​့ ကို အောက်တိုဘာ၁၅ရက်မှ ၂၉ရက်အထိ အွန်လိုင်းစနစ်နဲ့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမည်စာရင်းသွင်းဖို့ ကို အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၁၅ရက်အတွင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
 
အမည်စာရင်းတင်သွင်းပြီးတဲ့ သူတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေနဲ့ငွေပေးချေခြင်း ကို ၂၀၂၅ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ ဒီဇင်ဘာ၂၆ရက်အထိ ပြုလုပ်ရမယ်လို့ ကြေညာထားပြီးနောက်တစ်ဆင့်ဖြစ်တဲ့ လက်ဗွေနှိပ်ခြင်းနဲ့ ဗီဇာယူခြင်းတို့ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၇ ရက် နောက်ဆုံးထား လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဘတ်စာရင်းတင်သွင်းခြင်းနဲ့ပက်သက်ပြီး သိလိုတာတွေကို တနိုင်ငံလုံးရှိ ပြည်နယ်အလုပ်အကိုင်ရှာဖွေရေးရုံးများ ဘန်ကောက်မြို့ အလုပ်ကိုင်ရှာဖွေရေးရုံးနယ်မြေ၁မှ၁၀၊အလုပ်သမားဝန်ကြီးဌာန HotLine ဖုန်းနံပတ် ၁၅၀၆(လိုင်းခွဲ၂)သို့မဟုတ် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနတို့မှာလည်းစုံစမ်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026