NEWS

အထောက်အထားမရှိဘဲအလုပ် လုပ်ကိုင်သူများကို ထိရောက်စွာနှိမ်နင်းပြီး နေရပ်ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကြေညာ

CoverLogo
345 Views
 
ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ထိရောက်စွာနှိမ်နင်း ပြီး နေရပ်ကို ပြန်ပို့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး Mr. Pongkawin Juangroongruangkit က ပြောကြားလိုက်ပါတယ်။
 
နိုင်ငံခြားသားအလုပ်သမားတွေဟာ ထိုင်းစီးပွားရေးအတွက် အရေးပါပေမယ့် ဥပဒေမဲ့ လုပ်ကိုင်နေတာကို ခွင့်ပြုထားလို့ မရဘူးလို့ဆိုပါတယ်။
 
နိုင်ငံခြားသားအလုပ်သမားများ အား စည်းကမ်းမဲ့ အသုံးပြုမှုကို ဆက်လက် ခွင့်ပြုပါက ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်တဲ့ အတွက် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ တွေ့ရှိပါက သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
 
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများ မှမြန်မာ စစ်ရှောင် တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ထိုင်းအစိုးရက ဩဂုတ်၂၆ရက်မှာ ထုတ်ပြန်ခဲ့ ပြီးနောက် အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေကို ရှာဖွေရှင်းလင်းပြီး နေရပ်ပြန်ပို့ ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
 
နိုင်ငံခြားလုပ်သားတွေ အနေနဲ့ အလုပ်လုပ်ကိုင်ခွင့်အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတာကို စစ်ဆေးတွေ့ရှိပါက ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရမှာဖြစ်ကာ မူရင်းနိုင်ငံ ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။
 
အထောက်အထားမရှိတဲ့ အလုပ်သမားကို ခိုင်းစေတဲ့ အလုပ်ရှင်ကိုတော့ အလုပ်သမားတစ်ဦး အတွက် ဘတ် ၁၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမယ်လို့ ကြေညာထားပါတယ်။
 
ထပ်မံ အပြစ်ကျုးလွန်ပါက ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ဘတ် ၅၀၀၀၀ ကနေ၂၀၀၀၀၀ အထိ ဒဏ်နှစ်မျိုးစလုံး ပေးဆောင်ရမယ့်အပြင် ၃ နှစ်ကြာ နိုင်ငံခြားသား အလုပ်သမား ခန့်ထားခွင့်ပါ ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်အကိုင်ရှာဖွေရေးဌာနရဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ လက်ရှိ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသား စုစုပေါင်း ၄,၀၇၁,၆၁၇ ဦး ရှိတယ်လို့ သိရပါတယ်။
 
အဲ့ဒီအထဲမှာ အဓိကအားဖြင့် MOU စနစ်နဲ့ ဝင်ရောက်လာသူ ၆၈၇,၄၀၅ ဦးရှိပြီး မြန်မာနိုင်ငံသား ၂၄၈,၃၂၀ ဦး ပါဝင်သလို တရားမဝင်ကနေ တရားဝင်ဖြစ်အောင် ဆောင်ရွက်နေဆဲဖြစ်တဲ့သူ ၁,၈၄၈,၇၁၂ ဦး ရှိပြီး မြန်မာနိုင်ငံသား ၁,၈၂၉,၃၇၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးက အလုပ်ရှင်တွေကို တရားမဝင် အလုပ်သမားတွေ မခန့်ထားဖို့ တိုက်တွန်းခဲ့ပြီးအလုပ်သမား ခန့်အပ်လိုရင်လည်း MOU စနစ်အတိုင်း တရားဝင် လုပ်ဆောင်ကြဖို့ ပြောကြားခဲ့ပါတယ်။
Ref-Matichon News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026