NEWS

အထောက်အထားမစုံ"ဟုဆိုကာ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး ကျန့်ခေါက်ကြေးနှင့်နစ်နာကြေးများပြန်ရ

CoverLogo
265 Views
 
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Bangkok Cycle Industrial Co,Ltd မှ "အထောက်အထားမစုံတော့"ဟုဆိုပြီး အလုပ်ထုတ်ပယ်ခံရတဲ့ မြန်မာအလုပ်သမား ၁၈ ဦး အလုပ်ရှင်ပြောင်းခြင်း(ကျန့်ခေါက်)လုပ်ရန် ပေးသွင်းထားတဲ့ငွေများနဲ့ အလုပ်ထုတ်နစ်နာကြေးတွေ ပြန်ရရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်းစက်ရုံသူဌေး မှ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားများ (၁၈) ဦးကို ဘိုင်ကျန့်အော်သေသွား သဖြင့် အထောက်ထားမစုံတော့ဟုဆိုကာဇူလိုင် ၁၅ ရက်က အလုပ်မှထုတ်ပယ်လိုက်တာလို့သိရပါတယ်။
 
မြန်မာအလုပ်သမားတွေဟာ အလုပ်စဝင်ကတည်း က အလုပ်ရှင်ပြောင်းခြင်း(ကျန့်ခေါက်)လုပ်ရန် အတွက် စက်ရုံရှိ စာရေးမထံ တစ်ဦး ကို ဘတ် (၃၀၀၀)နှုန်း နဲ့ ပေးသွင်းထားခဲ့ပေမယ့် ဆောင်ရွက်ပေးခြင်းမရှိတာကြောင့် ဘိုင်ကျန့်အော် သေသွားပြီး work Permit သက်တမ်းတိုးမရဖြစ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
အခုလို စက်ရုံသူဌေးနဲ့ စာရေးမ တို့ ကအလုပ်ထုတ်ပယ်တဲ့ အတွက် မြန်မာအလုပ်သမားတွေက အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့ အထံ အကူညီတောင်းခံခဲ့တယ်လို့သိရပါတယ်။
 
အလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကြောင့် နခွန်ပထုန်၊ ဆာဝါဒီကန်ရုံးမှာ ဇူလိုင် ၂၄ရက်က အမှုဖွင့်တိုင်ကြားပေးခဲ့ပြီး ဇူလိုင်၂၅ရက်မှာ ကျန်ဟာငန်ရုံးတွင် work Permit သက်တမ်းတိုးနိုင်ရေး အတွက် အလုပ်ရှင် ကို အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ထံမှသိရပါတယ်။
 
NUGအလုပ်သမားဝန်ကြီးဌာနမှ သက်ဆိုင်ရာရုံးတွေမှာ အမှုဖွင့်တိုင်ကြားလိုက်တဲ့ အတွက် ဩဂုတ်၂၅ရက်မှာတော့ နခွန်ပထုန် ဆာဝါဒီကန်ရုံး၌ အလုပ်ရှင်သူဌေးနဲ့ စာရေးမတို့မှ ကျန့်ခေါက်ကြေး ဘတ် (၅၄၀၀၀) ကို အလုပ်သမားလက်ဝယ်ထံပေးချေခဲ့ပြီး စက်ရုံမှ အလုပ်ထုတ်ပယ်ခြင်းအတွက် အလုပ်ထုတ်နစ်နာကြေး ဘတ် (၈၇,၀၄၈) ကို စက်တင်ဘာ ၃ရက်မှာ ပေးခဲ့တယ်လို့ သိရပါတယ်။
 
ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပါက NUG အလုပ်သမားဝန်ကြီးဌာနရဲ့ဖုန်း၊ Email နှင့် Social App တို့မှ တစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026