NEWS

အထောက်အထာမဲ့ မြန်မာလုပ်သား ၁၀၈ ဦးတင်ဆောင်လာသော ကွန်တိန်နာ ကန်ချနဘူရီတွင်ဖမ်းမိ

CoverLogo
27 Views
 
ထိုင်းနိုင်ငံ ကန်ချဘူရီမြို့တွင် တရားမဝင်မြန်မာလုပ်သား ၁၀၈ ဦးကိုတင်လာသော အလုံပိတ်ကုန်သေတ္တာကားအား အောက်တိုဘာ ၁၁ ရက်နံနက်ပိုင်းတွင်ဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
 
ကန်ချနဘူရီမြို့ Ban Khao Meng Road လမ်းပေါ် ခေါင်မင်ဘန်းကြီးကျောင်းရှေ့မှာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်အဝေးပြေးလမ်းရဲတပ်ဖွဲ့ဝင်များမှ အလုံပိတ်ကုန်ကားအားစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကားအတွင်း မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ကျား ၆၄ဦး ၊မ ၃၈ဦးနှင့်ကလေး၆ဦးတို့ကို ယာဥ်မောင်းတစ်ဦးနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
 
မြန်မာအလုပ်သမား တွေဟာ ထိုင်းမြန်မာနယ်စပ်ကိုလှေဖြင့် ဖြတ်ကျော်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းဘက် ထောင်းဖာဖူမ်ဒေသ သို့ရောက်ရှိခဲ့ကာ ထိုင်းနိုင်ငံရှိအခြားဒေသများသို့သွားရန် လိုက်ပါခဲ့ခြင်း​ဖြစ်ကြောင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီအရေးယူကာ မြန်မာနိုင်ငံသို့ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် မျက်လုံး နှင့် လက်ချောင်း ဆုံးရှုံးသွားတဲ့ မြန်မာလုပ်သား ၂ ဦး အား အလုပ်ရှင်မှတာဝန်ယူမှုမရှိသဖြင့်တိုင်ကြား
Oct 12, 2025
Cover
ပန်းရောင်ကတ် ဘတ်အသစ် အတွက် ကုန်ကျစရိတ် အစိုးရသတ်မှတ်ဈေးထက် ပြင်ပတွင် ၃ ဆခန့်ပိုပေးနေရ
Oct 12, 2025
Cover
မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ (ရုပ်သံသတင်း)
Oct 10, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၇၀၀ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံလွှဲပို့ပေးခဲ့ (ရုပ်သံသတင်း)
Oct 10, 2025
Cover
ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး (ရုပ်သံသတင်း)
Oct 10, 2025
Cover
မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ
Oct 10, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၇၀၀ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံလွှဲပို့ပေးခဲ့
Oct 10, 2025
Cover
ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး
Oct 10, 2025