NEWS

အထည်ချုပ်အလုပ်သမားများကို ထောက်ပံ့မည့် အနုပညာပြိုင်ပွဲ ကျင်းပမည်

CoverLogo
1.1K Views

မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေကို ထောက်ပံကူညီမယ့်  အနုပညာပြိုင် တစ်ခုကို ပြုလုပ်သွားမယ် #Sister2Sister အဖွဲ့ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီ ၆ ရက်က ရေးသားထားပါတယ်။

အဲဒီ ပြိုင်ပွဲကို “အထည်ချုပ်အလုပ်သမားတွေလို ရင်ဆိုင်တော်လှန်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့  ပြုလုပ်သားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အနုပညာပြိုင်ပွဲက ဆုရရှိသူ စာရင်းကိုတော့ မြန်မာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေရဲ့ ပထမဆုံး နှစ်ပတ်လည်ကို  အသိအမှတ်ပြုတဲ့ အနေနဲ့  ဖေဖော်ဝါရီလ ပထမအပတ်အတွင်း  ထုတ်ပြန်ကြေညာပြီး #StartARiArt တွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံတွေမှာ  အလုပ်သမားတွေ ကြုံတွေနေရတဲ့ စနစ်တကျ ဖိနှိပ်ခံရတာ၊ ရပိုင်ခွင့် အခွင့်အရေးတွေ ငြင်းဆန်ခံရတာနဲ့ လုပ်အားခ မညီမျှမှတွေအပေါ် နားလည်သဘောပေါက်မှု မြင့်တက် လာစေဖို့ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုံဆော်တဲ့အနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပတာဖြစ်ပြီး အနိုင်ရရှိသူ သုံးဦးကို Sisters2Sisters အဖွဲ့က  ဒေါ်လာ တစ်ရာစီ ချီးမြှင့်မယ်လို့ သိရပါတယ်။  

ပြိုင်ပွဲအနုပညာပစ္စည်းတွေကို လက်မှုပစ္စည်းတွေ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

အဲဒီလို ရောင်းချလို့  ရရှိမယ့် အမြန်အစွန်းအားလုံးကို မြန်မာ အတည်ချုပ် အလုပ်သမားတွေကို ထောက်ပံ့ကူညီမှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ဆုရရှိသူတွေကို  #Sisters2Sisters အဖွဲ့ဝင်တွေ၊ StartARiArt အဖွဲ့ဝင်တွေနဲ့ စက်ရုံအလုပ်သမား ကိုယ်စားလှယ်တွေက  စုပေါင်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။


Related posts

Cover
SDI Manufacturing စက်ရုံချိုးဖောက်မှုအား ကောလာဟလ ဟု အလုပ်သမားရုံးတာဝန်ရှိသူက ပြောဆို ၊ လက်ရှိ ဓါတ်လိုက်မှုများအား စက်ရုံမှ ပြုပြင်ခြင်းမရှိ
Jun 25, 2025
Cover
Myanmar Huasheng Kefu Fashion အထည်ချုပ် ရက်တွက် ဒေးကြေးလျှော့ပေး
Jun 24, 2025
Cover
True Green city စက်ရုံ အလုပ်သမား ရုံးတိုင်လို့ဆိုပြီး အလုပ်ထုတ်ခံရ
Jun 24, 2025
Cover
DongXin စက်ရုံအမျိုးသမီးလုပ်သားများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရပြီး တာဝန်ရှိသူများ အကာအကွယ်မပေး ဟုဆို
Jun 23, 2025
Cover
Prettex Myanmar စက်ရုံ အထည်ကြေး ရက် ၂၀ ကျော် ကြာသည်အထိ ရှင်းမပေး
Jun 22, 2025
Cover
S.H UNITED COMPANY LIMITED လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်နေ
Jun 22, 2025
Cover
မြန်မာနိုင်ငံသား ၃၀ ကျော် လက်ခံထားသည့် ထိုင်းကျောင်းထိုင်ဘုန်းကြီးအဖမ်းခံရ
Jun 22, 2025
Cover
Chi Mai အထည်ချုပ်စက်ရုံမှူး ဆဲဆို ခြိမ်းခြောက် ခိုင်းစေ
Jun 21, 2025