NEWS

အထည်ချုပ်စက်ရုံလုပ်သားတွေ ရှင်သန်စရိတ် လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုတွေဆက်တိုက်ရှိလာ

CoverLogo
610 Views
 
ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့ နေထိုင်စားသောက်မှုအခက်ခဲတွေကြောင့် အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေအနေနဲ့ လုပ်ခလစာလုံလောက်မျှတဖို့ လစာတိုးပေးရန်တောင်းဆိုမှုတွေ ယခုအချိန်မှာဆက်တိုက်ရှိလာနေပါတယ်။
 
ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်တွေက စက်မှုဇုန်အထည်ချုပ်စက်ရုံတွေအပြင်၊ ပဲခူးတိုင်း၊သာယာဝတီမြို့ကအထည်ချုပ်စက်ရုံ‌တွေ စတဲ့ စက်ရုံပေါင်း အနည်းဆုံး ၁၂ခု မှာ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာ Dayကြေး၊OTအချိန်ပိုကြေးနဲ့ ရက်မှန်ကြေးတွေကို တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်လာကြရာမှာ စက်ရုံအချို့က တောင်းဆိုတဲ့လစာအတိုင်းမရကြပေမယ့် တောင်းဆိုတဲ့လစာနီးပါးကို ညှိနှိုင်းသဘောတူမှုတွေရခဲ့ကြသလို အချို့လည်းလက်ရှိအချိန်အထိတောင်းဆိုတဲ့အတိုင်းမရကြသေးပဲညှိနှိုင်းနေကြဆဲဖြစ်တယ်"လို့ သိရပါတယ်။
 
" လက်ရှိ အခြေခံလို့သတ်မှတ်ထားတဲ့အနည်းဆုံးအခကြေးငွေ (၆၈၀၀) ကျပ် က အခုခေတ်ရဲ့ ကုန်ဈေးနှုန်းအနေနဲ့ လုပ်သား ၁ဦးအတွက်တောင်ဖူလုံမှုမရှိတော့ပါဘူး၊လစာမတိုးပဲ ကုန်ဈေးနှုန်းတက်တဲ့အတွက်လည်းစက်ရုံလုပ်သားတွေအနေနဲ့အခုချိန်မှာတောင်းဆိုမှုတွေစလုပ်လာတာပါ၊မြန်မာနိုင်ငံကအထည်ချုပ်စက်ရုံတွေဟာ CMP လက်ခစားစနစ်နဲ့ ပြည်ပတင်ပို့တဲ့ တံဆိပ်တွေအတွက် အဝတ်အထည်၊ အိတ် ၊ ဖိနပ်တွေကိုချုပ်လုပ်တာဖြစ်သလို စက်ရုံရဲ့လုပ်ငန်းခွင်ထဲမှာပဲ အခြေခံချုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့လစာနဲ့ စက်ရုံအုပ်ချုပ်ရေးပိုင်းတွေရဲ့လစာက တန်းတူညီမျှဖြစ်မနေတဲ့အတွက်အခြေခံ လစာတိုးပေးရေးတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်"လို့ အထည်ချုပ်အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အလုပ်သမားအဖွဲ့အစည်းအ‌ရေး‌ဆောင်ရွက်နေတဲ့ STUM ရဲ့ဖော်ပြချက်အရ ဇွန်လ၂ရက်နေ့က အင်းစိန်မြို့နယ်က Golden Color Fashion အထည်ချုပ် နေ့စားလုပ်ခတိုးပေး တာမှာ ယခင် Day ကြေး၉၀၀၀ ကျပ် ကနေDay ကြေး ၁၂၀၀၀ ကျပ်တိုးပေးလိုက်တာဖြစ်ပြီးGolden Color Fashion အထည်ချုပ် အလုပ်သမား ၀န်ထမ်းများကိုယ်စားအလုပ်သမားသမဂ္ဂ ရဲ့ ကိုယ်စားတောင်းဆိုမှုမှ ရ ရှိခဲ့လို့ ဂုဏ်ယူစွာနဲ့မှတ်တမ်းတင် ခဲ့တယ်လို့ဖော်ပြထားပါတယ်။
 
"အခြေခံစက်ရုံ လုပ်သား အများစုအ‌နေနဲ့သာမန်နေထိုင်မကောင်းဖြစ်တဲ့အခါ အတိုးနှုန်းများပြားတဲ့ ချေးငွေများချေးယူရခြင်းများကြောင့် အကြွေးနွံထဲတွင် သံသရာလည်နေရတာတွေရှိပြီး ခေတ်ကာလအရ လစာငွေ နှိမ်ပေးထားတဲ့အတွက်စားဝတ်နေရေးကျပ်တည်းကာ ဒုက္ခရောက်ရတာတွေရှိလို့လုံလောက်မျှတတဲ့ တစ်နေ့လုပ်ခ အနည်းဆုံးအခကြေးငွေ နှုန်းထားတစ်ခုကို ခေတ်ကာလ ကုန်စျေးနှုန်းနဲ့အညီ သတ်မှတ်ပေးနိုင်မှ လုပ်သားများအတွက် နေထိုင်မှုစရိတ် လုံလောက်မျှတမှာဖြစ်ပါတယ်။
 
လုပ်ခလစာ လုံလောက်မျှတပါက လုပ်ငန်းအေးချမ်းသာယာပြီး နိုင်ငံပြင်ပသွားရောက်လုပ်ကိုင်ခြင်းများ လျော့နည်းလာမှာဖြစ်ပါတယ်။ "လို့ အထည်ချုပ်စက်ရုံ လုပ်သားအများစုကဆန္ဒပြုပြောကြားထားပါတယ်။
 
အထည်ချုပ်လုပ်သားတွေ အနေနဲ့ လစာတိုးပေးဖို့တောင်းဆိုမှုတွေကိုဧပြီလကုန်က စတင်ပြုလုပ်ခဲ့ရာ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံ ၅ရုံမှာ လုပ်ခလစာDay ကြေး ၁၁၀၀၀ကျပ်နဲ့ အချိန်ပိုကြေးOT ၂၂၀၀ကျပ်ခံစားခွင့်တွေတိုးမြှင့်ပေးမယ့်သဘောတူညီချက်တွေရရှိခဲ့ကာ၊ ထပ်မံပြီးရွှေပြည်သာက Bontech ၊True Greenနဲ့ joy Time အထည်ချုပ်စက်ရုံတွေလည်း လုပ်ခလစာDay ကြေး ၁၁၀၀၀ ကျော်နဲ့ OTအချိန်ပိုကြေး၂၀၀၀ ကျော် သတ်မှတ်ရရှိခဲ့ရာ လှိုင်သာယာမြို့နယ်က ချန်းရိစက်ရုံ လည်း လုပ်ခလစာတောင်းဆိုမှု ရရှိခဲ့ကြောင်း STUM က ဖော်ပြထားသလို ပဲခူးတိုင်း ၊သာယာဝတီက ဂုံမင်းမြောင်ဟွာရှိန်အထည်ချုပ်စက်ရုံမှာလည်းDayကြေး ၁၁၅၀၀ကျပ်နဲ့အချိန်ပိုကြေး ၂၁၀၀ ကျပ်နဲ့ညှိနှိုင်းမှုရရှိခဲ့ပြီး ရွှေပြည်သာမြို့နယ် ထဲက Myanmar postarion စက်ရုံအနေနဲ့ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြုနေကြသေးတယ်လို့သိရပါတယ်။
 
အထက်ပါ လုပ်ခလစာတိုးမြှင့်ရေး မှာအထည်ချုပ်လုပ်သားတွေ ဆန္ဒပြုခဲ့တဲ့ လစာ Day ကြေး၁၃၀၀၀ကျပ် နဲ့ OT‌ ကြေး ၂၅၀၀ကျပ်အစား အများစုသော စက်ရုံလုပ်ငန်းရှင်များက လစာ Day ကြေး၁၁၅၀၀ကျပ် နဲ့ OT‌ ကြေး ၂၁၀၀ကျပ် ကိုသာလျော့ချသတ်မှတ်ပြီးလစာတိုးပေးခဲ့တာလို့လည်း သိရပါတယ်။
 

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026