NEWS

အထည်ချုပ်ကဏ္ဍ ဒေါ်လာ ၄.၇ ဘီလီယံ ဝင်ငွေ ရှိခဲ့ပေမဲ့ မြန်မာအလုပ်သမားအတွက် လစာ ၆ ရာခိုင်နှုန်းအောက်သာ အသုံးပြု

CoverLogo
747 Views

မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၁၁ လအတွင်း ဝင်ငွေဒေါ်လာ  ၄.၇ ဘီလီယံ ဝင်ငွေရှိခဲ့ပေမဲ့ အလုပ်သမား ၄၅၀,၀၀၀ ရဲ့ လစာအတွက် ၆ ရာခိုင်နှုန်းအောက်သာ အသုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။  

ဥရောပ အလုပ်သမားသဂ္ဂများ အဖွဲ့ချုပ် တည်ထောင်ခြင်း နှစ် ၅၀ ပြည့် နဲ့  ETUC ၁၅  ကြိမ်မြောက် ညီလာခံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့် ညီလာခံကို တက်ရောက်ပြီး   ဥရောပ ပါလီမန် အမတ်တွေနဲ့ တွေဆုံစဉ် ပြောကြားခဲ့တာလို့ CTUM က မေလ ၂၃ ရက်မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
 
EU ကော်မရှင်က မြန်မာနိုင်ငံကို ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်၊ ကုန်သွယ်ခွင့် EBA ကို ရုတ်သိမ်းပေးဖို့နဲ့  EBA ကို ဆက်လက်ထိန်းသိမ်းထားတာက  စစ်တပ်၊ ကုန်အမှတ်တံဆိပ်တွေ(Brands)နဲ့ တရုတ်လုပ်ငန်းရှင်တွေကိုသာ အကျိုးရှိနေတယ်လို့ ဥရောပပါလီမန် အမတ် GABI Schoff နှင့် Nikolaj Villunsem တို့နဲ့  မေလ ၂၃ ရက်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။  

EU ကော်မရှင်က  အကောင်အထည်ဖော်နေတဲ့ (SMART Myanmar/ Made in Myanmar) စီမံချက်ကလည်း အထည်ချုပ်လုပ်သားများအတွက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေ ဖြစ်စေရည်ရွက်ချက်ရှိပေမဲ့ အကျိုးမရှိတဲ့အပြင် စစ်တပ်ကို ဘဏ္ဍာရေးနဲ့ အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုဖို့  ဆောင်ရွက်တဲ့ စီမံချက် ဖြစ်တယ်လို့ အထောက်အထားနဲ့ တကွ ရှင်းလင်းခဲ့ ပါတယ်။ ဒါ့ကြောင့်လည်း EU ရဲ့  ဖွံ့ဖြိုးရေး စီမံချက်တွေက မြန်မာ့ဒီမိုကရေစီရေးအတွက် အတားအဆီးဖြစ်တယ်လို့ ပြောဆိုပါတယ်။

စစ်တပ်က မြန်မာနိုင်ငံအတွင်း ဝင်လာတဲ့ နိုင်ငံခြား ဝင်ငွေတွေကို ပြည်သူတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ သတ်ဖြတ် ပြီး ၊ ရပ်ရွာတွေကို မီးရှို့တဲ့ နေရာတွေမှာ အသုံးပြုနေတဲ့အပြင် လက်နက်တွေ၊ စစ်သုံးယာဉ်တွေ ၊ လက်နက်တွေ၊  စက်သုံးဆီတွေ ဝယ်ယူရာတွင် အသုံးပြုနေလို့တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် EU ကော်မရှင်က EU စံနှုန်း လုပ်ထုံး လုပ်နည်းတွေနဲ့ မညီတဲ့ လုပ်ဆောင်မှုတွေကို စစ်ဆေးပြီး  မြန်မာနိုင်ငံအတွင်း  စံနှုန်း ဥပဒေတွေနဲ့ အညီ လုပ်ဆောင်စေဖို့  တောင်းဆိုခဲ့တယ်လို့ CTUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026