NEWS

အစိုးရဝန်ထမ်းများကို အပိုထောက်ပံ့ကြေး ခေါင်းစဉ်ဖြင့် ကျပ် ၃၀၀၀၀ တိုးပေး ပုဂ္ဂလိကကဏ္ဍအတွက် သတင်းထုတ်ပြန်ခြင်း မရှိသေး

CoverLogo
901 Views

အစိုးရဝန်ထမ်းများကို အပိုထောက်ပံ့ကြေး ခေါင်းစဉ်ဖြင့် ကျပ်သုံးသောင်း တိုးပေးရန် ဒီကနေ့ (စက်တင်ဘာလ ၃၀)ရက်မှာ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် ပုဂ္ဂလိကကဏ္ဍအတွက် သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။ 

အစိုးရဝန်ထမ်းတွေကို လာမယ့်အောက်တိုဘာလကစတင်ပြီး အပိုထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ကျပ်သုံးသောင်း တိုးပေးမှာဖြစ်ပြီး ဌာနဆိုင်ရာမှာ အလုပ်လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကို တစ်ရက်အလုပ်ချိန် (၈)နာရီ အတွက် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။ 

ဒီလိုတိုးမြှင့်ပေးတာနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဝန်ထမ်းတွေအတွက် သတင်းတစ်စုံတစ်ရာ ထွက်ပေါ်နေတာတော့ မရှိသေးပါဘူး။ အစိုးရဝန်ထမ်းတွေကို လုပ်ခလစာ တိုးပေးမယ့်သတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။ 

“ပြောမယ်ဆို အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်ရမယ့်အချိန်က တော်တော်ကျော်နေပြီ။ ဝန်ကြီးဌာနက မသိချင်ယောင် ဆောင်နေတယ်။ အခုကျ အစိုးရဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးဆိုတဲ့ခေါင်းစဉ်နဲ့ တိုးပေး မယ်ဆိုတာ လူလည်ကျတာလို့ပဲ မြင်တယ်။ တကယ်ဆို ခေတ်နဲ့ညီမျှတဲ့ လုပ်ခလစာကို အစိုးရကော၊ ပုဂ္ဂလိကကို ပါ တိုးပေးရမှာ”လို အခြေခံစက်ရုံသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်‌ေယာက်က ပြောပါတယ်။ 

ပြည်တွင်းမှာ တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် (၄၈၀၀)ကျပ် သတ်မှတ်ပေးထားတာဖြစ်ပြီး လက်ရှိမှာတော့ စက်ရုံတစ်ချို့မှာ ကျပ်(၅၆၀၀)ကနေ (၇၀၀၀)အထိ တိုးပေးနေတယ်လို့ သိရပါတယ်။ 

ပြဌာန်းထားတဲ့ အနည်းဆုံး အခကြေးငွေဥပဒေအရလည်း ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာ ပေးချေရမှာ ဖြစ်ပေမယ့် အလုပ်ရှင်တွေကတော့ ကျပ်တစ်ထောင်ကျော်သာ တိုးပေးနေတာ ဖြစ်ပါတယ်။ 

“တကယ်ဆို တစ်နေ့တစ်သောင်းလောက်ရမှ ကုန်ဈေးနှုန်းနဲ့ အဆင်ပြေမှာလေ။အခုကျ အချိန်ပိုတွေ နေ့ကော၊ ည ပါ ဆင်းနေတာတောင် စားဝတ်နေရေးက အဆင်မပြေဘူး။ အခုဝန်ထမ်းတွေလစာတိုးတယ်ဆို ကုန်ဈေးနှုန်း ထပ် တက်မလားလည်း စိတ်ပူရတယ်။ သူတို့တိုးပေးတာက တစ်ထောင်လောက်နဲ့ ကိုယ်တွေပြန်ဝယ်ရတာ နှစ်ဆ မကတဲ့ဈေးတွေ ကြုံရတော့မယ်”လို့ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်‌ေယာက်က ပြောပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းက အလုပ်သမားတွေဟာ ဉပဒေပါအခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေ ကို ရင်ဆိုင်နေရသလို လုပ်ခလစာ မလုံလောက်မှုကြောင့် စားဝတ်နေရေး ပိုမိုခက်ခဲလာနေတာပဲ ဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026