NEWS

အစိုးရဝန်ထမ်းထောက်ပံ့ကြေး တိုးပြီးနောက် ရွှေတကျပ်သား ၆၅ သိန်းကျပ်ထိ စံချိန်တင်မြင့်တက်

CoverLogo
679 Views

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက အစိုးရ၀န်ထမ်းတွေအတွက် ထောက်ပံ့ကြေးကျပ် ၃၀၀၀၀ တိုးမြင့်ပေးခဲ့ပြီးနောက် ရွှေနဲ့ဒေါ်လာဈေးမြင့်တက်လာရာ မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ်သိန်း ၆၅ သိန်းအထိ  စံချိန်တင်မြင့် တက်လာခဲ့တာဖြစ်ပါတယ်။  

"ရွှေဈေးကွက်ကပျက်နေပါပြီ။ သူတို့အတက်ဈေးနဲ့ပဲအရောင်း၀ယ်လုပ်လို့မရဘူး။  ဈေးဖွင့်တာပဲရှိတယ်။  အရောင်းအဝယ် သိပ်မတွေ့ရဘူး။ ပွဲစားတွေရဲ့ အတိုးအလျှော့နဲ့ ရွှေလုပ်ငန်းရှင်တွေရဲ့ဈေးကစား တာတွေရှိသေးတယ်။ ဒေါ်လာဈေးတက်လို့ရွှေဈေးလိုက်တက်ပဲပြောရမလား ခက်တော့ခက်တယ်" လို့လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်၂၂ ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၉၅  ရှိပြီး  ပြင်ပရွှေဈေးကွက်မှာတော့  ဇူလိုင်၂၂ရက်နဲ့၂၃ရက်နေ့ရဲ့ ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉သိန်း ကျပ် အထိရှိခဲ့ကာ  ဇူလိုင်၂၄ရက်နေ့မှာတော့ ၅၉သိန်း ၈ သောင်း သို့ရှိနေခဲ့တာဖြစ်ပြီး ဇူလိုင်၂၅ရက်နေ့မှာ သိန်း၆၀ ကျပ် ၀န်းကျင်အထိရောက်ရှိလာခဲ့တာပါ။ 

အဲ့ဒီနောက် ဇူလိုင်၂၆ရက်စစ်ကောင်စီကနေ အစိုးရ၀န်ထမ်းတွေကိုထောက်ပံ့ကြေး ဒုတိယအကြိမ်တိုးမြင့်ပေးခဲ့ပြီးနောက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၆၀ အထက်သို့ မြင့်တက်လာခဲ့တာဖြစ်သလို ဇူလိုင် ၃၀ ရက်နေ့ညနေမှာတော့ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅သိန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ဇူလိုင်၂၂ရက်နေ့ရဲ့ ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄,၈၀၀ ကျပ်ဖြစ်ပြီး ဇူလိုင်၂၃ရက်မှာ ၄၉၀၀ကျပ်၊ ဇူလိုင်၂၄ရက်နေ့မှာ ၄၉၈၀ကျပ်ဖြစ်ကာ ဇူလိုင်၂၅ရက်မှာ ၅၀၀၀ ကျပ်အထိဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဇူလိုင်၂၆ရက်စစ်ကောင်စီ အစိုးရ၀န်ထမ်းတွေကိုထောက်ပံ့ကြေး ဒုတိယအကြိမ်တိုးမြင့်ပေးခဲ့ပြီးနောက် ဇူလိုင် ၂၇ရက်နေ့မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်၅၁၅၀ အထိဖြစ်လာခဲ့တာဖြစ်သလို ဇူလိုင် ၂၉ရက်နဲ့ ဇူလိုင် ၃၀ ရက်မှာတော့  တစ်ဒေါ်လာ ၅,၂၀၀ ကျပ်ကနေ  ၅၄၀၀ ကျပ်အထိရှိလာခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီက ၂၀၂၃ အောက်တိုဘာက နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ၃၀,၀၀၀ ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာလည်း  ဩဂုတ်လကစတင်ကာ နောက်ထပ်ထောက်ပံ့ကြေးကျပ်  ၃၀,၀၀၀ ထပ်မံတိုးမြှင့်ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် ၂၆ရက်က   ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီလိုမျိုး ၀န်ထမ်းလစာတိုးမြင့်မှုနဲ နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေမျိုးကြောင့် ကျပ်ငွေတန်ဖိုးကျပြီး နိုင်ငံခြားငွေဈေးမြင့်တက်လာကာ ဒေါ်လာဈေးမြင့်တက်မှုနဲ့ဒေါ်လာရှားပါးမှုအခြေအနေတွေရဲ့နောက်ဆက်တွဲတွေကြောင့်  ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့လည်း သူံသပ်ပြောဆိုတာတွေရှိပါတယ်။ 

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က နိုင်ငံခြားငွေအလုံးအရင်းလိုက် အလုံလောက်ထုတ်ရောင်းချနိုင်မှုမရှိတာကြောင့် ဒေါ်လာအလွယ်တကူ၀ယ်ယူရရှိရန်ခက်ခဲသလို  ကုန်သည်ထံများထံက  ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ၁ ဒေါ်လာ ၂,၁၀၀ ကျပ် နှုန်းဖြင့်သာ ဖြတ်ယူနေဆဲဖြစ်ပြီး  ကျန် ၆၅ ရာခိုင်နှုန်းကိုမူ ဈေးကွက်ပေါက်ဈေးဖြင့် ၎င်းတို့လက်အောက်မှာထိန်းချုပ်ထားတဲ့ ငွေရေးကြေးရေးကုမ္ပဏီတွေမှာ စိတ်တိုင်းကျပြန်လည် ရောင်းချခွင့်ပေးထားတာဖြစ်ပါတယ်။ 

ပြည်ပရောက်အလုပ်သမားများ၏ လစာငွေကို တစ်ဒေါ်လာလျှင် ၃၃၀၀ ကျော်ဖြင့်သာ၀ယ်ယူတယ်လို့သိရပြီး  ပြည်ပသို့ထွက်ခွာနေကြတဲ့သူတွေအတွက် အလုံးအရင်းလိုက်များပြားနေသလို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဒေါ်လာလိုအပ်မှုကလည်းများပြားနေတာကြောင့်  အသုံးပြုရန်လိုအပ်နေတဲ့ ဒေါ်လာဝယ်ယူသူ များပြားနေကာ ဒေါ်လာရှားပါးနေကာ ၀ယ်လိုအားများနေတဲ့ဒေါ်လာဖြင့် တွက်ချက်ပြီး ဈေးသတ်မှတ်တဲ့ ရွှေဈေးလည်း တစ်ကျပ်သား ကျပ်သိန်း ၆၀ အောက်ကနေ ၆၅ သိန်းအထိဈေးမြင့်လာတာလို့ သိရပါတယ်။ 

သို့ပေမဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ရန်ကုန်တိုင်းရွှေအသင်းရဲ့ သတ်မှတ်ရွှေဈေးမှာတော့ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၆ သိန်း ၄သောင်းကျော်သာသတ်မှတ်ထားရာပြင်ပပေါက်ဈေးနဲ့ ကျပ်သိန်း ၂၀ အထိ ကွာဟလာတာပဲဖြစ်ပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026