NEWS

Tianjin Fashion Milestone စက်ရုံ ကြိုပို့ယာဉ် နောက်ကျမှု အလုပ်သမားများ အခက်တွေ့

CoverLogo
628 Views
 
Tianjin Fashion Milestone က ပါ။
ဖယ်ရီ (ကြိုပို့)ယာဉ်တွေ အဆင်မပြေလို့ပါ။
 
စက်ရုံဘက်ကတော့ လိုအပ်သလောက် ကားအစီးရေ အပြည့် ပေးတယ် ပြောပါတယ် ။ စက်ရုံမှာ လူဦးရေ ၁၃၀၀ ကျော်ရှိပါတယ် ။ ဖယ်ရီ အစီးရေ ၃၂ စီးသုံးပါတယ်။
 
အခုက ဖယ်ရီတွေ နောက်ကျနေတာပါ။ ဖယ်ရီတွေက မနက်ပိုင်းဆို သတ်မှတ်ဂိတ် နေရာတွေကို သတ်မှတ်အချိန်တိုင်း မရောက်ပါဘူး။ စက်ရုံကိုလည်း ၇ နာရီ ၄၀၊ ၇ နာရီ ၄၅ လောက်မှ ရောက်ပါတယ်။
 
အလုပ်ဝင်ချိန်က မနက် ၇ နာရီခွဲ ပါ။ ဖယ်ရီနောက်ကျတာက ညီမတို့ မနက်စာ မစားရတော့ပါဘူး။ ဖယ်ရီက နောက်ကျလို့ စက်ရုံဝင် နောက်ကျတာ ပြဿနာ မဖြစ်ပေမဲ့၊ ထမင်းစားဆောင်မှာ HR ဝန်ထမ်းတွေ က ရပ်စောင့်နေပါတယ်။ မနက်စာ စားဖို့ မရတော့ပါဘူး။ ဒါက နေ့တိုင်းလို ဖြစ်နေတာပါ။
 
နေ့လယ်ထမင်းစားချိန်က ၁၂ ဝန်းကျင်ဆိုတော့ ညီမတို့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ကြာရင် အစာအိမ်ထိခိုက်မှာ စိုးရိမ်ရပါတယ်။
 
ညဘက် ၆ နာရီခွဲ (အချိန်ပို ၇ နာရီခွဲ) မှာ စက်ရုံက အလုပ်ဆင်းပါတယ်။ ဖယ်ရီကားအချိန်မီ ရောက်မလာပါဘူး ။ ဖယ်ရီကားကို ညီမတို့က ပြန်စောင့်ရပါတယ်။ ဒီလို မိုးတွင်းဆို စက်ရုံရှေ့စောင့်ရတဲ့ နေရာမှာ ရေတွေ ပြည့်နေ ပါတယ်။ မြွေပါးကင်းပါး စိုးရိမ်ရတာပါတယ်။
 
ဖယ်ရီတွေက ၇နာရီ(၈ နာရီ) ဝန်းကျင်မှ ရောက်လာပါတယ်။ နေအိမ်ပြန်ရတာလည်း အိမ်ရှေ့တန်းမရောက်တော့ နောက်ကျရပါတယ်။ ဒီအချိန်က စစ်ဆေးရေးတွေလည်း ရှိပါတယ်။ လုံခြုံရေးလည်း စိုးရိမ်နေရတာပါ။
ဖယ်ရီကားတွေမှာ အရမ်းငယ်တဲ့ ကားတွေကို သုံးထားပါတယ်။ အလုပ်သမားတွေမှာ အောက်မကျရုံ တမယ် လိုက် စီးနေရတာပါ။
 
ဖယ်ရီကား အဆင်မပြေလို့ အချိန်ပို မဆင်းရင်လည်း ခေါင်းဆောင်တွေက စောင်းမြောင်းပြောဆိုတာခံရပါတယ်။
အထည်စံချိန်တွေ အလွန်တောင်းပြီး သူဌေးဘက်သာ ကြည့်တဲ့ ခေါင်းဆောင်တွေကြောင့်လည်း အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။
 
ဖယ်ရီကားအဆင်မပြေလို့ ခေါင်းဆောင်တွေ၊ WCC အဖွဲ့ဝင်တွေ ၊ဖယ်ရီကားကိုင်တဲ့ HR တွေကို တင်ပြပါတယ်။ ထူးခြားပြောင်းလဲလာတာ မရှိပါဘူး။
 
အလုပ်သမားတွေကို ပြန်ကြည့်ပေးဖို့ပါ ရှင့်။
(Tianjin Fashion Milestone Garment အထည်ချုပ် စက်ရုံက ရန်ကုန်မြို၊ လှိင်သာယာ မြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခတိုးမြှင်ပေးဖို့ အလုပ်သမားတောင်မှု ဖြစ်ပွားခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။ လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး VERO MODA အမှတ်တံဆိပ် ချုပ်နေတယ်လို သိထားပါတယ်။)

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026