NEWS

အင်းစိန်အကျဥ်းထောင်မှာ သေဒဏ်ချမှတ်ခံရသူစာရင်းတစ်ရာကျော်ရှိနေပြီး သေဒဏ်အပေါ်ထပ်မံစီရင်မှုတွေရှိနေ

CoverLogo
1.3K Views

အင်းစိန်အကျဥ်းထောင်မှာ အင်းစိန်အကျဥ်းထောင်မှာ သေဒဏ်ချမှတ်ခံရသူစာရင်းတစ်ရာကျော်ရှိနေပြီး ဇူလိုင်၂၅ရက်နောက်ပိုင်း  သေဒဏ်စီရင်မှုတွေ ထပ်မံစီရင်မှုတွေရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းအဖွဲ့မှ သိရပါတယ်။

"အခုက သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားက ရာနဲ့ချီပြီးရှိတယ်။ မျက်ကွယ်ရောမျက်မြင်ရောပေါ့။ ဇူလိုင်၂၅ရက်နောက်မှာတင်ကိုပဲ သေဒဏ်စီရင်မှုတွေရှိနေတယ်ဆိုတာ ထောင်နဲ့နီးစပ်သူတွေဆီကနေ သိရတယ်။ ဘယ်နှစ်ယောက်ကိုစီရင်လိုက်ပြီလဲဆိုတာတော့ အတိအကျမသိရသေးတာပဲရှိတယ်"လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။

ဇူလိုင် ၂၃ရက်က အင်းစိန်အကျဥ်းထောင်မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အကျဥ်းထောင်အာဏာပိုင်တွေက စီရင်ခဲ့ပြီးနောက်မှာ ထပ်မံ၍ စီရင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၅ရက်နောက်ပိုင်းမှာ သေဒဏ်စီရင်ခံရတာ ၁၀ယောက်ကျော်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

အခုလို နိုင်ငံရေးအကျဥ်းသားတွေအပေါ် သေဒဏ် ချမှတ်စီရင်ခဲ့တဲ့အတွက် ဇူလိုင် ၂၅ရက်မှာအကျဥ်းထောင်အသီးသီးမှာရှိတဲ့ အကျဥ်းသားတွေက ဆန္ဒပြမှုတွေ ဆူပူမှုတွေ လုပ်ဆောင်ခဲ့တာကြောင့်  ထောင်အာဏာပိုင်တွေက ပစ်ခတ်နှိမ်နှင်းတာ၊  ဝိုင်းရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တာ ကြောင့်  အကျဥ်းသားအချို့အပြင်းထန်ဒဏ်ရာရရှိမှုတွေရှိတယ်လို့လည်း ၎င်းပြောဆိုချက်အရ သိရပါတယ်။

''လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ  တစ်သောင်းကျော်ပါပြီ။ ဒါကလက်လှမ်းမီသလောက်ပါပဲ။ လက်လှမ်းမမီတဲ့ ဖမ်းဆီးသတ်ဖြတ်ညှင်းပန်းနှိပ်စက် အလောင်းဖျောက်ဖျက်လိုက်တာကရော ဘယ်လောက်အထိရှိနေမလဲဆိုတာ သူတို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်''လို့ဆိုပါတယ်။

လက်ရှိမှာ တရား၀င်အချက်အလက်တွေစုစောင်းထားချက်အရလက်ရှိ AAPP ရဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရသူဦးရေဟာ ၇၂ဦးရှိပြီး  မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၁ဦး၊စုစုပေါင်းသေဒဏ် ၁၁၃ ဦးချမှတ်ခံထားရတာပဲဖြစ်ပါတယ်။

အကျဥ်းထောင်အသီးသီးမှာ ဖမ််းဆီးခံရတဲ့သူများ တစ်သောင်းကျော်ရှိပြီး   အဲ့ဒီဖမ်းဆီးခံထားရတဲ့သူထဲမှာမှ ပုဒ်မအမျိုးမျိုးနဲ့ ဆွဲချက်တင်ဖမ်းဆီး ထောင်ချထားခံရသူက  ထောင်ချီရှိနေပါတယ်။

ယခုလို  လူဖမ်းပွဲတွေ  ကမ္ဘာကျော်လူသတ်ပွဲတွေဆက်လုပ်နေတာဟာ လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး ချိုးဖောက်နေခြင်းဖြစ်တဲ့အပြင်   ထောင်အသီးသီးမှာလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ခေါင်းမထောင်နိုင်အောင်ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ ဦးချိုးနေတဲ့ ယန္တယားသည်လည်း မြန်မာနိုင်ငံမှာရှိတဲ့ထောင်အသီးသီးမှာပဲဖြစ်တယ်လို့ဆိုပါတယ်။


 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026