NEWS

အင်းစိန်ထောင်အတွင်းရှိ အကျဉ်းသားများကိုဗစ်ကူးစက်မှုများပြားနေပြီး ထောင်ပြောင်းမှုတွေရှိနေ

CoverLogo
948 Views

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများဟာ  ကိုဗစ်၁၉ ကူးစက်မှုတွေရှိနေတာကြောင့်  အကျဉ်းသားတွေဟာ  ထောင်ပြောင်းရွှေ့တာ တွေပြုလုပ်နေတာဖြစ်တယ်လို့  အကျဉ်းသားရဲ့မိသားစု၀င်တွေဆီကနေ သိရပါတယ်။

"ထောင်ထဲမှာကိုဗစ်ရောဂါကူးစက်မှုတွေများနေတာကြောင့်  ထောင်ပြောင်းရမယ်လို့အကြောင်းကြားလာလို့  သွားတွေ့ခဲ့ပါတယ်။ ထောင်၀င်စာတွေသွားပို့ပေးခဲ့တာပါ။ ထောင်ပြောင်းရတာကတော့   အင်းစိန်ကလွဲရင်အခြားထောင်တွေက သက်သာတယ်လို့တော့ပြောတယ်။  ရဲဘက်ပါရင်သာဆင်းရဲတာပါ။  အင်းစိန်ကအနေဆင်းရဲအစားဆင်းရဲ အခြားကတော့သန့်လို့  ပိုကောင်းတယ်တော့ပြောတယ်။ ကိုဗစ်မဖြစ်သေးတဲ့သူတွေကိုရွှေ့ပေးတာဖြစ်နိုင်တယ်တဲ့  အခြားလူတွေလည်း ရွှေ့ပေးနေတာတွေလုပ်နေတယ်"လို့ အကျဉ်းသားတစ်ဦးရဲ့မိသားစု၀င်က ပြောပါတယ်။

အင်းစိန်အကျဉ်း ထောင်ထဲမှာအ ကျဉ်းသားတွေ ကိုဗစ်ဖြစ်ပွားမှုတွေရှိနေတာဖြစ်ပေမဲ့  အရေအတွက်အားဖြင့်မသိရှိနိုင်ဘဲ  ဆေးကုသမှုအနေနဲ့ ကိုဗစ်ကုသမှုပြုလုပ်ပေးနေတယ်လို့ ထောင်တွင်းနီးစပ်သူတစ်ဦးကဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၃ ရက်အထိ  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့  မှတ်တမ်းပြုစုထားချက်များ အရ  အာဏာသိမ်းချိန်မှ ယခုလစက်တင်ဘာလ ၂၃ ရက်အထိ အကြမ်းဖက်ဖမ်းဆီးခံထားရသူ စုစုပေါင်း (၁၂၅၀၀) ဦးရှိပြီး၊ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ်ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ စုစုပေါင်း (၇၆၀)ထက်မနည်းရှိခဲ့တယ် သိရပါတယ်။
 
ဒါ့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၁၉) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့မှတ်တမ်းများအရ သိရပါတယ်။

MyanmarLabourNews

AAPP

 


Related posts

Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026