NEWS

အခြေခံအလုပ်သမားတွေ ဆိုင်ဖျော်လဘက်ရည်တခွက် သောက်နိုင်ဖို့ အလှမ်းဝေးလာ

CoverLogo
707 Views

ကုန်ဈေးနှုန်းမြင့်တက်နေမှုတွေထဲက တစ်ခုဖြစ်တဲ့ ဆိုင်ဖျော် လက်ဖက်ရည်ဟာလည်း ဈေးမြင့်တက်လာတာကြောင့်  စက်ရုံအလုပ်ရုံနဲ့အခြေခံလက်လုပ်လက်စားတွေအနေနဲ့  ဆိုင်ဖျော်လက်ဖက်ရည်သောက်ဖို့အလှမ်းဝေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

လခစားဝန်ထမ်းတွေဖြစ်တဲ့ စက်ရုံအလုပ်ရုံလုပ်သားတွေ ၊ ကုမ္ပဏီက အောက်ခြေလုပ်သားတွေနဲ့ ခေါင်းရွက်ဗျက်ထိုး လုပ်ကိုင်သူတွေ နေ့စားအလုပ်သမားတွေဟာ ဆိုင်ဖျော်ကော်ဖီ သောက်ဖို့ အလှမ်းဝေးနေကြရပြီလို့ မေးမြန်းမှုတွေက နေ သိရှိရပါတယ်။

"အောင်မယ်လေး အမရယ် ပရီမီယာတစ်ထုပ်ကိုတောင်လေ ၄၀ဝဖြစ်နေပြီအစ်မ။ ကျွန်မတို့လေ ပရီမီယာ တစ်ထုပ်ကိုနှစ်ခါခွဲသောက်ရလိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထားဘူး။  ခုတော့တစ်ထုပ်၀ယ်ပြီးနှစ်ကြိမ်ခွဲသောက်နေရတယ်။ ဆိုင်ကလက်ဖက်ရည်က ပါဆယ်ဆိုနှစ်ထောင်လေ မသောက်နိုင်တော့ဘူး။ သောက်မဲ့အစား ကြက်သားလေးငါးလေး၀ယ်ချက်စားရင် ဟင်းစားရတယ်။ ကိုယ်ရတဲ့လုပ်ခက ၅၈၀၀ လက်ဖက်ရည်ဖိုးတင် တစ်၀က်ကျိုးပြီ မသောက်နိုင်ဘူး"လို့ အလုပ်သမားတစ်ဦးက တုံ့ပြန်ပြောဆိုပါတယ်။ 

လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေမှာ ဆိုင်လက်ဖက်ရည်နဲ့အသင့်ဖျော်ကော်ဖီမစ်တွေလည်းအပါအ၀င်ဖြစ်ပါတယ်။
 
ဆိုင်လက်ဖက်ရည်တစ်ခွက်လျှင် အနိမ့်ဆုံး ၁၃၀၀ ကေန ၁၈၀၀ အထိရှိပြီး ပါဆယ်တစ်ခွက်လျှင် ၁၈၀၀ ကျပ်မှ  ၂၀၀၀ ကျပ် ဖြစ်တာကြောင့် လက်ဖက်ရည်တစ်ခွက်ရဲ့တန်ဖိုးဟာလည်း အနိမ့်ဆုံးလုပ်ခလစာတစ်နေ့ ၄၈၀၀ ကျပ်ရဲ့တစ်၀က်အထိဖြစ်လာတာကြောင့်  ဆိုင်လက်ဖက်ရည်ကိုမသောက်ဘဲ ချွေတာလာကြတာဖြစ်ပါတယ်။ 

အသင့်ဖျော်ကော်ဖီမစ်တွေဟာဆိုရင်လည်း တစ်ပါကင်လျှင်တစ်သောင်းကျော်ထိဖြစ်ပြီး  တစ်ထုပ်လျှင်လည်း ၄၀၀ ဖြစ်လာတာကြောင့်  အသင့်ဖျော်ကော်ဖီမစ်တစ်ထုပ်ကို မနက်ညခွဲသောက်တဲ့အထိ ဆုံးဖြတ်ချက်ချနေကြရပြီလို့ သိရပါတယ်။

"အစ်ကိုကတော့ တစ်နေ့ ၅၀၀၀ ပဲရတာလေ။ ဆိုင်လက်ရည်ကိုတစ်ထောင်နှစ်ထောင်ပေးမသောက်တော့ ဘူး။ ပလိန်းပဲ။ ဒါတောင်အရင်ကမနက်တစ်ကြိမ် ညနေတစ်ကြိမ်။ခုဆိုမနက်တစ်ကြိမ်ပဲသောက်တယ်။ တစ်ထုပ် ၄၀ဝ ဖြစ်နေပြီ အရေးမကြီးတာတွေ ချွေတာပြီးအရေးကြီးတာပဲ ၀ယ်ရတာပေါ့။တစ်နေ့လုပ်တစ်နေ့စား ဘ၀မလွယ်ပါဘူး"လို့ အထွေထွေလုပ်သားတစ်ဦးကဆိုပါတယ်။  

လက်ရှိအခြေအနေမှာ  ကုန်ဈေးနှုန်းတွေသာ အဆမတန်မြင့်တက်လာပြီး အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကတော့ တိုးမြှင့်လာခြင်းမရှိသလို တစ်နေ့ ၄၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေးတစ်ထောင်သာ ရရှိနေတာကြောင့် အခြေခံအလုပ်သမားတွေအနေနဲ့ လက်ဖက်ရည်သာမက အသင့်ဖျော်ကော်ဖီတောင် ပုံမှန်သောက်ဖို့ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။ 

ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  ၂၀၁၈ ခုနှစ်ရဲ့ အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ကိုလည်း  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာပဲ ဖြစ်ပါတယ်။  

လက်ရှိအချို့သောစက်ရုံတွေရဲ့ ဒေးကြေးတိုးမြင့်မှုဟာလည်း  စက်ရုံရဲ့ခေါင်းဆောင်ပိုင်းလောက်သာတိုးမြင့်လာတာဖြစ်ပြီး  အောက်ခြေကအလုပ်သမားတွေကိုတော့ တိုးမြင့်လာခြင်းမရှ်ိတာကြောင့်  တိုးမြှင့်သတ်မှတ်လိုက်တဲ့နှုန်းထားအတိုင်း အလုပ်သမားများအားလုံးတစ်ပြေးညီခံစားနိုင်ရန်  တစ်နိုင်ငံလုံးတရား၀င်တိုးမြှင့်သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားတွေ တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026