NEWS

အချိန်ပိုဖိအားပေးခိုင်းစေမှုနဲ့ အခွင့်အရေးချိုးဖောက်ခံရလို့ တိုင်ကြား

CoverLogo
423 Views
 
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြရတနာလမ်း မှာဖွင့်လှစ်ထားတဲ့ Dong Yu Garment Co.,ltd မှာ အချိန်ပိုကို ည ၁၁ နာရီအထိ ငြင်းဆန်ခွင့်မရှိဘဲ ဖိအားပေးလုပ်ခိုင်းတာကြောင့် အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို တိုင်ကြားထားပါတယ်။
 
အဆိုပါစက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ Workman Colours အမှတ်တံဆိပ်အနွေးထည်၊ ကုတ်အင်္ကျီ ဘောင်းဘီ တွေ ချုပ်လုပ်နေတာလို့ သိရပါတယ်။
 
အလုပ်သမားတွေတိုင်ကြားထားတဲ့ချိုးဖောက်မှုတွေအနေနဲ့ စက်ရုံမှ ည ၁၁ နာရီအထိ အချိန်ပိုဆင်းခိုင်းတာ၊ အချိန်ပိုကို ဆင်းချင်သူတွေသာမကဘဲ ငြင်းဆန်သူတွေကိုပါ ဖိအားပေးဆင်းခိုင်းတာ၊ အချိန်ပိုဆင်းချိန်ပေးတဲ့ ထမင်းဖိုး ၂၅၀၀ ကျပ်ကို အလုပ်သမားတွေကိုမပေးဘဲ ဖြတ်ယူထားတာတွေကြောင့် အလုပ်သမားတွေက ဖြေရှင်းပေးဖို့ လိုလားနေတာလို့ ဆိုပါတယ်။
 
စက်လိုင်းထဲတွင် အလုပ်လုပ်ကိုင်နေသော စက်သမားများမှာအ ထည်ဆုကြေးတစ်ပတ် တစ်ခါရကြသော်လည်း Snapလီတာသည် Snap ဌာနမှ အလုပ်သမားများမှာလူ မရှိသောကြောင့် စက်လိုင်းတစ်လိုင်းသို့ ပြောင်းရွေ့လုပ်ကိုင်ပေးရပြီး ထို့ပြောင်းရွေ့လုပ်ကိုင်ရတာကိုအလုပ်ရက်ပျက်သည်ဟုသတ်မှတ်ကာ စက်လိုင်းကဆုကြေးမပေးခြင်းကြောင့် အလုပ်သမားမှာကြိုးစားလုပ် ကိုင်သော်လည်း ဆုကြေးမရခြင်းကြောင့် ဆုံးရှုံးနစ်နာမှုရှိနေတယ်လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ဥပဒေပါ ခွင့်ခံစားခွင့်မရတာ၊ တရက်ပျက်ပါက ဒေးကြေး ၊ ထောက်ပံ့ကြေး၊ ရက်မှန်ကြေး ၊ ဂရိတ်ကြေး ဖြတ်တောက်ခံရတဲ့အတွက်လည်း နစ်နာမှုရှိနေတာကြောင့် ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ပြောပါတယ်။
 
အလုပ်သမားတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်က စူပါ၊လီတာများမှ ဂရိတ်ကြေးပေးရာတွင် တကယ်ကျွမ်းကျင်သူများကိုပေးရန်နှင့် ဘက်လိုက်ပြီးခွဲခြားမပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်နှင့် အလုပ်ပျက်လျင် လည်းဂရိတ်ချခြင်းမပြုလုပ်ရန်။
၃။ အလုပ်သမားများအရေးကြီးကိစ္စရှိလျင် အလုပ်ရှင်ဘက်မှ ဂိတ်ပတ်ပေးရန်။
၄။ စနက်ဌာနမှ ဒေါ်အေးသန္တာကျော်မှ အလုပ်သမားများ ဆုကြေးပိုက်ဆံများကို ဖြတ်ယူထားခြင်းမပြုလုပ် ရန်။
၅။ အလုပ်သမားများအချိန်ပိုအိုတီဆင်းရလျင် ထမင်းဖိုး၂၅၀၀ကျပ်ကို အလုပ်သမားကိုမပေးဘဲ ဖြတ်ယူထား ခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ခေါ်သော အချိန်ပိုအိုတီကို ညဘက်၁၁နာရီအထိမဆင်းမနေရ ဖိအားပေးဆင်းခိုင်းခြင်း မပြုလုပ်ရန်ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026