NEWS

အချိန်ပိုခိုင်းစေသော်လည်း လုပ်ခလစာကို ဥပဒေနှင့်အညီ ပေးချေမှုမရှိဟုဆို

CoverLogo
1.3K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်း  တွင် ဖွင့်လှစ် ထားတဲ့ တရုတ်နိုင်ငံသားပိုင် TIANJIN Fashion Milestone အထည်ချုပ်စက်ရုံတွင် အလုပ်သမားများကို အချိန်ပိုများ ခေါ်ယူနေသော်လည်း ဥပဒေနှင့်အညီ လုပ်ခလစာပေးချေမှု မရှိကြောင်း ယင်းအလုပ်သမားများထံမှ သိရပါတယ်။ စက်ရုံကို  အလုပ်သမားအင်အား (၈၀၀) ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေတယ်လို့ ဆိုပါတယ်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စက်ရုံအလုပ်သမားတစ်ဦးက “အခုက အစိုးရ ရုံးပိတ်ရက်တွေ ၊ တနင်္ဂနွေနေ့တွေကို အချိန်ပိုတွေခေါ်တယ်။ အချိန်ပိုကြေးကိုတော့ ဥပဒေအတိုင်း မပေးဘူး။ နောက်ပြီးတော့ အစမ်းခန့်ကာလ ပြည့်ပြီးတဲ့ ဝန်ထမ်းတွေကိုလည်း အတည်ပြုဝန်ထမ်း မခန့်ပေးဘူး။ နေ့စားပဲ ဆက်ထားတယ်” လို့ ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်သည့် ကာလအတွင်း စက်ရုံတာဝန်ရှိသူများက အလုပ်သမားအင်အား၏ ထက်ဝက်နီးပါးကို နေ့စားလုပ်သားများ အဖြစ်သာခန့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကာလမှာ အချိန်ပိုတွေ‌ကို နေ့တိုင်းလိုလို ခေါ်နေတယ်။ တစ်ခါတစ်လေ သွားလာရေး အခက်အခဲကြောင့် မဆင်းချင်ဘူး။ အချိန်ပိုဆင်းလည်း လစာကိုဥပဒေအတိုင်း နှစ်ဆမပေးဘဲ ခိုင်းတယ်။။ သူတို့ဘက်က အလုပ်ထုတ် တာတွေလည်း ရှိနေတော့ မဖြစ်မနေ ဆင်းနေရတယ်” ဟု ၎င်းက ထပ်ပြောပါတယ်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး TIANJIN Fashion Milestone အထည်ချုပ်စက်ရုံ အလုပ်သမားများက နေ့စားဝန်ထမ်းများကို အတည်ပြုဝန်ထမ်းအဖြစ် ခန့်အပ်ပေးရန်နှင့် အချိန်ပိုများ ခေါ်ယူပါက ဥပဒေနှင့်အညီ လုပ်ခလစာပေးချေပေးရန် လိုလားနေတာဖြစ်တယ်လို့ ဆိုပါတယ်။


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025