NEWS

အချိန်ပိုကြေး မပေးဘဲ ညည့်နက်ထိခိုင်းစေနေလို့ အလုပ်သမားတွေအခက်အခဲဖြစ်နေ

CoverLogo
447 Views

ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (-)၊ ဦးတရုတ်ကြီးလမ်း၊ စက်မှုဇုန် (၂) မှာလုပ်ငန်းလည်ပတ်နေတဲ့ Sheng Da Ming Apparel Co, Ltd စိမ့်သာမင်း အထည်ချုပ် စက်ရုံမှာ အချိန်ပိုကြေးမပေးဘဲ ညည့်နက်ထိခိုင်းစေနေလို့ အခက်အခဲဖြစ်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အဲ့ဒီလုပ်ငန်းခွင်မှာ RESERVED, POLAND, CALLIOPE, TERRONOVE အမှတ်တံဆိပ်အထည်တွေချုပ်လုပ်တင်ပို့နေတာဖြစ်ပါတယ်။

အဲ့ဒီလုပ်ငန်းခွင်မှာ အလုပ်သမား ၆၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။
အလုပ်ချိန်က နံနက် ၈ နာရီကနေ ည ၇ နာရီ ခွဲထိ ဆင်းရသလို အောလင်း အောနိုက်( ညလုံးပေါက်) ဆင်းရတာ ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။
“စနေနေ့ဆို အချိန်ပိုကို ကြိုပြောတာမရှိဘဲ ခေါ်ပါတယ် အချိန်ပိုမဆင်းတဲ့သူတွေကို ဆဲဆို တာကြိမ်းမောင်းတာတွေလုပ်လို့ တိုင်ထားတော့ ခုတော့မဆဲတော့ဘူး ပြောတော့ပြောသေးတယ် ခုနောက်ပိုင်း ည ၁၂ နာရီ အချိန်ပိုကို တရက်ခြားလူခွဲပြီးတော့ခေါ်ပါတယ် ကြိုပြောတာလည်းမရှိပါဘူး အဆိုးဆုံးကတော့ အချိန်ပိုကြေးမပေးဘဲ အထည်မပြည့်လို့ ဆိုပြီး အလကားဆင်းပေးရတာပါ”လို့ လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ အလုပ်သမားကပြောပါတယ်။
အချိန်ပိုဆင်းဖို့ ငြင်းဆန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

“အချိန်ပိုကို ည ၁၂ နာရီအထိ စက်လိုင်းတလိုင်းကို ၁၀ ဦးဖြစ်စေ လိုင်းအလိုက် ဖြစ်စေ ဆင်းရတာပါ ညစာလည်း စီစဉ်မပေးပါဘူး ဝယ်စားဖို့ပိုက်ဆံလည်းမပေးပါဘူး စက်ရုံထဲမှာ သူဌေးရဲ့အကိုက မုန့်ရောင်းတယ် ပိုက်ဆံမရှိရင် ဝယ်လို့မရပါဘူး အလုပ်သမားတွေက ထမင်းမစားဘဲ မနက်အထိအလုပ်ဆင်းရတာတွေတောင်ရှိပါတယ်။  အိုတီခိုင်းပြီးတာနဲ့ မီးတွေပိတ်လိုက်လို့ အလုပ်သမားတွေက စက်ခုံတန်းတွေကြားမှာဖြစ်သလိုအိပ်ရတယ် ။ အိပ်လို့မရရင် ထိုင်နေရတယ် ခြင်တွေကိုက်ပြီး မနက်လည်း အိမ်ပြန်ဖို့ ဘာမှမစီစဉ်ပေးတော့ ကိုယ့်ဘာသာ ပြန်ပြီး အလုပ်ချိန်အမီပြန်လာရပါတယ်၊ ဆက်တိုက်တွေ ဆိုတော့ မကြာခဏ ဖျားကြတယ်”လို့ အလုပ်သမားကပြောပါတယ်။ 

အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကိုလည်း တိုင်ကြားထားပါတယ်။

“အချိန်ပိုတွေမှာ အလုပ်သမားတွေက အယောင်ယောင်အမှားမှားတွေဖြစ်ပြီး လက်ကိုအပ်ပေါက်သွားတာတွေရှိတယ် ၊ စက်ရုံမှာ သူနာပြုမရှိဘူး ဆေးခန်းသွားဖို့လည်း မရှိလို့ စက်ဆီနဲ့လိမ်းပြီး ပြီးသွားရတာတွေရှိတယ် စက်ရုံက သူနာပြုက စစ်ဆေးရေးလာတဲ့အချိန်ပဲရှိတယ် ဒီလို ဆိုးဆိုးရွားရွားတွေ ကို သည်းခံပြီးလုပ်နေတယ်ဆိုတာ အလုပ်တွေ တခုပြီးတခုမပြောင်းချင်လို့ပါ ခေါင်းပုံဖြတ် အနိုင်ကျင့်နေတာတွေ ရပ်စေချင်ပါတယ်”လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားကပြောပါတယ်။ 

အလုပ်သမားတောင်းဆိုချက်တွေအနေနဲ့ 
၁။ အချိန်ပိုများကို ည ၁၂ နာရီထိ ခေါ်ထားသည်များကို ဘက်ဒိတ်ဖြင့်ပြန်လည်တွက်ချက်ပေးရန်။ ပုံမှန် အချိန်ပိုထက်ခေါ်ယူပါက အလုပ်သမားဆန္ဒကို ကောက်ယူ၍ ဆင်းသူများကို အချိန်ပိုကြေးပေးရန်နှင့် ညစာ စီစဥ်ပေးရန်၊ ဖယ်ရီကာစီစဥ်ပေးရန်။ 
၂။ အချိန်ပိုမဆင်းသူများကို ဖိအားပေးမခြိမ်းခြောက်ရန်။
၃။ ခွင့်များကို အလွယ်တကူပေးရန်နှင့် ၊ ဆေးပေးခန်းတွက် ကျန်းမာရေးအတွက် အမှန်တကယ် နက်စ် တစ်ဦးထားပေးရန်။
၄။ စက်ရုံမြန်မာမန်နေဂျာကို ထိထိရောက်ရောက်အရေးယူပေးရန် စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံ ကသိရပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026