NEWS

အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ

CoverLogo
387 Views
 
တရုတ်နိုင်ငံ ရင်ကျန်းမြို့ စက်မှုဥယျာဉ် မှာဖွင့်လှစ်ပြီး မြန်မာအလုပ်သမား ၈၀၀ ကျော်နဲ့ လုပ်ကိုင်နေတဲ့ YUN NANXIN JLAHAO GARMENT Co.Ltd မှာ အထည်အလွန်အကျွံချုပ်လုပ်ခိုင်းတာ ၊ အခကြေးငွေမပေးဘဲ အချိန်ပိုဆင်းခိိုင်းတဲ့အပြင် ကျွေးတဲ့အစားအသောက်တွေ နည်းပါးတာကြောင့် အာဟာရချို့တဲ့ပြီး ကျန်းမာရေးပြဿနာတွေပါ ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အဆိုပါလုပ်ငန်းဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး YOB YB YOB , balabala တံဆိပ် ဂျာကင်အထည်တွေချုပ်တာလို့ သိရပါတယ်။
 
"လုပ်ငန်းခွင်ထဲမှာ ချိုးဖောက်တာတွေ မီဒီယာမှာ ပါတဲ့အတွက် အလုပ်ရှင်က အလုပ်သမားတွေကို အစည်းအဝေးခေါ်ပြီး အမှတ်တံဆိပ်ပုံတွေ စက်ရုံပုံတွေ ဓါတ်ပုံမရိုက်ဖို့ ထမင်း၊ ဟင်း ကောင်းကောင်းကျွေးမယ် မြန်မာပြည်ပြန်မယ့်သူတွေကိုလည်း အသက်အာမခံကြေး၊ စောင် ၊ ခေါင်းအုံးဖိုးပဲဖြတ်မယ် ဆိုပြီးပြောတယ်။ တကယ်က လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို ချုပ်နိုင်တာထက် မတရားတောင်းပြီး အလွန်အကျွံခိုင်းတယ် မပြီးရင် အိုတီအလကားဆင်းပေးရတယ်။ ကျွေးတာကျတော့ အာဟာရအပြည့်မပါ ၊ အလုပ်က နားချိန်မရတော့ အလုပ်သမားတွေက ဘယ်လို ရေရှည်လုပ်နိုင်မှာလဲ"လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားကပြောဆိုပါတယ်။
 
အထည်စံချိန် အရေအတွက် တောင်းခံမှုမှာ စူပါ၊ စာရေးမ အပါ အလုပ်သမား ၂၆ ဦးရှိတဲ့ စက်လိုင်းတစ်လိုင်းလျင် တနာရီကို ဂျာကင် အထည် ၂၅၀ အထိ ချုပ်ပေးရပြီး အဆိုပါ အရေအတွက် မပြည့်မီပါက အချိန်ပိုထပ်ဆင်းကာ ပြည့်မီအောင်ချုပ်လုပ်ပေးရတယ်လို့ ပြောပါတယ်။
 
အချိန်ပိုကို ပိတ်ရက်မှာပါ နေ့ဝက် ဆင်းပေးရပြီး လုပ်ခရရှိခြင်းမရှိဘူးလို့ ပြောပါတယ်။ "စက်လိုင်းတွေက အပြိုင်အဆိုင်ချုပ်ရတာဆိုတော့ မနားရဘူး။ အနားယူတဲ့အချိန်ခဏလေး မှေးရင်တောင် အပြောအဆိုခံရတယ်။ ခေါင်းဆောင်တွေက ကိုယ့်နေရာ တည်မြဲဖို့ တခုပဲကြည့်ပြီး အလုပ်သမားတွေကို ဖိအားပေးတယ်။ အစားအသောက်ကလည်း အဆင်မပြေတော့ အာဟာရချို့တဲ့ ပြီး လူတိုင်းလိုလိုဖျားကြတယ် ။"လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာအခြေအနေတွေကြောင့် အခက်အခဲဖြစ်ပေါ်နေရတဲ့အတွက် အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကိုလည်း အကူအညီတောင်းထားတယ်လို့ ပြောပါတယ်။
 
အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့အချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်များကိုတောင်းခံခြင်း မပြုလုပ်ရန်၊
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီကြေးမပေးဘဲ အလကားစေခိုင်းခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများနားချိန်ကို အနားမပေးဘဲ အလုပ်ခိုင်းစေခြင်း မပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ ခေါင်းဆောင်တချို့မှ ကိုယ့်နေရာတခုပဲကြည့်ပြီး အလုပ်သမားများကို ဖိအားပေးပြီးစေ ခိုင်းစေခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အိမ်သာများကို သန့်ရှင်းစွာစီစဥ်ပေးရန် အဆောင်များလည်းသန့်ရှင်းစွာဆောင်ရွက်ပေး ရန် စတာတွေဖြစ်တယ်လို့ NANXIN JLAHAO GARMENT Co.Ltd အလုပ်သမားတွေ တောင်းဆိုထားပါတယ်။
 

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026