NEWS

အကြွေးစနစ်နဲ့ အလုပ်ခေါ်ယူပြီး လုပ်ခလစာနှိမ်ပေးတာနဲ့ လုပ်အားခေါင်းပုံဖြတ်တာ လုပ်ဆောင်နေလို့ အလုပ်သမားတွေ အခက်ကြုံနေရ

CoverLogo
663 Views

တရုတ်နိုင်ငံ ရွှေလီမြို့မှ ဖွင့်လှစ်ထားတဲ့ ဟွေရင်အထည်ချုပ်စက်ရုံဟာ မြန်မာနိုင်ငံက အလုပ်သမားတွေကို အကြွေးစနစ်နဲ့ လုပ်ငန်းခွင်ကို ခေါ်ယူနေပေမယ့် လုပ်ခလစာနှိမ်တာနဲ့ လုပ်အားခခေါင်းပုံဖြတ်တာအပြင် အခွင့်အ ရေး ချိုးဖောက်တာတွေပါ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကိုပြောပါတယ်။ 

 

စက်ရုံကို လုပ်သားအင်အား (၂၅၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး KIDS အမှတ်တံဆိပ်ကို ချုပ်လုပ်တာ ဖြစ်ပါတယ်။ 

 

စက်ရုံဖွင့်လှစ်တာဟာ (၇) လကျော်သာ ရှိသေးပြီး သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ 

 

“မြန်မာနိုင်ငံက အလုပ်သမားတွေကို အကြွေးစနစ်နဲ့ အလုပ်ခေါ်ပါတယ်။ အလုပ်ထဲရောက်မှ အလုပ်ရှင်က သူ မကြိုက်တဲ့ အလုပ်သမားတွေဆိုရင် အကြွေးကျန်သေးရင် တစ်ခြားစက်ရုံကို အလုပ်ပြောင်းပါတယ်။ အကြွေးကြေတဲ့ သူတွေဆိုရင် အလုပ်ထုတ်ပြီး မြန်မာနိုင်ငံ ပြန်ခိုင်းပါတယ်။ အခုအလုပ်လာလုပ်တဲ့ အလုပ်သမားတွေရတဲ့လစာက တခြားစက်ရုံတွေနဲ့ယှဉ်ရင်လုပ်ခလစာ အရမ်းနည်းပါတယ်။ အလုပ်သမားတွေကို အထည်စံချိန်တွေကို အဆမတန် တောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ လူ(၂၀)ကျော်ပဲ ရှိပေမယ့် ချုပ်လုပ်ရတာကတော့ တစ်နာရီကို လိုင်းပေါက်အထည် (၂၀၀၀) တောင်းပါတယ်။ တောင်းတဲ့စံချိန်မပြည့်ရင် အောလင်း၊ အောနိုက်တွေ အမြဲတမ်း အလကားဆင်းပြီး စံချိန်ပြည့်အောင် ချုပ်ပေး ရပါတယ်။ တနင်္ဂနွေနေ့တွေကိုလည်း အချိန်ပိုတွေ အလကား ဆင်းခိုင်းပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

အလုပ်သမားတွေကို စက်ရုံဝင်းထဲမှာ နေခိုင်းပြီးတော့ အပြင်ထွက်ခွင့်မပေးသလို စက်ရုံအတွက် သန့်ရှင်းရေး အလုပ်သမား ခန့်ထားတာမရှိဘဲ အလုပ်သမားတွေ ကိုယ်တိုင်လုပ်ပေးနေရတာ ဖြစ်ပါတယ်။ 

 

စက်ရုံမှာ အောစူပါ နှစ်ယောက်ခန့်အပ်ထားပြီး စံချိန်ပြည့်မီရေးအတွက် အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုပြီး ရိုင်းစိုင်းစွာ ပြောနေ တယ်လို့ သိရပါတယ်။ 

 

“အခုဆိုရင်အလုပ်သမားတွေကို လိုင်းအလိုက်အလှည့်ကျ မဲနှိုက်ခိုင်းပြီး အလုပ်ထုတ်တာတွေ လုပ်နေပါတယ်။အလုပ်ရှင်က မြန်မာနိုင်ငံအလုပ်သမားရုံးကနေ အလုပ်ခေါ်တာပါ။ မြန်မာနိုင်ငံဘက်ကအလုပ်သမားရုံးကလဲ လစာနည်းတဲ့ကိစ္စကို အလုပ်သမားတွေ အဆင်မပြေအောင် ညှိုနှိုင်းပေးမယ်ပြောပြီး အခုလို အလုပ်သမားတွေ အလုပ်ထုတ်ခံနေရတာကိုတောင် ဘာတစ်ခုမှ ဖြေရှင်းမပေးပါဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိမှာ စက်ရုံအလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

 

အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံရေး၊ အလုပ်သမားတွေကို မဲနှိုက်ပြီး အလုပ်ကထုတ်ပယ်တာ မလုပ်ရေး၊ စံချိန်မပေးနိုင်တဲ့ အလုပ်သမားတွေကို အောစူပါတွေက အောဟစ်ဆဲဆိုပြီး ရိုင်းစိုင်းစွာ မပြောရေး၊ အလုပ်သမားတွေကို သန့်ရှင်းရေး မလုပ်ခိုင်းရေး၊ အောလင်း၊အောနိုက်နဲ့ တနင်္ဂနွေနေ့တွေကို အချိန်ပိုအိုတီအလကား မဆင်းခိုင်းရေး လိုလားနေတာဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026