NEWS

အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၇ဦး နစ်နာကြေး ဘတ် ၄ သိန်း ခန့်ရရှိ

CoverLogo
247 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင် ရှိ တရုတ်လုပ်ငန်းရှင်ပိုင်သော ကားအကူပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ မှ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၁၇ဦး ရသင့် ရထိုက်တဲ့ နစ်နာကြေးနဲ့ထိပ်လန့်ကြေး စုစုပေါင်း ဘတ်၃သိန်း၉သောင်းကျော်ရရှိခဲ့ တယ်လို့ ၎င်းကိစ္စကို ကူညီပေးတဲ့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထံမှသိရပါတယ်။
 
မြန်မာလုပ်သား ၁၇ဦး ဟာ ၎င်းကားအကူ ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံကို ကြားခံ အေဂျင်စီတစ်ခု အဆက်သွယ် ဖြင့်အလုပ်လုပ်ကိုင်နေတာ လုပ်သက် ၄လ ကျော်မှ ၅လ ကျော်ကြာမြင့် ပြီ ဖြစ်ရာ ပြီးခဲ့တဲ့၂၀၂၅ခုနှစ်ဒီဇင်ဘာ ၁၂ရက် မှာတော့ စက်ရုံဘက်မှအကြောင်းပြချက်မရှိ အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
 
အခုလို မြန်မာလုပ်သားတွေကို မတရားသဖြင့် အလုပ်မှ ထုတ်ပယ်တဲ့ အတွက် လုပ်သားတွေရဲ့ အကူညီတောင်းခံမှုကြောင့် MHACမဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၁၇ရက်မှာ နစ်နာသူ အလုပ်သမားတွေ နဲ့ အတူ နယ်မြေခံ ဆဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး) မှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
 
အခုလို အမှု ဖွင့် တိုင်ကြားပြီး ၂၃ရက်မြောက်နေ့ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့မှာတော့ နစ်နာသူမြန်မာလုပ်သားများကို လုပ်ငန်းရှင်ထံမှ ရရှိမယ့် လုပ်အားခ၁၁ရက်စာ ၊အလုပ်မှထုတ်ပယ်ခံရတဲ့ အတွက်နစ်နာကြေးနဲ့ ထိတ်လန့်ကြေး စသဖြင့် နစ်နာသူ လုပ်သားတွေရဲ့ ဆန္ဒအတိုင်း ထိုင်းဘတ်ငွေ ၃ သိန်း ၉သောင်း ၁ ထောင် ကို နယ်မြေခံစဝါဒီကန်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဥပဒေ နှင့်အညီ ရရှိခဲ့ကြောင်း သိရပါတယ်။
 

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026