NEWS

ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး

CoverLogo
252 Views
ဟွာဖု (မြန်မာ) အထည်ချုပ်( Myanmar Fortress Wealth Garment) က အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တွေမှာ အချိန်ပိုအတင်းအကျပ် ဆင်းခိုင်းပြီး ဥပဒေပါ သတ်မှတ်အချိန်ပိုကြေး မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ တနင်္ဂနွေနေ့အချိန်ပိုတွေ အပြင် အော်လင်း၊ အော်နိုက်နဲ့ စနေနေ့တွေမှာ ဆို ည ၈ နာရီခွဲအထိ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုတွေက အော်လင်း၊ အော်နိုက်၊ စနေနေ့တွေဆို ည ၈ နာရီခွဲအထိ ။ တနင်္ဂနွေနေ့ မဆင်းချင် လည်း သူတွေ အတင်းအကြပ် ဆင်းခိုင်းတာတွေလုပ်ပါတယ်။ အလုပ်သမားတွေ မဆင်းလို့လည်း မရဘူး၊ မဆင်းရင် သူတို့ခိုင်းတာမလုပ်လို့ဆိုပြီး ခွဲခြားဆက်ဆံတယ်” လို့ ပြောပါတယ်။
 
အချိန်ပိုတွေ ဆင်းနေရပေမဲ့ ဥပဒေသတ်မှတ်ချက် တစ်နာရီ အချိန်ပိုကြေး နှစ်ဆ ကို စက်ရုံဘက်က ရှင်းမပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တနင်္ဂနွေနေ့ပိတ်ရက် အချိန်ပိုတွေဆို ၁၇၆၀၀ နဲ့ ပဲရှင်းပေးတယ်။ တကယ်က ၁၁၀၀၀ ဆို အချိန်ပိုကြေးက ၂၇၀၀ ကျော် ရဖို့ရှိတာ။ ဒါကြောင် အပြည့်ရချင်တယ်။ နေထိုင်စာရိတ်တွေက တအားမြင့်တော့ လုပ်အားခကို အပြည့်အဝ ရချင်တာ။ ဒါကိုတောင်းဆိုတာ” လို့ ပြောပါတယ်။
 
လက်ရှိ ဒေးကြေးကို ၁၁၀၀၀ ၊ အိုတီကြေး တစ်နာရီ ၂၂၀၀ ၊ ရက်မှန်ကြေး ၃၀၀၀၀ ၊ ဆုကြေးကို အထည်ရရှိတဲ့ အရေအတွက်ပေါ်မူတည်ပြိး စက်ရုံဘက်က တွက်ချက်ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ ခံစားခွင်ထဲက ရက်မှန်ကြေးကတော့ ခွင့်အမျိုးအစားတခုခုနဲ့ အလုပ်ပျက်ပါက ခံစားခွင့်မရဘူးလို့ ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း အပူချိန်မြင့်မားနေပေမဲ့ ခေါင်းစည်းနဲ့ လုပ်ကိုင်ရလို့ အခက်အခဲတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံထဲမှာ ခေါင်းစည်းတွေနဲ့ လုပ်ရတယ်။ ခေါင်းစည်းက အလုပ်ချိန်ပြီးမှ ချွတ်ရတယ်။ စက်ရုံကလည်းပူတယ်။ မီးပူတိုက်ဌာနမှာဆို အရမ်းပူတယ်။ ခေါင်းစည်းတာဖြုတ်မိရင် ဒဏ်ငွေ ၅,၀၀၀ အဖြတ်ခံရတာ။ ဒါတွေလည်း ညှိနှိုင်း လုပ်ပေးစေချင်တယ်။ “ လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အလုပ်သမာ ၁၅၀၀ ဝန်းကျင်ထဲမှာ ကလေး လုပ်သား ၅၀ ကျောလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ ဒီကလေးလုပ်သားတွေက စက်ရုံလုပ်သားတွေနည်းတူ လုပ်ကိုင်ရတယ်လို့ ပြောပါတယ်။
 
“စစ်ဆေးရေးတို့ အော်တစ်တို့ လာတာနဲ့ ကလေးလုပ်သားတွေ ကို ဖွတ်ထားတယ်။ ကလေးလုပ်သားဆိုပြီး သက်သောင့်သက်သာ ခိုင်းတာတော့မရှိဘူး။ အများနည်းတူအလုပ်လုပ်ရတယ်။ အချိန်ပိုတွေဆင်းရတယ်။ လစာတော့ တခြားလုပ်သားတွေထက် နည်းတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်က‌နေ အရေးပေါ်ကိစ္စ ရှိလာပါက ဂိတ်ပတ်အလွယ်တကူမရတာ၊ သန့်စင်ခန်းတွေပျက်စီးတာ၊ မလုံလောက်တာ၊ သုံးရေ မကြာခဏ ပျက်တာ ဖြစ်ပေါ်နေလို့ ပြင်ဆင်ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားတွေက ပြောဆိုကြပါတယ်။
 
“ စက်ရုံမှာ WCC ရှိတယ်၊ အလုပ်ရှင်က ဖွဲ့ပေးထားတာပဲ၊ အလုပ်သမားရေးရာတွေကို နည်းလည်ကျွမ်းကျင်တာ မရှိဘူး။ အလုပ်ရှင်ကပြောတဲ့အတိုင်း လုပ်ပေးနေတာ” လို့ ပြောပါတယ်။
 
WCC အဖွဲ့မှာ အားနည်းချက်တွေရှိလို့ အလုပ်သမားတွေရဲ့ တင်ပြချက်တွေ ဖြေရှင်းဆောင်ရွက်ပေးတာက ထိရောက်မှုမရှိလို့ အလုပ်သမားတွေ နစ်နာနေရတယ်လို့လည်း ပြောဆိုထားပါတယ်။
 
ဟွာဖု (မြန်မာ) အထည်ချုပ်( Myanmar Fortress Wealth Garment) စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ အနော်ရထာလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံလို့ သိရပါတယ်။ Dishang Group စက်ရုံတစ်ရုံဖြစ်ပြီး အလုပ်သမားင်း ၁၅၀၀ လုပ်ကိုင်နေတဲ့ RESERVED တံဆိပ်ချုပ် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026