NEWS

သုံးလကျော်သည်အထိ နေ့စားကနေ လစားအဖြစ်ခန့်အပ်ခြင်းမရှိဘူးလို့ Lucky Fortune အထည်ချုပ်စက်ရုံမှ အလုပ်သမားများဆို

CoverLogo
2.4K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်စက်မှု့ဇုန်မှာလုပ်ကိုင်နေတဲ့ Lucky Fortune Co.Ltd အထည်ချုပ်စက်ရုံ မှာစနေနေ့အလုပ်ဆင်းတဲ့အခါအိုတီကြေးမပေးတာ၊ အိုတီမဆင်းရင်လစားကနေနေ့စားပြန်ချပစ်တာတွေအပါအဝင်လုပ်သားအခွင့်အရေးချိုးဖောက်မှု့များစွာရှိနေတယ်လို့အလုပ်သမားတွေကပြောပါတယ်။

အဆိုပါစက်ရုံကိုမြန်မာလူမျိုးပိုင် ဖြစ်ပြီး  ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၄) စက်ဆရာဦးထွန်းလမ်း ရှိ ခြံအမှတ် (၉၀) တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အလုပ်သမားအင်အား တစ်ထောင်ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေတဲ့အထည်ချုပ်စက်ရုံတခုဖြစ်ပါတယ်။

"ခုအစမ်းခန့်ကာလပြည့်သွားလို့ ၈လထဲရောက်နေပြီ လစားသမားရရမယ့်ရက်မှန်ကြေးဘာညာတခုမှမရဘူး အိုတီကလဲအစမ်းခန့်စသမားတွေကို စနေနေ့ဆိုအိုတီကြေးမပေးဘူး တနဂ်နွေအိုတီမဆင်းရင်လဲလစားကနေနေ့စားအပြောင်းခံရတယ် အိုတီမဆင်းနိုင်ရင်လာမဆင်းနဲ့လို့ကိုပြောတာ"လို့အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသူအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

စက်ရုံဖက်ကဝန်ထမ်းခေါ်ယူတဲ့အခါမှာဥပဒေအတိုင်းအလုပ်ရှင်အလုပ်သမားစည်းမျည်းစမ်းကမ်းအတိုင်းနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခေါ်ယူတာမျိုးမဟုတ်ပဲနဲ့ ၃ လပြည့်ပါကလခစားဝန်ထမ်းအဖြစ်ခန့်အပ်မယ်ဆိုတဲ့ နှုတ်ကတိနဲ့သာခေါ်ယူတာဖြစ်တယ်လို့လဲသိရပါတယ်။

"ခွင့်ယူဖို့ကလဲအတော်ခက်ခဲတယ် သွားစရာလာစရာရှိ နေထိုင်မကောင်းဖြစ်ရင်တောင်ဆေးလက်မှတ်ကပြနေရတယ် အိုတီမဆင်းလို့ဆိုပြီးခုအလုပ်ထုတ်ခံလိုက်ရတဲ့နေ့စားသမား၃ယောက်လောက်ရှိနေပြီနေ့စားခန့်မယ်ပြောပြီးလခစားမခန့်တဲ့ဝန်ထမ်းကရာနဲ့ချီတယ်"လို့အလုပ်သမားတဦးကဆက်ပြောပါတယ်။

လက်ရှိစက်ရုံဖက်ကအချိန်ပို၂နာရီအပါအဝင် မနက်၈နညရီကနေညနေ၆နာရီခွဲအထိနေ့စဥ်နဲ့အမျှအိုတီခေါ်ယူထားပြီးနေ့စား၃၆၀၀အိုတီကြေးမပါ၊ သုံးလကျော်ပြီးလခစားမခန့်သေးသူများကို ၄၈၀၀ နဲ့အိုတီကြေး၁၂၀၀ပေးပေမယ့်၃လ ကျော်ပြီးလခစားမဖြစ်သေးသူများမှာလခစားသမားများလိုရက်မှန်ကြေးနဲ့အခြားသောအခွင့်အရေးများဆုံးရှုံးနေရတယ်လို့နစ်နာသူအလုပ်သမားတွေကပြောပါတယ်။

"လပြည့်ပြီးသားနေ့စားသမားတွေကိုလစားပေးစေချင်တယ် လစားသမားတွေရရမယ့်အခွင့်အရေးပေးစေချင်တယ်စနေနေ့အိုတီကြေးမပေးတာကိုပေးစေချင်တယ် အလုပ်သမားတွေအရေးပေါ်ကိစ္စအတွက်ခွင့်ပေးစေချင်တယ်"လို့"Lucky Fortune Co.Ltd အထည်ချုပ်စက်ရုံမှအလုပ်သမားတဦးကသူတို့ရဲ့လိုလားချက်ကိုပြောပါတယ်။

အဆိုပါစက်ရုံဟာ ဘောင်းဘီ၊ လည်သာအထည်၊ စကပ်အစရှိတဲ့အထည်များကိုချုပ်လုပ်နေပြီး ပြည်ပအမှတ်တံဆိပ်အထည်များဖြစ်တဲ့ ZARA, ONLY အစရှိသည့် အမှတ်တံဆိပ်များကိုအော်ဒါယူချုပ်ပေးနေတာဖြစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို တောင်းဆိုပေးမည့် စက်ရုံသမဂ္ဂလည်း ဖွဲ့စည်းနိုင်ဖို့လည်းအခက်အခဲရှိနေတဲ့အတွက်ဖွဲ့စည်းနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

Source- IMFM


 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026