NEWS

သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ

CoverLogo
345 Views
 
ရိုးရာ အစဉ်အလာအရ သီတင်းကျွတ်ကာလ မိဘဆရာ အသက်ကြီးသူတွေကို ကန့်တော့တဲ့ ဓလေ့ကို အကြောင်းပြပြီး စက်ရုံတွေမှာ အတင်းအကျပ် ငွေကောက်ခံ လစာ ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။
“ အဲ့လို သဘောဆန္ဒမပါဘဲ လစာ၊ ဒေးကြေတွေ ဖြတ်ခံရတာတွေက အထည်ချုပ် စက်ရုံတိုင်းလိုလိုမှာ ဖြစ်နေတာ။
 
ကန်တော့ဖို့အတွက် ဒေးကြေးလောက် ဖြတ်တာဆိုတော့ အလုပ်သမားတွေ နစ်နာကြာတပေါ့”လို့ အထည်ချုပ် အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
 
စက်ရုံတရုံလုံးကို ကောက်ခံတာကြောင့် ကျပ် သိန်း ၇၀ ကနေ ကျပ်သိန်း ရာကျော်အထိ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဓိက ကောက်ခံသူတွေက လိုင်းစူပါ၊ အောစူပါတွေ ဖြစ်ပြီး စက်ရုံက တာဝန်ရှိသူတွေ သိရှိခြင်း ရှိမရှိဆိုတာ မသိရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လာရောက်တော့ ကန်တော့ဖို့ ဆိုပြီး ကောက်တယ်၊ စက်ရုံက သိမသိတော့ မသိဘူး၊ အဲ့နေ့ မုန့်ကြွေး ဘာညာ ရှိပါတယ်။ ဒါလည်း ကိုယ့်ပိုက်ဆံတွေလို့ ထင်တယ်။ ကြိုက်သလောက် ဆန္ဒရှိသလောက် ထည့်ဆို တော်ပါသေးတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လက်ရှိအလုပ်သမားတွေရဲ့ တရားဝင် လုပ်အားခက ကျပ် ၄၈၀၀ သာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်မှာ ထောက်ပံကြေး ကျပ် ၂၀၀၀ ကို ထည့်သွင်းပေးဖို့ ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ဒါကြောင့် အလုပ်သမားတဦး အတွက် ဒေးကြေးက ကျပ် ၆၈၀၀ ပဲ တရားဝင်ရရှိနေတာ ဖြစ်ပါတယ်။
 
“ ၇၅၀၀ ဆိုတာ နည်းတာ၊ ညီမတို့ စက်ရုံမှာ တယောက်ကို ၁၀၀၀၀ ၊ ရာထူးအလိုက် ၂၀၀၀၀၊ ၃၀၀၀၀၊ ၅၀၀၀၀ အဲ့လို ကောက်တယ်။ ရာထူးကြီးလို့ ပိုကောက်တာ မပြောလိုပါဘူး။ ညီမတို့ကို ၁၀၀၀၀ ကောက်တာ ဒေးကြေး တရက်အတွက်လို ဖြစ်နေတာ.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အခုလို ကောက်ခံမှုတွေက အလတ်အလတ်အဆင့် ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ဖြစ်ပြီး ဒီလို ဖြစ်စဉ်တွေကို သီတင်းကျွတ်ကာလ၊ တန်ဆောင်တိုင်ကထိန်ကာလနဲ့ သင်္ကြန်ကာလတွေမှာပါ အဖြစ်များတယ်လို့ Myanmar Labour News တာဝန်ရှိသူ တဦးက ပြောပါတယ်။
 
“တိုင်ကြားမှုတွေကို စိစစ်ကြည့် ရင် အလှူအတန်းများတဲ့ အချိန်တွေမှာ အဖြစ်များတယ့်။လေ့လာတွေ့ရှိ ချက် အရ ဆို စက်ရုံပိုင်ရှင်တွေ၊ ကြီးကြပ်တဲ့ တရုတ်တွေနဲ့ အောစူပါချုပ်တွေ၊ မန်နေဂျာတွေကို ကန်တော့တာပဲ။ ဒီထက် ဆိုးတာတွေ သေးတယ်။ ပြီးတဲ့ နှစ်ကုန်င်းလောက်ကဆို စက်ရုံ မန်နေဂျာ အမျိုးသမီးအတွက် လစာဖြတ် ပေးတဲ့ အောစူပါတွေ ရှိခဲ့တယ်။ ဒါကြောင့် ဘယ်သူဦးဆောင်လဲဆိုတာ ကာယကံရှင်တွေပဲ သိမှာ၊ အလုပ်သမားတွေ ကတော့ မသိကြဘူး။” လို့ ပြောပါတယ်။
 
ဆန္ဒမပါဘဲ လစာဖြတ်တောက် ပြီး အလှူအတန်းကိစ္စတွေတင် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အတွက် ကောက်ခံတာတွေပါ ရှိတယ်လို့ လည်း ဆက်ပြောပါတယ်။ သာရေး နာရေး ကောက်ခံတာတွေတင် မကပဲ အုပ်ချုပ်ရေး၊ ကြီကြပ်ရေးအဆင့်တွေ အတွက်ပါ ခြိမ်းခြောက် ကောက်ခံ ဖြတ်တောက်နေတာလို့ အလုပ်သမားတဦးက ပြောပါ။
 
“ညီမတို့က သူတို့ လက်အောက်မှာ အလုပ်လုပ်ရတာ၊ သူတို့ ထည့်ခိုင်းသလို မထည့်တာနဲ့ မဲတော့တာ၊။ စက်ရုံမှာတော့ လိုင်းAll Superတွေက စုပြီးကောက်တာပါ။ သူတို့က မျက်နှာလုပ်ချင်ကြတယ်။ မနှစ်တုန်းကဆို မန်နေဂျာကို ရွှေလုပ်ပေးတာပါ၊မွေးနေ့ဆိုလည်း မွေးနေ့အတွက် ဖြတ်ပါတယ်။ “ လို့ပြောပါတယ်။
 
လက်ရှိ ‌လစာတိုးမြှင့်ရရှိ ထားပေမဲ့ နေထိုင်စာရိတ် ကြီးမြင့်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေက အလုပ်သမားတွေ ခံစားခွင့်တွေ အရာမထင် ဖြစ်နေတဲ့ အပအခုလို ရက်တွက်ဒေးကြေး အတင်းအကျပ် ကောက်ခံတာ မပြုလုပ်ဖို့ လိုလားတယ်လို့ ပြောကြားထားပါတယ်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026