NEWS

သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်မှုများရှိနေ

CoverLogo
555 Views

စစ်ကောင်စီကလူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုအောက်တိုဘာလ(၁)ရက်ကစပြီးကောက်ယူနေပါတယ်။ လက်ရှိမှာသန်းခေါင် စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီးပြည်သူတွေမှာစိုးရိမ်သောကတွေရှိနေပါတယ်။

စစ်ကောင်စီကလူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရာမှာအိမ်ထောင်စုတစ်စုကိုမေးခွန်းပုံစံ (၆၈) ခုမေးမြန်းကောက်ယူတာဖြစ်ပါတယ်။ဒီလိုမေးမြန်းရာမှာပညာရေးအခြေအနေ၊ပြည်ပထွက်ခွာသူတွေရဲ့အကြောင်းအ ရာ၊လူဦးရေစတာတွေကိုပါအသေးစိတ်ကောက်ယူနေတာကြောင့်စိုးရိမ်သောကတွေရှိနေတာပဲဖြစ်ပါတယ်။

"ကလေးတွေကိုမေးရင်ဘယ်လိုဖြေရမလဲ။အိမ်မှာရှိတဲ့သားတွေကိုမေးလည်းစိတ်ပူရတယ်။အိမ်မှာရှိမနေတဲ့သူတွေကျတော့လည်းဖြေရခက်တယ်။နောက်အမျိုးသားကအသက်(၅၀) တောင်မပြည့်သေးတော့(၆၅)နှစ်ထိစစ်သင်တန်းခေါ်မယ်ဆိုတာတွေဖတ်ဖူးတော့စိတ်ပူတယ်။ကိုယ်အိမ်သားတွေကိုသူတို့ကိုစာရင်းပေးရတာဘာကိုစိတ်ပူလို့ပူမှန်းကိုမသိဘူး"လို့ရွှေပြည်သာမြို့နယ်နေပြည်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာလူငယ်အများစုဟာပြည်ပမှာသွားရောက်လုပ်ကိုင်တာ၊လက်နက်ကိုင်တော်လှန်ရေးလုပ်တာနဲ့အကြောင်းအမျိုးမျိုးကြောင့်နေရာပြောင်းရွှေ့နေထိုင်တာတွေရှိနေပါတယ်။

"သူတို့ကတော့ဘာမှစိတ်ပူစရာမရှ်ိဘူးလို့ပြောတယ်။ဒါပေမယ့်ယုံကြည်စရာမရှိတဲ့ဒီကာလမှာဖြစ်နိုင်ရင်တော့မဖြေချင်ဘူး။မဖြေဘဲနေရင်ဘယ်လိုအကျိုးအပြစ်ဖြစ်နိုင်လဲတော့မသိဘူးပေါ့လေ။စိတ်ရင်းနဲ့ပြောရင်မဖြေချင်ဘူး။ဒီအချက်အလက်တွေရဲ့နောက်ဆက်တွဲကဘာဖြစ်မလဲဆိုတာခန့်မှန်းလို့မှမရတာ"လို့ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူတာကိုအောက်တိုဘာလ(၁)ရက်နေ့(၁၅)ရက်ထိလုပ်ဆောင်မှာဖြစ်ပြီးရှေ့ပြေးလူဦးရေစာရင်းကိုဒီဇင်ဘာလကုန်တွင်ထုတ်ပြန်နိုင်ရေးကြိုးပမ်းမယ်လို့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုစတင်ကျင့်သုံးတယ်လို့သတင်းထုတ်ပြန်ပြီးနောက်မှာပြည်သူအများစုဟာအရွယ်ရောက်သားပျို၊သမီးပျိုတွေအတွက်စိုးရိမ်သောကတွေမြင့်တက်နေရတာဖြစ်ပါတယ်။လက်ရှိမှာတော့သန်းခေါင်စာရင်းပါဆက်လက်ကောက်ယူနေတာကြောင့်စစ်မှုထမ်းဖို့အတွက်အချက်အလက်တွေပေးသလိုဖြစ်နေမှာလည်းပူပန်နေကြပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026