NEWS

သတ်မှတ်ထားသည့် အထည်ကြေးမပေးဘဲ ခေါင်းပုံဖြတ်

CoverLogo
495 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းကြီးမဟာမင်းခေါင်လမ်း မှာဖွင့်လှစ်ထားတဲ့ Saiform International Garment Myanmar အထည်ချုပ်စက်ရုံမှာ အထည်ကြေးကို သတ်မှတ်ထားတဲ့အတိုင်း ပေးချေတာမရှိဘဲ ခေါင်းပုံဖြတ်ခံနေရမှုဖြေရှင်းပေးစေလိုကြောင်း အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို တိုင်ကြားထားတာပါ။
 
အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၇၀၀ ကျော်နဲ့ ZEROCTAGE, Huna, ZERO-STAGE WORKWEAR, TIEORA, SOLOTEX အထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
စက်ရုံမှာ လုပ်ခကို ဒေးကြေး၊ ရက်မှန်ကြေး၊ တစ်ကတ်ကြေး၊ လစဉ်ဆုကြေး စနစ်နဲ့ သတ်မှတ်ထားတာဖြ်စပြီး တစ်ကတ် (ticket) ကြေး ကို သတ်မှတ်ပေးထားတဲ့နှုန်းထားအတိုင်းမပေးဘဲ ခေါင်းပုံဖြတ်ထားပြီး အထည်ဆုကြေးပေးချေရာမှာ မျှတမှုမရှိဘဲ ပေးချင်တဲ့သူကိုသာပေးချေတာကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတာကြောင့် သတ်မှတ်နှုန်းထားအတိုင်းပေးချေတာ ဒါမှမဟုတ် ပွင့်လင်းမြင်သာစွာ သတ်မှတ်ပေးချေတာတွေပြုလုပ်ပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"တစ်ကတ်ကြေးက ခိုင်းတုန်းကတော့ မတရားခိုင်းပြီး ပေးကာနီးကျမှ ဟိုဟာနှုတ် ဒီဟာနှုတ်နဲ့ နောက်ဆုံး တကယ်အလုပ်လုပ်ရတဲ့လူက ဘာမှမရတော့ဘူး ၊ အထည်ဆုကြေးကိုလည်း သတ်မှတ်အထည်စံချိန်ထက် ပိုချုပ်နိုင်တယ်ဆိုမှ အထည်ဆုကြေးပေးတာပါ ၊ အဲ့တာကို ပေးတာမှာလည်း စူပါ အောစူပါတွေက သူတို့ပေးချင်တဲ့သူမှ ပေးတယ်၊ မေးရင်လည်း မေးတဲ့သူပဲ နစ်နာရတယ် တကယ်ကြိုးစားလုပ်ပြီး ဆုကြေးရရမယ့်သူတွေလည်းမရနေဘူး၊ လိမ်ပြီးခိုင်းတာနဲ့တူနေတယ် အဲ့တာကိုလည်း ဖြေရှင်းပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်ချိန်မှာ နံနက် ၈ နာရီကနေ ညနေ ၆ နာရီခွဲ အထိဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရဆိုကာ အချိန်ပိုကို ည ၈ နာရီ ၊ ည ၁၂ ၊ မိုးလင်းပေါက် ဆင်းပေးနေရတယ်လို့ ပြောပါတယ်။
 
လုပ်ခပေးချေမှုအနေနဲ့ ဒေးကြေး ထောက်ပံ့ကြေး ၁၀၅၀၀ ကျပ်၊ အချိန်ပိုကြေး တနာရီ ၂၁၈၂ ကျပ်၊ ရက်မှန်ကြေး ၄၀၀၀၀ ကျပ် ၊ နှစ်ကြေး တနှစ်လျင် ၂၀၀၀ ကျပ်နှစ်အလိုက် တိုးပေးပြီး တလလျင် အလုပ်တရက်ပျက်ပါက ရှောင်တခင်ခွင့်မပေးဘဲ ရက်မှန်ကြေး တဝက်ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
 
"စက်ရုံက တစ်ကတ်ကြေး ဆုကြေးပေးတဲ့စက်ရုံပါ ဖွင့်ထားတာ ၁၀ နှစ်ကျော်ပြီ၊ ခွင့်နဲ့ပတ်သက်ပြီး အရေးကြီးလို့ ဂိတ်ပက်တောင်းရင်အလွယ်တကူမပေးပါဘူး၊ လုပ်သက်ခွင့်လည်းမပေးပါဘူး၊ လုပ်သက်ခွင့်ပြည့်ပြီး ၂ လအကြာမှ ပိုက်ဆံနဲ့ချေပေးတာပါ၊ ဆေးခွင့်တင်ရင်လည်း အပြောအဆိုခံရပါတယ်၊ အလုပ်သမားက ၁၇၀၀ ကျော်ရှိပြီး ဆေးခန်းနဲ့ သူနာပြုရှိတယ်၊ ဗိုက်အောင့် ခေါင်းမူးတာ အတွက်တော့ ဆေးမရှိဘူး အဲ့လိုဖြစ်နေတယ်၊ စက်ရုံအိမ်သာတွေလည်း ပျက်နေပြီး အမျိုးသမီးအိမ်သာတွေဆို ပိုဆိုးတယ်၊ ရေမလာတာတွေလည်းရှိတယ်၊ မီးပူတိုက်ဌာနမှာဆိုဒရင် အိမ်သာ အသွားအပြန်ကို လက်မှတ်ထိုးပြီးမှ သွားရတာတွေရှိတယ် ၊ သောက်ရေပြတ်သွားတာမျိုးတွေလည်းရှိတယ်" လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ ၊ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါ အချက်တွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ ပြောပါတယ်။
 
အလုပ်သမားတောင်းဆိုချက်တွေကတော့
 
၁။ အထည်တစ်ကဒ်ကြေးများကို သတ်မှတ်ထားသည့်အတိုင်းပေးရန်။ အထည်အရည်အတွက် ပိုသည်တွက် လျော့မည်ဆိုပါက ပွင့်လင်းမြင်သာစွာချပြ၍ လျော့ရန်။ QC Good အထည်ထဲမှ အထည်ကြေးနှုတ်သည်ကို မပြုလုပ်ရန်။
၂။ လစဉ်အထည်ဆုကြေးကို အညီအမျှ ခွဲဝေပေးရန်။
၃။ အိမ်သာများကို ပြုပြင်ပေးရန်၊ သုံးရေ လုံလောက်အောင် ထားပေးရန်နှင့် အိမ်သာသွား လက်မှတ်ထိုးခိုင်းခြင်းမပြုလုပ်ရန်။
၄။ သောက်ရေကို အလျဉ်မှီအောင်ဆောင်ရွက်ထားရှိပေးရန်။
၅။ ခွင့်ရက်များ ယူပါက ခွင့်ရှိပါက ရှိသည်ခွင့်အမျိုးအစားများနှင့် ပေးရန် စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026