NEWS

သင်္ဘောသား လုပ်ကိုင်လိုသူတွေကို အေးဂျင့်မှ ငါးဖမ်းသင်္ဘောပေါ် ရောင်းစားမှုဖြစ်

CoverLogo
421 Views
 
သင်္ဘောသား အလုပ်လုပ်ကိုင်လိုတဲ့ လုပ်သားတွေ ကို ပို့ဆောင်ပေတဲ့ အေးဂျင့် က Reefer(ကွန်တိန်နာ)သင်္ဘောတက်ရမယ်ဆိုကာ လိမ်လည်ပြီး ငါးဖမ်းသင်္ဘောပေါ် ပို့ဆောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာန ခွဲ မှသိရပါတယ်။
 
ရန်ကုန်၊ ကျောက်တံတားမြို့နယ် လမ်း၄၀မှာ ဖွင့်လှစ်ထားတဲ့ Strength Star Shipping co,ltd ဟာ SRPS လိုင်စင်ရယူထားခြင်းမရှိဘဲ သင်္ဘောသား အလုပ်လိုချင်သူတွေ ကိုပို့ဆောင်ပေးနေတာ မှာ မြန်မာသင်္ဘောသား ၃ဦး ကို Reefer(ကွန်တိန်နာ)သင်္ဘောတက်ရောက်ရမယ် ပြောဆိုခဲ့ပေမယ့် ငါးဖမ်းသင်္ဘော ပေါ်သို့ ပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
၎င်းမြန်မာသင်္ဘောသား ၃ဦးဟာ မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ပြောကြားခဲ့ ပေမယ့် ပြန်လည်ပို့ဆောင်ပေးခြင်း မရှိတဲ့ အပြင် ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်တွေ ပါ အလုပ်ခိုင်းစေခြင်း ကင်းစောင့်ရန် ငှားရမ်းထားတဲ့ ဆိုမာလီလက်နက်ကိုင်များရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အထိ အခက်ခဲ ဖြစ်နေတဲ့ အတွက် ကူညီဆောင်ရွက်ပေးဖို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာန ခွဲသို့ တင်ပြလာတယ်လို့ သိရပါတယ်။
 
ယခုဖြစ်စဉ် ကိုစိစစ်ရာမှာ မြန်မာသင်္ဘောသား၃ဦးဟာ သင်္ဘောတက် ရန် အတွက် ဌာနက အသိပေးကြေညာထားတဲ့ တရားဝင် SRPS ကုမ္ပဏီတွေ နဲ့ ချိတ်ဆက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ သင်္ဘောသားပို့ဆောင်ခြင်း လုပ်ငန်းကို တရားမဝင် ဆောင်ရွက်နေတဲ့ ပြင်ပကုမ္ပဏီနဲ့ ဆက်သွယ်ပြီး အလည်အပတ်ထွက်စာနဲ့ သင်္ဘောတက်ရောက်ဖို့ လုပ်ဆောင်ခဲ့တဲ့ အတွက် အခုလို ငါးဖမ်းသင်္ဘောပေါ်ကို ပို့ဆောင်ခံရကာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ အထိ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာန ခွဲမှ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF)ထံ စက်တင်ဘာ ၁၉ ရက်က ပို့ဆောင်ထားတဲ့ကြောင်းစာမှာဖေါ်ပြထားပါတယ်။
 
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) အနေနဲ့ SRPS ကုမ္ပဏီတွေက Strength Star Shipping co,ltd အပါအဝင် သင်္ဘောသား ပို့ဆောင်ခြင်း လုပ်ငန်းကို တရားမဝင်ဆောင်ရွက်နေတဲ့ ပြင်ပကုမ္ပဏီတွေနဲ့ လုပ်ငန်းဆောင်ရွက်ခြင်းမပြုကျရန် ဖြစ်စဉ်မှာပါရှိတဲ့ Liao Daung Yu 571, Liao Daung Yu 572နဲ့Liao Daung Yu 581 ငါးဖမ်းသင်္ဘောများသို့ သင်္ဘောသားများ စေလွှတ်ခြင်း မပြုဖို့ အသိပေးထားပါတယ်။
 
ယခုကဲ့သို့ သင်္ဘောသား များကို ငါးဖမ်းသင်္ဘောပေါ် သို့ လိမ်လည် ပို့ဆောင် ခြင်းခံရတဲ့ ဖြစ်စဉ်မှာပါဝင်တဲ့ SRPS ကုမ္ပဏီ တွေကို လိုင်စင်ရုတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ခြင်းခံရမယ်လို့ သတိပေးထားပါတယ်။
 

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026