NEWS

သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို

CoverLogo
119 Views
 
ထိုင်းနိုင်ငံရှိ နိုင်င်ခြားသား လုပ်သားများ အတွက် အလုပ်ရှင်ပြောင်းလဲခြင်း သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အလုပ်သမားတွေ (အောပ့်ဆွတ်) ရုံးသို့ ကိုယ်တိုင်သွားစရာမလိုအပ်တော့ပဲ အွန်လိုင်းစနစ်နဲ့ မတ်လ၄ရက်ကစပြီး လုပ်ဆောင်နိုင်တယ်လို့ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
၎င်း စနစ်သစ်အရ နိုင်ငံခြားသားများ၊ အလုပ်ရှင်များနဲ့ ၎င်းတို့ရဲ့ကိုယ်စားလှယ်တွေဟာ အလုပ်လုပ်ခွင့်ပါမစ်ပေါ်ရှိ အချက်အလက်များကို ပြောင်းလဲရန်အတွက် အွန်လိုင်းမှတစ်ဆင့် အလုပ်ရှင်ပြောင်းလဲခြင်း (ပုံစံ BT.44) ဖြင့် လုပ်ဆောင်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
"မတ်လ ၃၁ရက် သက်တမ်းတိုးထဲ ပါတဲ့ သူတွေ အတွက် အဆင်ပြေတာပေါ့ သက်တမ်းတိုးမှာ အလုပ်ရှင်ပြောင်းချင်တဲ့သူတွေက အရင်လို အော့ပ်ဆွတ်ရုံးမှာ လူကိုယ်တိုင် လက်ဗွေနှိပ် ၊မျက်စိစကင်ဖတ်တာ၊ဓါတ်ပုံရိုက်တာ လုပ်စရာ မလိုတော့ ဘူး အွန်လိုင်းကနေ အချက်အလက် ဖြည့်ငွေသွင်းပြီးတာနဲ့ ပြီးပြီ အချိန်ကုန်သက်သာသွားတယ်"လို့ ပါမစ်သက်တမ်းတိုးအတွက်ဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။
 
ဒါကြောင့် အလုပ်လုပ်ခွင့်ပါမစ်တွေအတွက် အလုပ်ရှင်ပြောင်းလဲကာ သက်တမ်းတိုး မယ့်သူတွေ အနေနဲ့ အခကြေးငွေ ၁၀၀ ဘတ်နှင့် ၃၀၀ ဘတ်တို့ကို အွန်လိုင်းမှ ပေးဆောင်ပြီး အလုပ်ရှင်ပြောင်းလဲခြင်းဆိုင်ရာ စာရွက်စာတမ်းများ ရရှိပြီး လုပ်ငန်းစဉ်ပြီးဆုံးပါက နေထိုင်ခွင့်ဆိုင်ရာ အကြောင်းကြားစာများ / အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026