NEWS

ဝန်ထမ်းတွေဆီကလူမှု့ဖူလုံရေးကြေးများဖြတ်​တောက်​နေပြီး မ​ပေးလျှင်စစ်ကောင်စီတရားစွဲတာခံရမည်ဆိုကာ ခြိမ်းခြောက်​နေဟုဆို

CoverLogo
551 Views

နိုဝင်ဘာ ၊ ၂ ရက်

ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှု့ဇုန်အခြေစိုက်အလှကုန်နဲ့ဆပ်ပြာလူသုံးကုန်ကုန်ကြမ်းများပါထုတ်လုပ်ဖြန့်ချီရောင်းချနေတဲ့ MCE(Myanmar Consumer Enterprise) ကုမ္ပဏီမှဝန်ထမ်းတွေဆီကလူမှု့ဖူလုံရေးကြေးများသာမကလစာများပါလုပ်ကြံဖြတ်တောက်ယုံမက လူမှု့ဖူလုံရေးကြေးမဆောင်ပါက စစ်ကောင်စီတရားစွဲတာခံရမည်ဟုပါဝန်ထမ်းများကို HR ကနေတဆင့်ခြိမ်းခြောက်နေတယ်လို့အမည်မဖော်လိုတဲ့ဝန်ထမ်းတဦးက MLN ကိုပြောပါတယ်။

"ခုဟာကဗျာလစာကျတော့လဲရောင်းအားမကောင်းလို့ဘာလို့ဆိုပြီးဖြတ်တယ် လူမှု့ဖူလုံရေးကြေးကျတော့လဲဖြတ်တယ် လူမှု့ဖူလုံရေးကြေးဖြတ်တာကိုချပြဆိုတော့လဲမချပြနိုင်ဘူးကျတော်တို့ကလူမှု့ဖူလုံရေးကြေးဆောင်ရပြီးတော့ဘယ်မှာလဲကျတော်တို့အခွင့်အရေး"လို့ MCE မှာအလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းတဦးက MLNကိုပါပြောပါတယ်။

အဆိုပါဝန်ထမ်းများကြုံတွေ့နေရတဲ့အခက်အခဲအပေါ်ကုမ္ပဏီရဲ့HRဆိုသူမှာလဲမသိကျိုးကျွံပြုနေတဲ့အတွက်ပိုအခက်အခဲဖြစ်နေရတယ်လို့စက်ရုံဝန်ထမ်းကပြောပါတယ်။

"ခုဟာကမတရားနှိပ်ကွပ်လွန်းတယ်ဗျာဖြတ်နေတာသုံးလေးလရှိပြီHRကိုပြောတော့လဲမရဘူးသူတို့ရှူံးတာဆိုရင်တောင်ကျတော်တို့အ ခြေခံ လစာကိုဘယ်နည်းနဲ့မှဖြတ်စရာအကြောင်းမရှိဘူးပြီးတော့လူမှု့ဖူလုံရေးကြေးသာဖြတ်တာ ရုံးကဗိုက်ကြီးသည်တွေဆိုဘာအခွင့်အရေးမှမရဘူး"လို့ အမည်မဖော်လိုတဲ့စက်ရုံဝန်ထမ်းတဦးကMLNကိုပြောပါတယ်။

အဆိုပါMCEကုမ္ပဏီမှာ Lolay အလှကုန်ဖြန့်ချီရေးအတွက်မြန်မာပြည်ကိုယ်စားလှယ်ရယူထားတဲ့ကုမ္ပဏီတခုလဲ ဖြစ်တယ်လို့သိရပါတယ်။

#MyanmarLabourNews
Photo - MCE


Related posts

Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026