NEWS

ဝင်ငွေ၊ ထွက်ငွေမမျှတမှုကြား ရုန်းကန်ရှာဖွေနေရဆဲ အခြေခံကုန်စည် ဈေးနှုန်းတွေ

CoverLogo
389 Views
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
ဇူလိုင် ၁၁၊ ၂၀၂၅
ပြီးခဲ့တဲ့ ရက်အတွင်း မှာ ရွှေဈေး၊ ငွေလွှဲဈေးနဲ့ ဆန်၊ ဆီ၊ စားသောက်ကုန်ဈေးတွေမှာ‌ ဈေးအပြောင်းအလဲ ကြီးကြီးမားမားမဖြစ်ပဲ စက်သုံးဆီဈေးနှုန်းနဲ့ ဟင်းသီးဟင်းရွက်ဈေးများမဆိုသလောက် ဈေးကျလာတယ်လို့သိရပါတယ်။‌
 
တပတ်အတွင်း ကုန်ဈေးနှုန်းတွေ အနည်းငယ် အပြောင်းအလဲရှိပေမယ့် အခြေခံလုပ်သားတွေရရှိတဲ့ လုပ်ခလစာ ဟာ ထောက်ပံ့ကြေး၊ အိုတီကြေးအပါအဝင် တရက်လျင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာရရှိတာကြောင့် အိမ်လခ၊ လျှပ်စစ်၊ ရေ၊ ဧည့်စာရင်းကြေး၊ စစ်မှုထမ်းကြေးနဲ့ သွားလာစရိတ်တွေ မြင့်တက်နေလို့ လည်း ဝင်ငွေ ထွက်ငွေ မမျှတမှုတွေဖြစ်ပေါ်ကာ စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာနေတယ်လို့ အခြေခံအလုပ်သမားတွေကပြောပါတယ်။
 
တရက်ပြီးတရက် ပိုမိုကျပ်တည်းလာတဲ့အခြေအနေမှာ စားဝတ်နေရေးအတွက် မငတ်ရုံတမယ် လုပ်ကိုင်နေရတာကြောင့်လည်း အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိလာနေတယ်လို့ လည်း အလုပ်သမားတွေကပြောပါတယ်။
အခုလို ဈေးနှုန်း အနည်းငယ်သာ အပြောင်းအလဲဖြစ်ပေါ်ပြီး စံချိန်တင်မြင့်တက်နေဆဲဖြစ်တဲ့ ကုန်စည်ဈေးနှုန်းတွေကို နှိုင်းယှဉ်သိရှိနိုင်ဖို့ စုစည်းတင်ဆက်လိုက်ပါတယ်။
 
စက်သုံးဆီဈေးနှုန်း
 
ယနေ့ဇူလိုင် ၁၁ ရက်နေ့ စက်သုံးဆီဆိုင်တွေမှာ ရောင်းချလျက်ရှိတဲ့ဈေးနှု န်းတွေက တော့ ၉၂တစ်လီတာ ၂၆၉၀ကျပ် ၊ ၉၅ တစ်လီတာ ၃၀၁၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆ ၃၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၆၅ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ ၁ ရက်ကြာဖြစ်တဲ့ ဇူလိုင် ၁၀ ရက်မှာတော့စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၃၀၁၅ကျပ်၊ ၉၅ တစ်လီတာ ၃၀၇၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၃၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၂၆၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေး ဓာတ်ဆီ ဈေးဟာ မနေ့ကနဲ့ ယနေ့ကြား ၁ ရက်အတွင်းမှာ ဈေးအနည်းငယ်ပြန်ကျလာတာပါ။
 
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကျပ် ကနေ ၃၄၀၀ ကျပ်ကြား ယခင်တစ်ပတ်ကြာကအတိုင်းရောင်းချတာကို တွေ့ရပါတယ်။
 
ရွှေဈေးနှုန်း
 
ရက်သတ္တပတ်အတွင်း ပြည်ပရွှေဈေးနှုန်း ကတော့ တည်ငြိမ်နေရာလက်ရှိ ပြည်တွင်း ရွှေဈေးနှုန်းဟာ တကျပ်သား ၇၉ သိန်းနီးပါးအထိမြင့်တက်‌နေဆဲပါ။
 
ဒါပေမဲ့ ဒီကနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းကတော့ ကျပ် ၅၈,၉၀၀၀၀ ဖြစ်ပါတယ်။
 
ပြင်ပရွှေဈေးကွက်အတွင်း ဇူလိုင်၅ရက်ကစလို့ ဇူလိုင်၁၁ရက်အထိ ရွှေဈေး အတက်အကျမပြ တည်ငြိမ်နေကာ ယခင်ရက်သတ္တပတ်ကြာအတိုင်းအတက်ဈေးနဲ့ ဈေးငြိမ်နေတာပါ။
 
ငွေဈေးနှုန်း
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေကိုကြည့်ပါက ငွေကျပ် ဆယ်ဂဏန်း နဲ့ရာဂဏန်း လောက်အခွာဈေးတွေသာပြောင်းလဲဖြစ်ပေါ်ခဲ့တာပါ။
 
ဇူလိုင် ၅ ရက်ကနေစလို့ ဇူလိုင် ၁ ရက်အထိ တစ်ပတ်တာလုံးမှာ တစ်ဒေါ်လာလျင် ၄၅ ၂၀ ကျပ်နှုန်းအမြင့်ဆုံးဈေးကွက်ရရှိခဲ့ပြီး လက်ရှိ ယနေ့ငွေပေါက်ဈေးက တစ်ဒေါ်လာ ကို ငွေ ၄၄၁၀ ကျပ်နှုန်းနဲ့ဈေးကျဆင်းလာတာပါ။
 
ယခင်သတ်မှတ်ဈေးအတိုင်း မှာ အနည်းငယ်သာဈေးကွာဟကာ ငွေကျပ် ၄၀၀၀အကျော်နဲ့ဆက်လက်ဈေးငြိမ်နေတာပဲဖြစ်ပါတယ်။ ယနေ့ဇူလိုင်လ ၁၁ရက်ရဲ့ ဒေါ်လာငွေလဲလှယ်နှုန်းကတော့ မနေ့ကထက် တစ်ဒေါ်လာကို ၁၀ကျပ်နှုန်းပြန်တက်လာကာ ၄၄၁၀ ကျပ်နဲ့ ဈေးဖွင့်နေတယ်လို့ဆိုပါတယ်။
 
အခြားငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ၊ ဂျပန်ယန်းတွေရဲ့ငွေလဲလှယ်နှုန်းကလည်း ယနေ့ဇူလိုင် ၁၁ ရက်မှာ ဘတ်ဈေး ရောင်းဈေး ၁၃၉ကျပ် ၊ဝယ်ဈေး ၁၃၅ကျပ်ရှိကာ၊ ယွမ်ဈေး‌ ရောင်းဈေး၆၃၃ကျပ်၊ ဝယ်ဈေး၆၁၅ကျပ် နဲ့ ဂျပန်ယန်းဈေး ရောင်းဈေး ၃၁၀ ကျပ်ကျော်၊ ဝယ်ဈေး ၃၀၀ ကျပ်ကျော်ဈေးရှိနေတယ်လို့သိရပါတယ်။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကို ၃၅၇၀ အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိမှာတော့ အကျဘက်ကို ဦးတည်ပြီး ၃၄၂၀ မှာ ငြိမ်သက်နေတာကိုတွေ့ရပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ ဇူလိုင် ၇ ရက်ကနေဇူလိုင် ၁၃ ရက်အထိ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၀၃၀ ကျပ်အဖြစ် သတ်မှတ်ရောင်းချနေတာဖြစ်ပြီးဒါဟာ ယခင်တပတ်ကြာက ဆီဈေး၆၀၆၀ကျပ်ထက် ငွေကျပ်၃၀နှုန်းဈေးလျော့လာရာ ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ အထိရှိနေဆဲလို့ ဝယ်ယူသုံးစွဲ‌နေတဲ့အိမ်ရှင်မတွေက ထံကသိရပါတယ်။
 
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၉၀၀၀ကျပ်၊ တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၇၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
အခြေခံ အလုပ်သမားတွေနဲ့အများစုဝယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့ တောင်ပျံရှယ်ဝယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ ရောနှော စားသုံးကြတယ်လို့ သိရပါတယ်။
 
ဟင်းစားအနေနဲ့ စားသုံးကြတဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးဈေးတွေထဲမှာ အသားဈေးတွေ ဈေးမြင့်တက်နေဆဲဖြစ်ရာ ရပ်ကွက်ဈေးတွေမှာ ဆိတ်သားဈေး တစ်ဆယ်သား ၅၅၀၀ ကျပ်ဈေးဖြင့် ဈေးထပ်မံမြင့်တက်ကာအမဲသားဈေးများလည်း တစ်ဆယ်သား ၃၂၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ကြာက အမြင့်ဈေးအတိုင်းပဲရှိနေပါတယ်။
 
လူအစားများတဲ့ ကြက်သားဈေးကလည်း တစ်ဆယ်သား၂၀၀၀ ကျပ် နဲ့ဝက်သားတစ်ဆယ်သား၃၅၀၀ကျပ် ဈေးနဲ့တက်ဈေးအတိုင်းပဲပြန်ကျမလာသေးပါဘူး။
 
ငါးဈေးကွက်ထဲမှာတော့ ငါးစင်ရိုင်းများ တစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ်ဈေး၊ ငါးပုဏ္ဏားတစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးငါးတန်တစ်ဆယ်သား ၂၅၀၀ ကျပ်ဈေး ၊ ငါးဘဲတစ်ဆယ်သား ၁၆၀၀ ကျပ်၊ ငါးပုတ်သင်တစ်ဆယ်သား ၁၅၀၀ ကျပ်၊ တီလားဗီယားတစ်ဆယ်သား ၁၃၀၀-၁၅၀၀ ကျပ်ဈေး၊ငါးကျည်းတစ်ဆယ်သား ၃၅၀၀ ကျပ်၊ ငါးရံ့တစ်ဆယ်သား ၃၀၀၀ ကျပ်၊ ငါးပြေမတစ်ဆယ်သား ၂၅၀၀ ကျပ်၊ ငါးသလောက်တစ်ဆယ်သား ၃၅၀၀ ကျပ်ဈေးနဲ့ ငါးမြစ်ချင်းတစ်ဆယ်သား ၁၅၀၀-၁၈၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိပြီး ငါးကြင်းဖြူတစ်ဆယ်သား ၂၃၀၀-၂၅၀၀ ကျပ်ဈေးများဖြင့် ဈေးမြင့်တက်နေပါတယ်။
 
ငါးခြစ်ဈေးကတော့ ပုံမှန်အမြင့်ဈေးအတိုင်းရှိပြီး ငါးမြစ်ချင်းခြစ်တစ်ဆယ်သား ၃၀၀၀-၃၃၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်
ဆယ်သား ၄၅၀၀ ကျပ်ဈေးအတိုင်းရှိနေပါတယ်။
 
ကြက်ဥ၊ ဘဲဥ ဈေးကတော့ ယခင်အတိုင်း အလုံးကြီး ၅၀၀ကျပ်၊ ၇၀၀ကျပ် ကနေ အလုံးသေး ၄၀၀ကျပ်၊ ၅၀၀ကျပ် ဈေးတွေရှိနေပြီး ဆေးဘဲဥဈေးယခင်၈‌၀၀ကျပ်ကနေ ၉၀၀ကျပ်အထိတက်ဈေးနဲ့ငြိမ်နေပါတယ်။
 
စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ အာလူး တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀ ကနေ ၃၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀ကျပ် အထိ ဈေးနှုန်းတွေ ဖြစ်ပေါ်နေတာပါ။
ရန်ကုန်မြို့ရဲ့ ရပ်ကွက်ဈေးတွေမှာ ဟင်းသီးဟင်းရွက်များ ဈေးအနည်းငယ် ပြန်ကျရာ နံနံပင်တစ်ဆယ်သား ၁၅၀၀ ကျပ်၊ တစ်ပိဿာ ၁၅၀၀၀ ကျပ်ဈေးဖြင့် ယခင်ထက်ဈေးပြန်ကျသလို ခရမ်းချဉ်သီးတစ်ဆယ်သား ၄၀၀- ၅၀၀ ကျပ် ယခင်နှစ်ပတ်က နံနံပင်တစ်ဆယ်သား ၃၅၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ဆယ်သား ၇၀၀ ကျပ် ဈေး တွေနဲ့ဈေးပြန်ကျတာပါ။
 
ဂေါ်ဖီထုပ်များလည်း တစ်ထုပ် ၁၅၀၀ ကျပ်ဈေးဖြပန်းဂေါ်ဖီတစ်ပွင့် ၂၀၀၀-၂၅၀၀ ကျပ် ဈေး ဖြင့် ယခင်ဈေးအတိုင်းရှိနေပါတယ်။
 
ဖလံတောင်ဝှေးတစ်စည်း ၁၀၀၀ ကျပ်၊ ဇရစ်ရိုးတစ်စည်း ၅၀၀ ကျပ်၊ တညင်းသီး ၁၀ လုံးတစ်ပုံ ၁၀၀၀ ကျပ်၊ ကောက်ရိုးမှိုတစ်ဆယ်သား ၁၈၀၀-၂၀၀၀ ကျပ် ၊ ငွေနှင်းမှိုတစ်ဆယ်သား ၁၃၀၀ ကျပ်၊တရုတ်ကန်စွန်းရွက်တစ်စည်း ၈၀၀ ကျပ်ဈေး၊မန်ကျည်းသီးတစ်ဆယ်သား ၂၅၀၀ ကျပ်၊ ကြောင်ရှာသီးတစ်တောင့် ၁၀၀၀-၁၅၀၀ ကျပ်၊ သပြုသီးတစ် လုံး ၈၀၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၈၀၀ ကျပ်တွေနဲ့ ယခင်ထက် အသီးအရွက်ဈေးတွေကျဆင်းလာတယ်လို့သိရပါတယ်။
 
ဆေးပစ္စည်းဈေးနှုန်းတွေကတော့ ဈေးကွက်ငြိမ်သက်နေရာ အိမ်သုံးအများဆုံး ဖျားနာပျောက်ဆေးအမျိုးအစားအလိုက် ငွေကျပ် ၁၅၀၀ မှ ၃၀၀‌၀ ကျပ်အထိ ဈေးတန်းအစားစားရှိနေသလိုအမူးပြေဆေး ၃၀၀၀ ကျပ်ဝန်းကျင်၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၅၀၀ကျပ် ၊ အစာကြေဆေး တစ်ကတ် ၄၀၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ ဆေးဈေးကွက်ထဲကသိရှိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026