NEWS

ဝင်ငွေခွန်ဖြတ်တောက်မှု ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးဖို့ အလုပ်သမားတွေပြော

CoverLogo
522 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်က ရွှေသံလွင်စက်မှုဇုန်ခြံအမှတ် - ၊ မလိခလမ်းမှာရှိတဲ့ Myanmar LNY CAPS Co,Ltd (ဦးထုပ်) စက်ရုံကအလုပ်သမားတွေအနေနဲ့ သူတို့ရဲ့လစာထဲကနေ ဝင်ငွေခွန်ဖြတ်တောက် လိုက်တဲ့အပေါ် စက်ရုံမှ တိကျစွာပြောပြ ကြေငြာပေးဖို့ အလုပ်သမားတွေဘက်ကလိုလားနေတယ်လို့သိရပါတယ်။
 
Myanmar LNY CAPS Co,Ltd (ဦးထုပ်) စက်ရုံ ကတရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး 47 CLEAN UP, FITCAP, OTTO, CAPAMERICA စတဲ့ အမေရီကန် Brands တွေ ချုပ်လုပ်ပြီး လုပ်သားအရေအတွက် ၈၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတာလို့ဆိုပါတယ်။
 
အဆိုပါ ဦးထုပ်စက်ရုံမှ အလုပ်သမားတွေအနေနဲ့ ပြီးခဲ့တဲ့ တစ်လအတွင်းဖြစ်တဲ့၂၀၂၅ခု နှစ် ဇွန်လမှာ လစာထဲကနေ ဝင်ငွေခွန်ကို စတင်ဖြတ်တောက်ခံရပြီး အဲ့ဒီဖြတ်တောက်မှုအပေါ် စက်ရုံပိုင်းကပွင့်လင်းမြင်သာမှုရှိစွာရှင်းပြခြင်းမရှိဘဲ ဖြတ်တောက်ခဲ့ကြောင်းနဲ့ စက်ရုံဘက်မှ မူလက စားသောက်ကုန်တစ်ချို့ပေးတဲ့ အခွင့်အရေးတွေလည်းမရရှိတဲ့အပြင် အလုပ်အချိန်ပိုကိုနေ့တိုင်း ၃ နာရီပါဝင်ဆင်းပေးနေရတယ်လို့သိရပါတယ်။
 
"အလုပ်ချိန်က မနက် ၈ နာရီမှ ညနေ ၇ နာရီ ၃၀ ထိ ပါ၊ အချိန်ပို ၃ နာရီ ပါပါတယ်။အရင်က မနက် ၈နာရီမှ ည ၆-၃၀ ထိပဲ အလုပ်ချိန်ပါ၊အခုနောက်ပိုင်း အချိန်ပိုတွေကို ည ၁၂ နာရီထိ ဆင်းနေရတဲ့အပြင် အာဇာနည်နေ့အပါ ၊တနင်္ဂနွေနေ့လည်း အလုပ်မပိတ်သလိုအချိန်ပိုတွေကို ဆက်တိုက်ဆင်းနေရပါတယ်"လို့ စက်ရုံအလုပ်သမားတွေကပြောပါတယ်။
 
အလုပ်သမားတွေထံက ဝင်ငွေခွန်ဖြတ်တောက် ရာမှာ တစ်ဦးလျင် တစ်သောင်းကျပ် ၊ ၅၀၀၀ ကျပ်၊ ၅ ထောင်ကျပ်အောက် ဖြတ်တောက်သွားတာဖြစ်ပြီး စက်ရုံ ၁ နှင့် ၂ နှစ်ရုံစလုံးမှာဖြတ်တောက်သွားတယ်လို့ ပြောပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်တွင်းအခွန်များဦးစီးဌာန က ထုတ်ပြန်ချက်အရ ဝင်ငွေခွန်ကို တနှစ်လျင် ကျပ် ၄၈ သိန်း ထက်ကျော်လွန်မှသာ ဝင်ငွေခွန်ပေးဆောင်ရမှာဖြစ်ပြီး စုစုပေါင်းလစာဝင်ငွေရဲ့ အခြေခံသက်သာခွင့်တွေ ၊ အတူနေမိဘအတွက် သက်သာခွင့်၊ အိမ်ထောင်ဘက်အတွက် သက်သာခွင့် ၊ သားသမီးအတွက် သက်သာခွင့်၊ အသက်အာမခံ အတွက်ပေးရသည့် ပရီမံယံကြေး၊ လူမှုဖူလုံရေးထည့်ဝင်ငွေတွေကို နှုတ်ပယ်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
 
"ဝင်ငွေခွန် ဆောင်ရအောင်က အလုပ်သမားတွေ တကယ်ရနေတာက ဒေးကြေး ၄၈၀၀ ၊ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်နဲ့ ရနေတာပါ၊ ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးတွေက အလုပ်ဆင်းရက်ပြည့်မှ ရတာ၊ အခြေခံလစာအနေနဲ့ ၁၄၄၈၀၀ ပဲရတာဖြစ်ပါတယ်။ အချိန်ပိုတွေမတရားခိုင်းနေလို့ လစာ ၄ သိန်းကျော် ၅ သိန်းရတာကို ဝင်ငွေခွန်ဖြတ်ပြီးတော့ စက်ရုံဘက်က သေသေချာချာရှင်းပြတာမျိုးလဲမရှိဘူး မေးရင် သူတို့လည်း မရှင်းပြတတ်ဖူး"လို့ အလုပ်သမားကပြောပါတယ်။
 
Myanmar LNY CAPS Co,Ltd (ဦးထုပ်) စက်ရုံ က ယခင်ကအလုပ်သမားတွေအတွက် ဆန်၊ဆီ၊ဆား စတဲ့စားသောက်ကုန်တွေကို ပေးနေတာဖြစ်ရာ ယခုအခါ မပေးတော့ပဲ ထမင်းချက်ကျွေးတာကိုပြောင်းလဲလိုက်ပြီး ထမင်းချက်ကျွေးရာမှာလည်း သန့်ရှင်းမှုအားနည်းလို့ အော့အန်ဆေးခန်းရောက်တဲ့အထိ အလုပ်သမားတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် အထက်ပါ ဦးထုပ်စက်ရုံကအလုပ်သမားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်မှ နစ်နာမှုတွေအတွက်မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ထံ တင်ပြထားတာလည်းဖြစ်ပါတယ်။
 
အလုပ်သမား‌ တွေရဲ့ တောင်းဆိုချက်အနေနဲ့
၁။ ဝင်ငွေခွန်နဲ့ပတ်သက်ပြီး ရှင်းလင်းစွာ ကြေညာချက်ထုတ်ပေးရန်။
၂။ စက်ရုံမှာထမင်းကျွေးတာထက် ယခင်အတိုင်း ဆန်၊ဆီ၊ ဆား ပဲ ပေးရန်။
၃။ အချိန်ပိုများကို ပုံမှန် ညနေ ၆-၃၀ ထိသာ ခေါ်ယူလုပ်ကိုင်ပေးရန်အပါအဝင်သတ်မှတ် အလုပ်ပိတ်ရက်များကို အလုပ်ပိတ်ပေးရန် ဆိုပြီးအလုပ်သမားတွေဘက်က တောင်းဆိုထားတာဖြစ်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026