NEWS

လှိုင်သာယာ ၈၆ ဂိတ်ဟောင်းအနီး ယာဉ်တိုက်မှုမှာ ရွှေခရုအထည်ချုပ်စက်ရုံလုပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့

CoverLogo
790 Views

စက်တင်ဘာ ၁၈ရက်နေ့  ညနေ၅နာရီ အချိန်ခန့်က လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၂၀ရပ်ကွက်၊အနော်ရထာလမ်းမ၊၈၆ဂိတ်ဟောင်းမှတ်တိုင်အနီး၊ရွှေရင်အေးရွှေဆိုင်အနီးတွင် ယာဉ်တိုက်ပြီးတိမ်းမှောက်မှုမှာ ဖူဟင်း(ရွှေခရု)အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။   

 

အဆိုပါယာဉ်တိုက်မှုကြောင့် ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့တဲ့အထဲမှာ လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်က ဖူဟင်း(ရွှေခရု) အထည်ချုပ်စက်ရုံအလုပ်သမားတွေဖြစ်တဲ့ လှိုင်သာယာအနောက်ပိုင်း မြို့နယ် ၂၀ရပ်ကွက် နေထိုင်သူ အသက်၂၀ နှစ်အရွယ်မမေသူဟန် သေဆုံးခဲ့ပြီး ယင်း၂၀ရပ်ကွက်တွင်နေထိုင်တဲ့ အသက်၂၆နှစ်အရွယ် အမျိုးသမီးနဲ့ အသက်၂၇နှစ် အရွယ်အမျိုးသမီး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

"သေဆုံး၃ဦး ဒဏ်ရာ၅ဦးပါ။ အမြင်အရတော့ သူကလိုင်းကားမဟုတ်ဘူး ကျိုက်လတ်တို့ ဖျာပုံတို့အဲ့ဘက်ကိုသွားတဲ့ကား။ ဖယ်ရီကားလို့တော့ပြောကြတယ်။ ဖြစ်စဉ်အတွင်းမှာတော့ ကားကအခွံကြီး လူမပါဘူး။ ဖယ်ရီအကြိုသွားတာလည်းဖြစ်နိုင်တယ်။ အတိအကျတော့မသိရဘူး။ ယာဉ်မောင်းကထွက်ပြေးနေဆဲပဲ" လို့ ပရဟိတအသင်းတစ်ခုမှ သိရပါတယ်။ 

 

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကားဟာ ကျိုက်လတ်၊ ဖျာပုံဘက်ကိုသွားတဲ့ သမာဓိခရီးသည်ပိုဆောင်ရေးယဉ် လိုင်းကဖြစ်ပြီး ဖယ်ရီကားဖြစ်တယ်လို့လည်း ပြောဆိုနေကြသလို အဲ့ဒီယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အလယ်ရွာတွင် အိမ်ငှားနေသူ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Tai Hong စက်ရုံက ကိုယ်ဝန်ဆောင် အလုပ်သမား အပါအဝင် အလုပ်သမားများအား ဆေးခွင့်မပေး ၊ ကုသမပေးဘဲ ဖိအားပေး ခိုင်းစေ
Dec 06, 2023
Cover
ပဲခူးက VHT အထည်ချုပ်စက်ရုံ လုပ်သား ၄၀၀ နီးပါးကို လစာမဲ့ခွင့်ဖြင့်စက်ရုံပိတ်ထား လို့ အခက်အခဲဖြစ်နေ
Dec 03, 2023
Cover
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေများ
Dec 02, 2023
Cover
BOHUA FASHION အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ
Nov 29, 2023
Cover
အလုပ်သမားရုံးတိုင်ကြားသည့် အလုပ်သမားအား စက်ရုံတာဝန်ခံဆိုသူက နည်းမျိုးစုံနှင့် ဖိနှိပ်
Nov 29, 2023
Cover
အိုမန်တွင် မြန်မာအမျိုးသမီး ၆၀ ဝန်းကျင် အလုပ်မရဘဲ အခန်းကျဉ်းထဲ ဒုက္ခရောက်နေ
Nov 29, 2023
Cover
မြန်မာအမျိုးသမီး၆ ဦး ဒူဘိုင်းသို့အိမ်အကူလုပ်ရန်ထွက်ခွာလာရာမှအီရတ်နိုင်ငံသို့ ရောင်းစားခံခဲ့ရ
Nov 28, 2023
Cover
TIAN YU  ဖိနပ်စက်ရုံက နားရက်မရတဲ့အထိအချိန်ပိုခေါ်ယူနေ
Nov 27, 2023