NEWS

လှိုင်သာယာ ၈၆ ဂိတ်ဟောင်းအနီး ယာဉ်တိုက်မှုမှာ ရွှေခရုအထည်ချုပ်စက်ရုံလုပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့

CoverLogo
1.5K Views

စက်တင်ဘာ ၁၈ရက်နေ့  ညနေ၅နာရီ အချိန်ခန့်က လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၂၀ရပ်ကွက်၊အနော်ရထာလမ်းမ၊၈၆ဂိတ်ဟောင်းမှတ်တိုင်အနီး၊ရွှေရင်အေးရွှေဆိုင်အနီးတွင် ယာဉ်တိုက်ပြီးတိမ်းမှောက်မှုမှာ ဖူဟင်း(ရွှေခရု)အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။   

 

အဆိုပါယာဉ်တိုက်မှုကြောင့် ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့တဲ့အထဲမှာ လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်က ဖူဟင်း(ရွှေခရု) အထည်ချုပ်စက်ရုံအလုပ်သမားတွေဖြစ်တဲ့ လှိုင်သာယာအနောက်ပိုင်း မြို့နယ် ၂၀ရပ်ကွက် နေထိုင်သူ အသက်၂၀ နှစ်အရွယ်မမေသူဟန် သေဆုံးခဲ့ပြီး ယင်း၂၀ရပ်ကွက်တွင်နေထိုင်တဲ့ အသက်၂၆နှစ်အရွယ် အမျိုးသမီးနဲ့ အသက်၂၇နှစ် အရွယ်အမျိုးသမီး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

"သေဆုံး၃ဦး ဒဏ်ရာ၅ဦးပါ။ အမြင်အရတော့ သူကလိုင်းကားမဟုတ်ဘူး ကျိုက်လတ်တို့ ဖျာပုံတို့အဲ့ဘက်ကိုသွားတဲ့ကား။ ဖယ်ရီကားလို့တော့ပြောကြတယ်။ ဖြစ်စဉ်အတွင်းမှာတော့ ကားကအခွံကြီး လူမပါဘူး။ ဖယ်ရီအကြိုသွားတာလည်းဖြစ်နိုင်တယ်။ အတိအကျတော့မသိရဘူး။ ယာဉ်မောင်းကထွက်ပြေးနေဆဲပဲ" လို့ ပရဟိတအသင်းတစ်ခုမှ သိရပါတယ်။ 

 

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကားဟာ ကျိုက်လတ်၊ ဖျာပုံဘက်ကိုသွားတဲ့ သမာဓိခရီးသည်ပိုဆောင်ရေးယဉ် လိုင်းကဖြစ်ပြီး ဖယ်ရီကားဖြစ်တယ်လို့လည်း ပြောဆိုနေကြသလို အဲ့ဒီယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အလယ်ရွာတွင် အိမ်ငှားနေသူ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026