NEWS

လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် EPC ဝန်ထမ်းအချို့ ငွေကြေးတောင်းခံပြီး ဓါတ်အားခ လျော့နည်းအောင် အကြံဖန်ပြုလုပ်တာ ပေါ်​ပေါက်လို့ တိမ်း​ရှောင်​နေရတယ်လို့ သတင်းထွက်နေ

CoverLogo
467 Views

လှိုင်သာယာ အနောက်ပိုင်းမြို့နယ်မှာ လျှပ်စစ်ဝန်ထမ်း အချို့က လူနေအဆောင်တွေနဲ့ မီတာအသုံးများတဲ့နေအိမ်တွေ ကို  ငွေကြေးကောက်ယူပြီး မီတာယူနစ်လျှော့ နည်းအောင် ပြုလုပ်ပေးနေတာ ကို အထက်က သိရှိသွားတဲ့ အတွက်ဝန်ထမ်း အချို့ ထွက်ပြေး တိမ်းရှောင်မှု ဖြစ်ပွားနေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

"ဘယ်လို ဖြစ်တာလဲဆိုရင်  မီတာယူနစ် ၂၀၀၀ ကျတယ်ဆိုရင် ၁၀၀၀ ယူနစ်  လုပ်ပေးမယ် သူတို့ကို ပိုက်ဆံ ဘယ်လောက်ပေး အဲ့လိုမျိုး လုပ်ထားတာတွေ အရင်က မီတာ ဖြုတ်ထားတာတွေ ကို ရောင်းစားပစ်တယ် ဒါတွေကို  လူကြီးတွေက စစ်လို့ မိသွားတော့  လုပ်ထားတဲ့ လျှပ်စစ်ရုံးက ဝန်ထမ်းအချို့ ထွက်ပြေး တိမ်းရှောင်နေကြတယ် ""လို့  နီးစပ်သူတစ်ဦးကပြောပါတယ်။

လျှပ်စစ်ရုံးမှ ဝန်ထမ်း အချို့ ထွက်ပြေးသွားတဲ့ အတွက် လှိုင်သာယာအနောက်ပိုင်းမြို့နယ်ထဲမှာ ရပ်ကွက် များရှိ နေအိမ်တွေ ကို မီတာစာရွက် လိုက်လံပေးတာ မရှိဘူးလို့ သိရပါတယ်။

""ဒီလအတွက်  မီတာစာရွက် လာမပေးသေးဘူး အရင်က ဒီလို အချိန် ဆိုရောက်နေပြီ  အဆောင်တခုထဲ ကိုတော့  လျှပ်စစ်ရုံးက လူကြီးတွေ လာသွားပြီးမေးမြန်းတာတော့ရှိတယ် ပြသာနာ တစ်ခုခုတော့ တတ်နေတယ် မီတာရုံးက လိမ်သွားတယ်တော့ကြားတယ် ""လို့ လှိုင်သာယာ အနောက်ပိုင်းမြို့နယ် မှ ဒေသခံ တစ်ဦးကပြောပါတယ်။

အခုလို ဖြစ်ပွားတဲ့ အတွက် လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ အဆောင်နဲ့ နေအိမ် အချို့ မှာ မီတာခ တွေ ထပ်မံပေးဆောင်ရမယ့် အခြေနေ ဖြစ်နေတဲ့ အတွက် လျှပ်စစ်ဝန်ထမ်းများနဲ့ အိမ်ပိုင်ရှင် တို့ပြသာနာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

""အခုက အောက်ခြေက ဝန်ထမ်းတွေက  စားပြီး  အဲ့ကောင်တွေက  ပြေးပြီ အိမ်ရှင်တွေက အရင်သုံးထားတယ်ဆိုတဲ့ မီတာခတွေ စုပြီး သိန်း ၅၀ တွေ ၁၀၀ ဝန်းကျင်တွေ ဆောင်ရမယ့်အနေထား ဖြစ်နေတယ် ""လို့ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ လှိုင်သာယာအနောက်ပိုင်း မြို့နယ် ရှိ အချို့ရပ်ကွက်တွေ ကို ယခုလအတွက် ဆောင်ရမယ့် မီတာခ ကို စာရွက်မပေးတော့ဘဲ ယခင်လ က မီတာစာရွက်ယူကာ လျှပ်စစ်ရုံးသို့ လာရောက် ပြီး ရုံးမှစာရင်းအရ  မီတာခ ပေး ဆောင်ရ မယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှုးအချို့က လိုက်လံပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026