NEWS

လှိုင်သာယာမြို့နယ်ရှိ Victor House Co., Ltd စက်ရုံတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရဟု ဆို

CoverLogo
621 Views
 
လှိုင်သာယာမြို့နယ် အောက်ထိပ်တွင်တည်ရှိသော Victor House Co., Ltd သည် တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး PAPAYA တံဆိပ်အထည်များ ကိုချုပ်လုပ်နေသော စက်ရုံတစ်ခုဖြစ်ပါတယ်။
 
ယင်းစက်ရုံတွင် အလုပ်သမားဦးရေ ၉၀၀ ကျော် နဲ့အင်္ကျီနှင့် ဘောင်းဘီအမျိုးအစားများ အများဆုံးချုပ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားများ၏ အခွင့်အရေးများကို များစွာ ချိုးဖောက်ခံရနေကြောင်း မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ထံကသိရပါတယ်။
 
အလုပ်ရှင်ဘက်မှ အထည်စံချိန်များကို မတရားတောင်းခံခြင်း၊ စက်လိုင်းတစ်လိုင်းလျှင် လူ ၃၀ ခန့်ဖြင့် တစ်နာရီ ၅၀ အထည်ကျော်ချုပ်ရန် တောင်းဆိုခြင်း၊ အထည်ချုပ်လုပ်ရာတွင် ပဲအထည်ကျလျှင် ရုံခန်းထဲသို့ ခေါ်ဆောင်ကာ ဝမ်တိန်ထိုးအပြစ်ပေးခြင်း များလည်း ဖြစ်နေကြောင်းအလုပ်သမားတွေကပြောပါတယ်။
 
ထို့အပြင် စက်ရုံအတွင်းရှိ အော်စူပါများနှင့် စူပါများမှ အလုပ်သမားများအား အော်ဟစ်ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာ ဆဲဆိုခြင်း စသည့် ပြုမူမှုများရှိနေကြောင်း၊ ပဲကျပါက ဝမ်တိန်ထိုးအပြစ်ပေးခြင်း၊ သဘောမကျသူများအား ဖိအားပေးခြင်း စသည့်အခြေအနေများ ဖြစ်နေကြောင်းလည်း ပြောပါတယ်။
 
အလုပ်သမားများ၏ လစာထုတ်ချိန်တွင်လည်း HR နှင့် အော်စူပါများမှ ဂရိတ်ကြေးစာရွတ်များ ချပေးပြီး ကိုယ်တိုင်ရေးဖို့ညွှန်ကြားကာ အရင်ကရထားတဲ့ ဂရိတ်အဆင့်များကို လျော့ရေးစေတာတွေဖြစ်နေကြောင်းပြောပါတယ်။
 
ဥပမာအားဖြင့် A ဂရိတ်ရသူများကို B သို့ပြောင်းရေးစေခြင်း၊ B ရသူများကို C သို့ပြောင်းရေးစေခြင်း စသဖြင့် အဆင့်ချခြင်းဖြင့် လစာလျော့ချခံရခြင်း ဖြစ်နေတယ်လို့ဆိုပါတယ်။
လစာအမျိုးအစားများအနေနဲ့
• ဒေးကြေးနှင့် ထောက်ပံ့ကြေး – ၁၀,၈၀၀ ကျပ်
• ရက်မှန်ကြေး – ၅၀,၀၀၀ ကျပ်
• A ဂရိတ် – ၈၅,၀၀၀ ကျပ်
• B ဂရိတ် – ၅၀,၀၀၀ ကျပ်
• C ဂရိတ် – ၃၀,၀၀၀ ကျပ်
ဟူ၍ ပေးအပ်နေကြောင်း သိရပါတယ်။
 
အလုပ်သမားများအနေနဲ့ ခွင့်ရက်များမပေးခြင်း၊ ခွင့်တောင်းပါက တစ်ရက်လျှင် ၅၀,၀၀၀ ကျပ် လျှော့ခံရခြင်း စသည့်ပြဿနာများလည်း ရှိနေတယ်လို့ပြောပါတယ်။
 
ထို့အပြင် စက်ရုံအတွင်းရှိ အိမ်သာအရေအတွက်မလုံလောက်ခြင်းနှင့် သန့်ရှင်းမှုမရှိခြင်း ကဲ့သို့သော ကာမအဆင်မပြေမှုများလည်း သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးစေလိုကြောင်း အလုပ်သမားများက တောင်းဆိုထားပါတယ်။
 
အလုပ်သမားတောင်းဆိုချက်အနေနဲ့
။ အလုပ်ရှင်ဘက်မှ အောစူပါ၊ စူပါများမှ အထည်စံချိန်များတောင်းခံရာတွင် အော်ဟစ်ဆဲဆိုနေခြင်းမပြု လုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၃။ အလုပ်သမားများ အိမ်သာများမှ လုံလောက်မှု့မရှိခြင်း၊ သန့်ရှင်မှု့ရှိအောင် အလုပ်ရှင်ဘက်မှဆောင် ရွက်ပေးရန်။
၄။ အောစူပါ၊စူပါများက သူတိုသဘောမကြတဲ့ အလုပ်သမားတွေဆိုရင် အလုပ်မထွက်ထွက်အောင် အငြိုး တေးထားပြီးမဆက်ဆံရန်။
၅။ အလုပ်ရှင်ဘက်က အလုပ်သမားများကို ပဲထည်ကျလျှင် ဝမ်တိန်ထိုးခိုင်းခြင်းမပြုလုပ်ရန်ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026