NEWS

လှိုင်သာယာစက်မှုဇုန်မှာ အလုပ်သမားတွေရဲ့ဖုန်းကိုစစ်ကောင်စီတပ်သားများ စစ်ဆေးကာ ဖမ်းဆီးမှုတွေပြုလုပ်

CoverLogo
796 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မှာရှိတဲ့ စက်မှုဇုန် ဧရိယာထဲက ကားမှတ်တိုင်တွေအနီးမှာ အလုပ်က ပြန်လာတဲ့ အလုပ်သမားတွေရဲ့ ဖုန်းကို စစ်ကောင်စီတပ်သားတွေက တောင်းယူစစ်ဆေးပြီး ဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုလို တောင်းယူစစ်ဆေးတာဟာ အလုပ်ပြန်ဆင်းချိန်တွေ မှာ ရှောင်တခင်စစ်တာဖြစ်ပြီး အလုပ်သမားတွေရဲ့ ဖုန်းထဲက တယ်လီဂရမ်၊ ဘိုက်ဘာ၊ ဖေစ့်ဘွတ်နဲ့ ဓါတ်ပုံတွေ၊ ဖုန်းကောခေါ်ဆိုမှု မှတ်တမ်းတွေနဲ့ VPN App တွေ ထည့်သွင်းထားခြင်းမရှိ မရှိစစ်ဆေးနေတာလို့ သိရပါတယ်။

"မေလ ၁၅ ရက်နေ့လောက်ကတည်းက စစ်တယ်လို့ သိရတယ်၊ တယ်လီဂရမ်တွေဘာတွေစစ်တယ်လဲပြောတယ်၊
အလုပ်သမားတွေက တော့ ထိတ်လန့်တာပေါ့ ဖုန်းပေးစမ်းဆိုပြီးကြည့်တာ သူတို့စစ်ချင်တဲ့ တယ်လီဂရမ်မရှိရင်တော့ ကံကောင်းတာပေါ့ အလုပ်သမားတွေကလည်းသိပ်မသုံးပါဘူး ဒါကတော့အရှင်းဆုံးပြောရရင် လူ့အခွင့်အရေးချိုးဖောက်တာပေါ့ ကိုယ်ပိုင်ဖုန်းကို တခြားတယောက်က စစ်ဆေးတာမဖြစ်သင့်ဘူး အလုပ်သမားပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် စစ်ဆေးခံရရင်ထိန်လန့်မှာပဲ ပြည်သူတွေကို လိုက်ထိန်းချုပ်တာ မဖြစ်သင့်ဘူး"လို့ အလုပ်သမားအရေးလှုပ်ရှားသူကပြောဆိုပါတယ်။

လူဦးရေထူထပ်များပြားတဲ့ စက်မှုဇုန်တွေမှာ စစ်ကောင်စီတပ်သားတွေ နေ့စဉ်ကင်းလှည့်တာတွေ လုပ်ဆောင်နေပြီး အများပြည်သူတွေ အဓိက အသုံးပြုနေရတဲ့ သုံးဘီးနဲ့ ဆိုင်ကယ်တွေကို စီးနင်းခွင့်ပိတ်ပင်ထားသလို စီးနင်းနေတာတွေ့ရင်လည်း ဖမ်းဆီးနေတာပါ။

"အခြေခံပြည်သူတွေကို အကြောက်တရားရိုက်ထည့်ချင်တာရယ် ငွေညစ်ချင်တာရယ် ပေါ့ အဲ့တာတွေကြောင့် အဓိကထားပြီးလုပ်နေတာပေါ့၊ အခုဆိုရင် သုံးဘီးတွေဖမ်းလို့ သွားရေးလာရေးခက်လာတယ် ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်။ ဖုန်းတွေစစ်လို့ အဖမ်းခံရတဲ့ အလုပ်သမားတွေလည်းတွေ့တယ် ဖမ်းခံရတဲ့ လူငယ်တွေ ပြန်လွှတ်ပေးလား ပိုက်ဆံတောင်းလားတော့မသိရဘူး။ ကျိန်းသေပေါက် ပိုက်ဆံကုန်မှာတော့ သေချာတယ်။ တဖက်မှာလည်း ကုန်ဈေးနှုန်းကကြီးတော့ လစာမလောက်ငှရတဲ့ကြားထဲ အခုလို အဖက်ဖက်က ငွေညှစ်တာတွေက အခြေခံပြည်သူတွေရဲ့ လည်ပင်းကိုတက်နင်းတဲ့လုပ်ရပ်ပဲ"လို့ လှိုင်သာယာဒေသခံတစ်ဦးကပြောပါတယ်။

လက်နက် ကိုင်ဆောင်ထားပြီး  စစ်ဝတ်စုံဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အုပ်စုလိုက် ၈ ယောက်ဝန်းကျင် ရှိပြီး ညတိုင်းလိုလို စစ်ဆေးနေပြီး နေရာတခုလျင် ၁ နာရီကျော် ခန့်သာ မှောင်ရိပ်ခို စစ်ဆေးတာ ၊ ကင်းပတ်တာတွေလုပ်ဆောင်နေသလို လူငယ်တွေနဲ့ သုံးဘီးသမားတွေကို ဖမ်းဆီးတာ ၊ ထုရိုက်တာနဲ့ ထိုးကြိတ်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။


Related posts

Cover
Female Garment Workers Becoming Victims of Chinese “Rental Wife” and Paid Marriage Trafficking
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026