NEWS

လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ

CoverLogo
106 Views
 
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ် မှာ စက်ရုံအကြိုပို့(ဖယ်ရီကား)နဲ့ ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ မီနိဘတ်စ် လိုင်းကားတို့ တိုက်မိမှု ဖြစ်ပွားကာ ယာဉ်ပေါ်ပါသူ ၄ဦးသေဆုံးပြီး ၃၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သွားရောက် ကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။
 
ဖေဖေါ်ဝါရီ ၃ ရက် ဒီကနေ့ ၇ နာရီ ၁၅ မိနစ်ခန့်က လှည်းကူးမြို့နယ် အမှတ် ၂ လမ်းမကြီး အင်းတိုင်ကျေးရွာအနီး စက်ရုံ ဖယ်ရီကားနဲ့ သင်္ဃန်းကျွန်း -ပဲခူး ပြေးဆွဲနေတဲ့ ထာ၀ရ လိုင်းကားတို့ မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
၎င်းယာဉ်တိုက်မှု တွင် စက်ရုံဖယ်ရီကားပေါ်မှ ထိခိုက်ဒဏ်ရာ ရရှိသူ ပိုများ ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
" ယာဉ်တိုက်တဲ့ ပုံအရ ဆိုရင် စက်ရုံဖယ်ရီကားက လမ်းကြောင်းမှားတာ ကြိုရမယ့် လူကျန်နေခဲ့လို့ ပြန်အကွေ့မှာ ဖြစ်တယ်လို့လဲပြောတယ် ယာဉ်တိုက်မှုကအရှိန်ပြင်းတော့ ဖြစ်ဖြစ်ချင်း သေဆုံးတဲ့သူရှိသလို ဆေးရုံရောက်မှ သေဆုံးတဲ့သူရှိတယ်လို့ ကြားတယ် ထိခိုက်ဒဏ်ရာရသူတွေများတယ် အခင်းဖြစ်ဖြစ် ချင်း ပရဟိတ အသင်းတွေ မြို့နယ် ကြက်ခြေနီတွေ မီးသတ်တပ်ဖွဲ့တွေ လာပြီး ကူညီပေးကျတယ် "လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အချို့ကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
 
အခုဖြစ်စဉ်သို့ လှည်းကူးကြက်ခြေနီအသင်း၊ လင်းရောင်ခြည်ပရဟိတအသင်း၊ ပေးဆပ်သူ ပရဟိတအသင်း၊ မှော်ဘီ၊အင်းစိန် ကြက်ခြေနီအသင်း စတာတွေအပါအဝင်ကယ်ဆယ်ရေးအဖွဲ့၁၇သင်းမှ ပူးပေါင်းပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ကျတယ်လို့ သိရပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026