NEWS

"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့"

CoverLogo
66 Views

"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့"

သူရိန်အောင်

မေဒေးနေ့ သတင်းစကား 

အခုကတော့ အလုပ်သမားအခွင့်အရေးက နစ်နာဆုံးရှုံးတာပေါ့လေ။ ကာကွယ်ဖို့လည်း အဆင်မပြေဘူး ပိုတိုးတက်ရဖို့ဆိုလည်း အဝေးကြီးဖြစ်သွားပြီ။ အဲ့ဒီကိစ္စတွေ လက်ရှိ ဆုံးရှုံးနစ်နာနေတာတွေကို မေဒေးစိတ်ဓါတ်အဖြစ်‌ မေဒေးနေ့ သတ်မှတ်ခံရတဲ့အထိ တနေ့အလုပ်ချိန် ၈ နာရီဖြစ်ဖို့ အတွက် လုပ်ဆောင်ခဲ့တဲ့ အရှေ့အရှေ့က အလုပ်သမားကြီး တို့ ရဲ့ စိတ်ဓါတ်မျိုး ထားပြီးတော့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေပြန်ရအောင် လုပ်ဖို့ ကြိုးစားသင့်တယ်ပေါ့။

လုပ်ခလစာတိုးဖို့ ဆိုတဲ့ ကိစ္စကတော့ အခုထိ တိုးဖို့မမြင်သေးဘူး အခုကတော့ ဘာဖြစ်သွားပြီလဲဆိုတော့ independence တော့ ဖြစ်သွားတာပေါ့ ဈေးကွက်ပေါက်ဈေး ဖြစ်သွားတာပေါ့ ကြိုက်ရင်လုပ်မယ် မကြိုက်ရင်မလုပ်ဖူး လစာတိုးပေးတဲ့ဘက်ကို သွားမယ်ဆိုတဲ့ အလုပ်သမားဈေးကွက် demand ရှိတဲ့ဘက်ကိုသွားမယ်ဆိုတဲ့ ပုံစံဖြစ်နေတာပေါ့ ။

လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်း ကုမ္ပကြီတခုခုက လစာတိုးဖို့လုပ်ပေးတယ်ဆိုတဲ့ ကိစ္စလိုဟာမျိုး ကလည်းတော်တော်အလှမ်းဝေးနေသေးတယ်။ လမ်းစမမြင်သေးဘူးပေါ့နော် လမ်းစမြင်တယ်ဆိုရင်တောင်လုပ်ရအုံးမယ် အကြောင်းအရာတွေရှိတယ်။

အာဏာသိမ်းတဲ့အတွက်ကြောင့်ဆုံးရှုံးသွားတာကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့  အဲ့တာတွေဆုံးရှုံးသွားတယ်ဆိုတဲ့ အခါကျတော့ နောက်ဆက်တွဲ တွေကတော့ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့ တောင်းဆိုတဲ့ ဟာတွေ ကာကယ်တဲ့ ကိစ္စတွေ အဲ့တာတွေပါ မရတော့ဘူး လုပ်ခွင့်မရှိဘူးလို့ ဆိုတဲ့အတွက်ကြောင့်မို့ လို့ လုပ်ငန်းခွင်ချိုးဖောက်မှုတွေက ပိုပြီးတော့ များလာတာ။ လုပ်ခလစာအပိုင်းတွေလည်း ပါတာပေါ့လေ ။

နိုင်ငံခြားထွက်တဲ့ အလုပ်သမားတွေရဲ့ ကိစ္စပေါ့ အဲ့မှာကျတော့ ဘာဖြစ်လဲဆိုတော့ နိုင်ငံခြားထွက်ဖို့ ကုန်ကျစရိတ်ပေါ့ ကုန်ကျစရိတ်တွေက တရားဝင်ပဲထွက်ထွက် တရားမဝင်ပဲထွက်ထွက် ကုန်ကျစရိတ်တွေက အများကြီးတွေဖြစ်နေပြီ ကုန်ဈေးနှုန်းကြီးတာကြောင့်လည်းပိုဆိုးလာတာပေါ့လေ အဲ့တော့ အထဲမှာနေလို့ မရဘူး မြန်မာပြည်ထဲမှာနေလို့မရဘူး နေလို့ မရအောင်တွန်းပို့နေတဲကိစ္စတွေပဲဖြစ်နေတာ ဆိုတော့ အပြင်ကို ထွက်ဖို့ ကြိုးစားကြတာပေါ့ ပိုက်ဆံကလည်း မရှိ တောင်းတဲ့ ပေါက်ဈေးပဲ ခေါ်ခေါ် ပွဲစားဈေးပဲခေါ်ခေါ် အဲ့တာကို ပေးနိုင်တဲ့ အနေအထားမရှိဘူး ဒါပေမဲ့ ထွက်ရတော့မယ်ဆိုတဲ့အခါကျတော့ ဈေးတွေ ကြည့်နေလို့ မရတော့ဘူး ထွက်ကြတာ အဲ့တော့ ဘာဖြစ်သွားလဲဆိုတော့ အထောက်အထားမဲ့တဲ့ နည်းလမ်းတွေအသုံးပြုလာကြတယ်ပေါ့နော် လက်ရှိအနေအထားအ အထောက်အထားမဲ့နည်းလမ်းတွေအသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့် သူတို့အခွင့်အရေးတွေ ပိုပြီးဆုံးရှုံးနေရတာပေါ့။


Related posts

Cover
(၁၃၄)ကြိမ်မြောက် မေဒေးနေ့ စကားဝိုင်းဆွေးနွေးပွဲ
May 05, 2024
Cover
အနိမ့်ဆုံးလုပ်ခလစာကျပ် ၁ သောင်း အပါအဝင် အလုပ်သမားအခွင့်အလမ်းဆိုင်ရာအချက်၃ချက်​တောင်းဆို
May 03, 2024
Cover
မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်
May 01, 2024
Cover
မေဒေးနေ့မှာ အဓိကတောင်းဆိုချင်တာက အ​နည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ရယ် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိဖို့အတွက် တောင်းဆိုချင်ပါတယ်
May 01, 2024
Cover
အလုပ်သမားတွေဆိုတာ မေဒေးနဲ့ မဆိုင်သလိုဖြစ်နေတယ်
May 01, 2024
Cover
သင့်တော်တဲ့လုပ်အားခကိုပဲတောင်းဆိုချင်တာပါ
May 01, 2023
Cover
အသက်အရွယ်က လုပ်ငန်းခွင်ကိုထိခိုက်နိုင်လား။
May 01, 2023
Cover
ဒီနေ့အချိန်အထိမြန်မာ့အလုပ်သမားတွေကတော့တောင်းဆိုချက်တွေမျှော်မှန်းချက်တွေမရရှိသေးဘူး။
May 03, 2022