NEWS

လျှံဖ Lianfa အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုလုပ်ကိုင်ပေးရသည့်အပြင် အောလင်းဆင်းခိုင်း

CoverLogo
518 Views
 
လျှံဖ Lianfa အထည်ချုပ်စက်ရုံက နေ့စဉ် ညည့်နက်အချိန်ပိုတွေအပြင် အော်လင်း အောနိုက်တွေ လုပ်ကိုင်ခိုင်းလို့ အလုပ်သမားတွေမှာ မိသားစု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အောလင်းက တွေ ဆင်းရတော့ ၊ အိမ်ကလည်း စိတ်မချဖြစ်တာ။ စူပါတွေကလည်း မဆင်းဘူးငြင်းပြီး အိမ်ပြန်တာတောင် ဖယ်ရီကားပေါ်ကနေ ဆွဲချပြီး၊ ဆင်းခိုင်းတာ။ အိမ်နဲ့လည်း ခဏခဏ စကားများနေရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
လျှံဖ အထည်ချုပ်စက်ရုံ နေ့စဉ် ည ၈ နာရီအထိ အချိန်ပိုလုပ်ကိုင်နေရပြီး အပတ်စဉ် စနေနေ့တိုင်း အောလင်း (မနက် ၄နာရီ) အထိ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။
ထမင်းစားနားချိန် ကတည်း အချိန်ပိုပြီးဆုံးတဲ့ ည ၈ နာရီအထိ နားချိန်မပေးဘဲ ဆက်တိုက် လုပ်ကိုင်ခိုင်းနေတာလို့ အမျိုးသမီး အလုပ်သမား တဦးက ပြောပါတယ်။
“တခါတလေ အိမ်မပြန်ရတာ သုံးလေးရက်ပဲ။ မနက် မိုးအလင်းလုပ်ရတယ်၊ နောက်တရက် အလုပ်ဆက်ဆင်း အဲလိုတွေ ချုပ်နေလုပ်နေရတာ၊ ည ၈ နာရီပြန်ရတဲ့နေ့က ကံကောင်းတာပဲ။ စက်ရုံကတော့ ဘယ်လောက် တိုင်တိုင် ဘာမှ မပြောင်းလဲဘူး။”လို့ ပြောပါတယ်။
Lian Fa ( myanmar) Company အထည်ချုပ် စက်ရုံကတော့ ရန်ကုန်မြို့ ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ၊ မင်းဧရာလမ်း ၊ ရွှေသံလွင်စက်မှုဇုန်မှာ ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ လုပ်သား ၃၀၀ ဝန်းကျင်ထဲမှာ အများစုက အမျိုးသမီးလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
“စက်ရုံမှာ Cutting ဌာနတခုတည်း အော်လင်းမဆင်းရတာ။ ဒါတောင် အဲ့ဌာနက အမျိုးသမီး အလုပ်သမားတွေ ကို အော်လင်း ဆင်းခိုင်းသေးတယ်။ သူတို့ဌာနက အလုပ်ကို မလုပ်ခိုင်းဘူး။ စက်ရုံထဲက တခြားဌာန အလုပ်တွေ လုပ်ခိုင်းတယ်” လို့ အမျိုးသမီး အလုပ်သမားတဦးက ဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လကစပြီး ထောက်ပံကြေးကျပ်တထောင် ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပေမဲ့ Lian Fa စက်ရုံက ဩဂုတ်လအတွက် လထုတ်ပေးရာမှာ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို အလုပ်သမားတွေကို မပေးခဲ့ဘူးလို့ ပြောပါတယ်။
ထောက်ပံ့ကြေး မရတာကြောင့် အလုပ်သမားတွေက တိုင်ကြားခဲ့လို့ မြို့နယ် အလုပ်သမားရုံးက လာရောက်စစ်ဆေးခဲ့ပေမဲ့ အလုပ်သမားတွေကတော့ အဲ့ဒီလအတွက် ထောက်ပံ့ကြေး ကျပ်တထောင် မရခဲ့ဘူးလို့ သိရပါတယ်။
“အလုပ်သမားရုံးက ဘယ်လိုစစ်လိုက်လဲမသိဘူး။ အလုပ်သမားတွေမှာ ကုမ္ပဏီက ပေးတဲ့ စလစ်တွေ ရှိနေတာကို အဲဒီစလစ်တွေ စစ်ရင်ရ အဖြေပေါ်တာပဲ။ ဒါကို ကုမ္ပဏီပေးတဲ့ အထောက်အထားကိုပဲ လက်ခံတယ် ဆိုရင်၊ မျှတတဲ့ အဖြေ မဖြစ်တော့ဘူး။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
မြို့နယ်အလုပ်သမားရုံးက စက်ရုံကို လာရောက်စစ်ဆေးရာမှာလည်း စက်ရုံဘက်က ခေါ်ယူပေးတဲ့ ကြီးကြပ်ရေး မှူး ကိုသာ စစ်ဆေးခဲ့တာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံ အလုပ်သမား တဦး အလုပ်ထုတ်ခံရလို့ ဩဂုတ်လအတွက် ထောက်ပံ့ကြေး ကျပ် သုံးသောင်းကို ပြန်လည်တောင်းဆိုခဲ့ရာမှာတော့ စက်ရုံဘက်က ပြန်ပေးခဲ့ရတယ်လို့ Myanmar Labour News က သိထားပါတယ်။
Lian Fa ( myanmar) Company အထည်ချုပ် စက်ရုံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်တား ပြီး SINSAY , FSBN စာတဲ့ အမှတ်တံဆိပ် တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026