NEWS

လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ

CoverLogo
306 Views
 
ထိုင်းနိုင်ငံ လယောင်မြို့ မှာရှိတဲ့ လျှပ်စစ်ပစ္စည်း လျှပ်စစ်အကင်အိုးထုတ်လုပ်တဲ့ စက်ရုံ မှာ အလုပ် လုပ်နေတဲ့ မြန်မာလုပ်သား ၄၃ဦး ကို အလုပ်ရှင် မှ အကြောင်းမဲ့ အလုပ်ထုတ်ခံ လိုက်ရတယ်လို့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
 
မြန်မာလုပ်သား ၄၃ဦး ဟာ PJ (အလုပ်သမားပတ်စပို့) ၊ MoU နဲ့ ဘတ်(ပန်းရောက်ကတ်)အသစ် ကိုင်ဆောင် ထားသူတွေ ဖြစ်ပြီး ၎င်းစက်ရုံမှာ အလုပ်လုပ်နေတာဟာ ၁၀လ ခန့် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
"ကျွန်တော်တို့ ကို ဒီဇင်ဘာ ၂၂ရက်မှာ အကြောင်းမဲ့ အလုပ်ကနေထုတ်ပယ်လိုက်တယ် အလုပ်မရှိတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်က ထုတ်ပယ်လိုက်တယ် ဒါပေမယ့် စက်ရုံက ပုံမှန်ဘဲ လည်ပတ် နေတာ"လို့ နစ်နာသူ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အလုပ်သမားတွေရဲ့ လုပ်အားခ တွေကိုလည်း ၂၀၂၆ခုနှစ် ဇန်နဝါရီ လ ၁၂ရက် မှာသာ ထုတ်ပေးမယ်လို့ ဆိုတဲ့ အပြင် ဒီဇင်ဘာ ၁၀ရက်က ထုတ်ပေးတဲ့ အလုပ်အားခမှာလည်း စာရင်းမှားပြီး လစာ ရရန် ကျန်သေးတယ်လို့ ဆိုပါတယ်။
မြန်မာအလုပ်သမား တွေဟာ ၎င်း စက်ရုံ ထဲ အလုပ်ဝင် လုပ်ဖို့ အတွက် ဘတ်ငါးသန်းပွဲစားကို စမတ်ကြေး ၈၅၀၀ဘတ်နဲ့ကျန့်ခေါက်ခ ၄၅၀၀ ဘတ် စီ ပေးပြီးမှ အလုပ်ဝင်ခဲ့ရတယ်လို့ သိရပါတယ်။
 
အခုလို မြန်မာအလုပ်သမားတွေ အလုပ်ထုတ်ခံရတာနဲ့ ပက်သက်ပြီး စမတ်ခ ၊ကျန့်ခေါက်ခနဲ့ နစ်နာကြေး ပြန်လည်ရရှိဖို့ အတွက်WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အလုပ်သမားတွေက အကူညီ တောင်းခံ လာတဲ့ အတွက် ဒီဇင်ဘာ ၂၂ရက်မှာ အမှုလက်ခံခဲ့ပြီး ကူညီဆောင်ရွက်သွားမယ်လို့ WAGအဖွဲ့ထံမှ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026