NEWS

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးကြီး လေပြင်းတိုက်ခတ်နိုင်ဟု မိုးဇလ အသိပေး

CoverLogo
350 Views
 
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းဆဲလ်မှာ ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်လာနိုင်တဲ့ အတွက် အောက်တိုဘာ၂၁ရက် ယနေ့ကစပြီး အောက်တိုဘာ ၂၄ ရက်အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ မှာ မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့အောက်တိုဘာ၂၁ ရက် နံနက် ၁၀နာရီ ထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၂-၁၀-၂၀၂၄ ရက်နေ့မှာ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့မှာ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်မုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိ ဖို့ ခန့်မှန်းထားတယ်လို့မိုးဇလ က အသိပေးထားပါတယ်။
 
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်တွေ မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသတွေ မှာ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
 
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်တယ်လို့သိရပါတယ်။
 
ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ထားပါတယ်။

Related posts

Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025