NEWS

လူမှု့ဖူလုံရေး အကျိုးခံစားခွင့်များမရရှိဘဲ ဖူလုံရေးကြေးလစဉ်ပေးသွင်းနေရ၊ အာဝါတီအဆမတန်တိုးတောင်းနေလို့ Myanmar Guotai Huasheng Glory Fashion Co.,Ltd စက်ရုံအလုပ်သမားတွေအခက်တွေ့နေဟုဆို

CoverLogo
2.3K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှု့ဖူလုံရေးအကျိုးခံစားခွင့်တွေဘာတခုမှမရရှိတော့တဲ့အပြင် စက်ရုံဖက်က အာဝါတီ (သတ်မှတ်အထည်စံချိန်) တွေမတရားတိုးတောင်းပြီး မပြည့်ရင်အလုပ်သမားတွေကိုလတ်မှတ်ထိုးခိုင်းပြီးခြိမ်းခြောက်တာ၊ လတ်မှတ်သုံးကြိမ်ထိုးရရင် ဥပဒေမဲ့အလုပ်က ထုတ်ပစ်တာတွေလုပ်ဆောင်နေတဲ့အတွက် Myanmar Guotai Huasheng Glory Fashion Co.,Ltd အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်တွေ့နေကြရတယ်လို့ဆိုပါတယ်။

Glory Fashion အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်၂၊ ကနောင်မင်းသားကြီးလမ်းမှာလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင်စက်ရုံတခုဖြစ်ပြီးလုပ်သားဦးရေ ၈၀၀ ခန့်မှီခိုလုပ်ကိုင်နေတယ်လို့သိရပါတယ်။

"ဖယ်ရီလဲအဆင်မပြေဘူး ဖယ်ရီတခါစီးဖို့ကိုမတရားစောင့်ရတာ ပြီးတော့ဒီစက်ရုံကစစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေကိုဥပဒေပါအခွင့်အရေးမပေးတော့တဲ့ အပြင်ကျမတို့မှာနေ့စဥ်နဲ့အမျှစိတ်ပိုင်းကော ရုပ်ပိုင်းပါနှိပ်စက်ခံနေရတယ်"လို့အဆိုပါစက်ရုံမှနစ်နာသူအလုပ်သမားတဦးကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံဖက်ကယခင်ကအလုပ်သမားတွေနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကို ရုတ်သိမ်းပြီး တစ်ဖက်သက်ဖွဲ့ထားတဲ့အလုပ်သမားကော်မတီနဲ့ပေါင်းကာ အလုပ်သမားတွေအပေါ်ခေါင်းပုံဖြတ်မယ့် အချက်အလက်တွေ ထည့်သွင်းထားတဲ့စာချုပ်တွေ ချုပ်ဆိုခိုင်းခဲ့တယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"ခုကစစ်အာဏာသိမ်းပြီးနောက်မှာကို ဘာအခွင့်အရေးမှမပေးတော့တာ စာချုပ်အသစ်မှာလဲ အလုပ်သမားတွေအတွက်နာဖို့ချည်းပဲ ခွင့်ဆိုလဲရိုးရိုးခွင့်ပေးပြီး အကုန်ဖြတ်တာ လူမှု့ဖူလုံရေးကြေးကျတော့ဖြတ်တယ်"လို့နစ်နာသူအလုပ်သမားတဦးကပြောပါတယ်။

စက်ရုံဖက်ကလုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်ဘာမှမပေးတော့တဲ့အပြင် တစ်ရက်ပျက်ကွက်ပါက အလုပ်သမားတွေဆီကတစ်ရက်လုပ်ခလစာ ၄၈၀၀ အပါအဝင်၊ ရက်မှန်ကြေး၊ အိုတီကြေးအပါအဝင်တစ်ရက်စာကို ၂၀၀၀၀ ကျပ်ဝန်းကျင်ဖြတ်တောက်ပစ်တယ်လို့သိရပါတယ်။

"ခုစက်ရုံဖက်ကလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှု့လဲမရှိဘူးပရဟိတကြေးတွေလဲအတင်းတောင်းတယ် ခုသကြ်န်ကိုအဲ့ထဲကပဲ မုန့်ကျွေးမှာတဲ့ နင်တို့ကိုစက်ရုံဖက်ကမ ကျွေးနိုင်ဖူးပြောတယ်"လို့ အလုပ်သမားတစ်ဦးက အခြေအနေကိုဆက်ပြောပါတယ်။

အလုပ်သမားတဦးလျှင်တစ်လကိုပရဟိတကြေး ၅၀၀ ကျပ်နှုန်းနဲ့စက်ရုံဖက်ကကောက်ခံခဲ့ပြီး သာရေးနာရေးဖြစ်တဲ့အခါပြန်ပေးမယ်လို့ပြောပေမယ့်ပြန်ပေးတာမျိုးမရှိဘူး လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

ဒါ့အပြင်အလုပ်ရှင်ဖက်က စက်ရုံရဲ့ အလုပ်သမားရေးရာကော်မတီကို အလုပ်သမားတွေကိစ္စနှုတ်ဆိတ်နေဖို့ တစ်လတစ်သိန်းပေးထားပြီးတော့အလုပ်သမားတွေကို အာဝါတီအဆမတန်တိုးတောင်းတာတွေအပြင်အလုပ်သမားတွေရရှိရမယ့် အထည်ပို့ကြေးကို ၃၀၀ ကျပ်ကနေ ၂၅၀ အထိလျော့ချပစ်လိုက်တယ်လို့သိရပါတယ်။

"ဆုကြေးရရင်လဲအလုပ်သမားတွေက ၇ သောင်းဆို စူပါတွေအောစူပါတွေက တသိန်းနှစ်သောင်းရတယ် ဆုကြေးပါသူတို့ကိုပေးနေရတယ်"လို့နစ်နာသူအလုပ်သမားတဦးကထပ်ပြောပါတယ်။

Myanmar Guotai Huasheng Glory Fashion Co.,Ltd အထည်ချုပ်စက်ရုံမှာအလုပ်သမားသမဂ္ဂရှိပေမယ့်အလုပ်သမားများရဲ့နစ်နာဆုံးရှူံးမှု့တွေအပေါ်ဝင်ရောက်ညှိနှိုင်းမှု့မပြုလုပ်ဖို့စက်ရုံဖက်ကနိုင်ငံရေးနဲ့ခြိမ်းခြောက်ထားတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

နစ်နာသူစက်ရုံအလုပ်သမားတွေဖက်ကတော့ စစ်အာဏာမသိမ်းခင်ကာလကချုပ်ဆိုခဲ့တဲ့စာချုပ်ပါအချက်အလက်တွေအတိုင်းခံစားခွင့်ရရှိလိုတဲ့အပြင် လူမှု့ဖူလုံရေးအကျိုးခံစားခွင့်တွေကိုပုံမှန်အတိုင်းပြန်လည်ရရှိဖို့တောင်းဆိုနေကြပါတယ်။

Glory Fashion အထည်ချုပ်စက်ရုံဟာ PAMARK , ESMARA တံဆိပ်ဘောင်းဘီ၊ အင်္ကျီ နဲ့အခြားတံဆိပ် ဆွဲသားအထည်တွေကိုချုပ်လုပ်နေတာဖြစ်ပြီးတော့တရုတ်နိုင်ငံကိုပြန်လည်တင်ပို့ကာစျေးကွက်ထဲကိုပြန်လည်ဖြန့်ချီနေတဲ့စက်ရုံတခုလည်းဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026