NEWS

လူမှု့ကွန်ယက်စာမျက်နှာမှာကုမ္ပဏီရဲ့လိုအပ်ချက်တွေကိုဝေဖန်ထောက်ပြတဲ့ဝန်ထမ်းကို Food Panda Myanmar ကအလုပ်ဖြုတ်

CoverLogo
17K Views

မိမိရဲ့ကိုယ်ပိုင်လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာကုမ္ပဏီရဲ့လိုအပ်ချက်တွေကိုဝေဖန်ထောက်ပြတဲ့စာတွေရေးသားတယ်ဆိုပြီးဂျာမဏီအခြေစိုက်စားသောက်ကုန်ပို့ဆောင်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Food Panda Myanmar က ဝန်ထမ်းတဦးအလုပ်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

"ကျွန်တော့်ကိုမနေ့က အလုပ်ကထုတ်ပယ်တယ်၊ ဘာကြောင့်လည်းဆိုတော့ Social Media မှာ တင်ထားတဲ့ Post တွေကြောင့်တဲ့၊ ကျွန်တော်ဘာပြောရမှန်းမသိခဲ့ဘူး Germany နိုင်ငံ Berlin မြို့ကြီးက အခြေစိုက်ဖြစ်တဲ့ Foodpanda ဟာမြန်မာနိုင်ငံအရောက်မှာ ဘာတွေဖြစ်လာတာလည်း ပြောစရာတွေအများကြီးရှိပါသေးတယ်"လို့အလုပ်ထုတ်ခံလိုက်ရတဲ့ကာယကံရှင်က Myanmar Labour News ကိုပြောပါတယ်။

သူဟာ Food Panda Myanmar ရဲ့Riderတဦးအဖြစ် လွန်ခဲ့တဲ့နှစ်ကတည်းကစတင်ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး Food panda ရဲ့Customer တွေအပေါ်ဆောင်ရွက်နေတဲ့ service ပိုင်းလိုအပ်ချက်တချို့ကိုထောက်ပြဝေဖန်ခဲ့တာလို့ဆိုပါတယ်။

"ကျွန်တော်နဲပြသနာဆိုလို့ဘာမှထွေထွေထူးထူးမရှိဘူး ကျွန်တော်က Riderဆိုတော့ Rider နဲ Customer တွေအပေါ်ထားတဲ့ Foodpanda Myanmar ရဲ့ Service တွေက မှားနေတာတွေကိုပြင်စေချင်လို့ Social ပေါ်တင်တာမျိုးတော့ရှိတယ် ဒါကိုသူတို့ဘက်က ဘယ်လိုမြင်လည်းတော့မသိဘူး"လိုသူကဆက်ပြောပါတယ်။

ယခုလက်ရှိအာဏာသိမ်းပြီးကာလအစားအသောက်ပို့ဆောင်တဲ့လုပ်ငန်းတွေမှာ rider လုပ်နေတဲ့သူတွေအပေါ်ကုမ္ပဏီကခေါက်ရေကြေးလျော့ပေးတာတွေလုပ်တာကြောင့်ကုမ္ပဏီအပေါ်ကိုခေါက်ကြေးတိုးပေးဖို့ပြောဆိုနေပေမယ့်အဆင်မပြေတာတွေရှိနေတယ်လို့ Food Panda Myanmar ရဲ့riderတချို့ကဆိုပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026