NEWS

လူမှုဖူလုံရေးခံစားခွင့်နဲ့ အလုပ်သမားအခွင့်ရေးတွေနစ်နာနေဟုဆို

CoverLogo
307 Views
 
လှိုင်သာယာမြို့နယ်၊ အမှတ် (- )၊ ဖန်ချက်ဝန်ဦး ရွှေအို လမ်းမှာရှိတဲ့ ALLAND FASHION LIMITED ကအလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးကြေးထည့်ဝင်ဖို့ဖြတ်တောက်ခံရပေမယ့် ၊ လူမှုဖူလုံရေးခံစားခွင့်မပေးခြင်းအတွက်နဲ့ အလုပ်သမားအခွင့်အရေးအချို့ ချိုးဖောက်ခံရတဲ့အပေါ် နစ်နာတဲ့အတွက် ရပိုင်ခွင့်တွေကို အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။
 
ALLAND FASHION LIMITED ဟာတရုတ်နိုင်ငံသား ပိုင်ဆိုင်ကာ Franklin Climbing တံဆိပ်အင်္ကျီ တွေချုပ်လုပ်ပြီး အလုပ်သမားအရေအတွက် ၈၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။
 
၎င်းစက်ရုံဟာ အလုပ်သမားများ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များကို အလုပ်ရှင်ဘက်မှခံစားခွင့်မပေးထားခြင်း၊ အလုပ်သမား များကခွင့်တိုင်လျင်လည်း ခွင့်မပေးခြင်းကြောင့် ဒေးကြေး+ထောက်ပံ့ကြေး ၁၀၀၀ကျပ်၊ ရက်မှန်ကြေး ၃၀၀၀၀ကျပ်ဖြတ်တောက်ခံရသလို အလုပ်သမား တွေက လူမှုဖူလုံရေကြေးလစဥ်လတိုင်း လစာထဲမှဖြတ် တောက်ခံရသော်လည်း လူမှုဖူလုံရေးဆေးခွင့်ကို ခံစားခွင့်မပေးခြင်းကြောင့် နစ်နာမှုရှိနေတယ်လို့အလုပ်သမားတွေဘက်ကပြောဆိုနေပါတယ်။
 
"လူမှုဖူလုံရေးကြေးထည့်ရဲ့သားနဲ့အဲ့ဒါအတွက်ခံစားခွင့်မရှိတာက အလုပ်သမားတွေရဲ့လခအလကားဖြစ်နေသလိုပါပဲ။လုပ်ငန်းခွင်ကြီးကြပ်သူတွေကလည်း အလုပ်သမားအချင်းချင်းခွဲခြားဆက်ဆံပြီး လုပ်ခဒေးကြေးရှင်းတာ‌တွေရယ်၊ သောက်သုံးရေသန့်ရှင်းမှုမရှိတာ၊ အထည်စံချိန်ရဖို့အတွက် အလုပ်သမားတွေကြားခွဲခြားမှုတွေရှိတာတွေနဲ့ အချိန်ပိုအလုပ်ကို ဖိအားပေးခိုင်းစေတာတွေရှိနေတယ်"လို့ အလုပ်သမားတွေကပြောပါတယ်။
 
အလုပ်ရှင်ဘက်က အလုပ်သမား‌တွေကို ဒေးကြေးကိုခွဲခြားပြီးပေးထားခြင်းဆိုတာ စက်ချုပ်သမားချင်း အတူတူ ဒေးကြေးကို ချုပ်လုပ်ရတဲ့ပွိုင့်ခက်ခဲ့တဲ့သူဆိုလျင် ဒေးကြေး ၁၀၀၀၀ ကျပ်ရပြီး တစ်ချို့ပွိုင့်ချုပ်လုပ်ရတဲ့သူတွေဆိုလျင် ဒေးကြေး ၉၀၀၀ ကျပ်သာပေးတာမျိုးနဲ့ လူအရေအတွက် များတဲ့အထည်ချုပ်ရတဲ့လိုင်းကို အထည်နည်းနည်းပေးပြီး လူအရေအတွက်နည်းတဲ့အထည်ချုပ်လိုင်းကို အထည်များများပေးတာမျိုးတွေကိုကြီးကြပ်သူတွေကခွဲခြားခိုင်းနေတာလို့ အလုပ်သမားတွေကပြောပါတယ်။
 
ALLAND FASHION LIMITED စက်ရုံမှာအလုပ်သမား‌ တွေအချိန်ပိုအိုတီအလွန်အကျွံ ဆင်းနေရခြင်း နဲ့ အထက်ပါ အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ထံ စက်ရုံအလုပ်သမားတွေက အကူညီတောင်းခံထားပါတယ်။
 
အထက်ပါ စက်ရုံရဲ့ အလုပ်သမား‌ေတွတောင်းဆိုချက်တွေ ကတော့
၁။ အလုပ်ရှင်ဘက်က အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်တောင်းခံနေခြင်းမပြုလုပ်ရန်၊
၂။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်မှခံစားခွင့်ပေးရန်။
၃။ အသက်၁၄၊၁၅၊၁၆အရွယ်ရှိသော လူငယ်၊လူရွယ် အလုပ်သမားများကို လူကြီးအလုပ်သမားများနှင့် အတူတူခိုင်းစေပြီး အလုပ်ရှင်ဘက်မှ ဒေးကြေးကို ခွဲခြားပြီးပေးခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက် နားရက်မရှိ အချိန်ပိုအိုတီများ ဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် အချိန်ပိုအိုတီကို အလကား ဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ သောက်ရေကို သန့်ရှင်စွာစီစဥ်ဆောင်ရွက်ပေးရန်။
၆။ အလုပ်ရှင်ဘက်မှ တစ်မိုးအောက်မှာ အလုပ်လုပ်တာချင်းအတူတူ ဒေးကြေးခွဲခြားပြီးပေးခြင်း မပြုလုပ်ရန် တို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026