NEWS

လူမှုဖူလုံရေးကတ်ပြား ပျောက်ဆုံးလျှောက်ထားပါက ပေးရမယ့် ဒဏ်ကြေးတိုးမြှင့်

CoverLogo
1.3K Views

စက်ရုံ အလုပ်ရုံ အလုပ်ဌာနများမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့  လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးလို့  ပြန်လည်လျှောက်ထားရာမှာ ပေးဆောင်ရမယ့် ဒဏ်ကြေးကို တိုးမြှင့်ကောက်ခံသွားမယ်လို့ လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ကြေညာမှုနဲ့ပတ်သက်ပြီး ယခုလို ဒဏ်ကြေးတိုးမြှင့်သတ်မှတ်တာဟာ အလုပ်သမားတွေအတွက် အဆင်မပြေဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

ယခင်က အာမခံအလုပ်သမားတွေ ယာယီကတ်ပြား များ ပျောက်ဆုံး၊ ပျက်စီး မှု အား ပြန်လည်လျှောက်ထား ရာမှာ လိုအပ်တဲ့အထောက်အထားနဲ့တကွ ဒဏ်ကြေးငွေ ၅၀၀၀ ကျပ်သာပေးသွင်းရတယ်လိုဆိုပါတယ်။လာမယ့် ဇူလိုင် လ ၁ ရက် ကစပြီး ဒဏ်ကြေးငွေကို တိုးမြှင့်ကောက်ခံတော့မယ်လို့သိရပါတယ်။

တိုးမြှင့်လိုက်တဲ့ဒဏ်ကြေး အရ ပထမအကြိမ် မိတ္တူလျှောက်ထားတာအတွက် သုံးသောင်းကျပ်၊ ဒုတိယ အကြိမ်ဆိုရင် ငါးသောင်းကျပ်၊ တတိယအကြိမ်နဲ့ အထက်ကို ကျပ်တစ်သိန်းဖြစ်တယ်လို လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

"အခုလိုဒဏ်ကြေးတိုးမြှင့်လိုက်တာက ဝန်ထမ်းတွေအတွက် ဘယ်လိုမှအဆင်မပြေဘူး။ အရင်အတိုင်း ကတ်ပျောက် လို့ ပေးရတဲ့ ၅၀၀၀ ကျပ်တောင် ခက်ခဲနေတာပါ။ လမဖ ကတ်မပျောက်အောင် ထိန်းသိမ်းဖို့ဆိုတာကလည်း ဒီလိုအချိန်ကာလကြီးမှာ လုပ်ငန်းခွင်တစ်နေရာတည်း နှစ်ရှည်အလုပ်လုပ်ဖို့ကလည်း မသေချာတော့လေ။ဘယ်ဝန်ထမ်းမှတော့ လမဖ ကတ်ပျောက်အောင်တော့ မလုပ်ကြပါဘူး။ အများအားဖြင့် ခါးပိုက်နှိုက်ခံရလို့ ပျောက်တာကများပါတယ်။ လမဖကတ် မရသေးဘဲ အလုပ်တစ်ခုကနေတစ်ခုပြောင်းမိတာ ၊ အလုပ်နားမိတာ တို့ကျရင် လမဖ ကတ်က မရတာတို့ ပျောက်တာတို့လည်းရှိတတ်ပါတယ်"လို့ HR ဝန်ထမ်းတစ်ဦးကမှတ်ချက်ပြုပါတယ်။

ကတ်ပျောက်လျှောက်ထားတဲ့ ကာလအတွင်း ဆေးကုသမှုခံအဆင်ပြေရေးအတွက် ကတ်ပြားပျောက်ဆုံးကြောင်း နဲ့ ဆေး ကုသခွင့် ထောက်ခံစာကို ထုတ်ပေးသွားမှာ ဖြစ်တယ်လိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံ မှာတော့ လူမှုဖူလုံရေး ဝင်ထားတဲ့ အလုပ်သမား ၁ ဒသမ ၂ သန်းလောက်ရှိပြီး  အလုပ်သမားတွေအနေနဲ့ လစဉ်လစာရဲ့ ၂ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်က ၃ရာခိုင်နှုန်း ပေးသွင်းရတယ်လို့ သိရပါတယ်။


Related posts

Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025
Cover
Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ
Dec 14, 2025
Cover
Max Technology စက်ရုံဖယ်ရီ အလုပ်သမား မကြိုဘဲ ပစ်ထား
Dec 14, 2025