NEWS

လူထုတော်လှန်ရေးနေ့စဥ်မှတ်တမ်းအကျဥ်းချုပ်

CoverLogo
2.5K Views

Myanmar Labour News
နိုဝင်ဘာ ၇ရက်

ဒီကနေ့မနက်ပိုင်း ၅ နာရီ၂၀ မိနစ် လောက်မှာပဲရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ထဲမှာပေါက်ကွဲမှု့တခုစဖြစ်ပြီးတော့ မရမ်းကုန်းမြို့နယ်ထဲကစစ်ကောင်စီခန့်လူကယ်ပြန်ဝန်ကြီး​ဒေါ်သက်သက်ခိုင်ရှယ်ယာပါတယ်ဆိုတဲ့ One Stop Mart ဆိုင်ခွဲတခုလဲပေါက်ကွဲခဲ့ပါတယ်။

ဒီကနေ့ရန်ကုန်ရဲ့မနက်ခင်းပေါက်ကွဲမှု့တွေဟာ နေ့လည်ပိုင်းတွေမှာရောက်လာတော့မယ့် ပစ်ခတ်မှု့တွေအတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့လူထုကိုတပ်လှန့်သံလို့ထင်စရာရှိပါတယ်။

နေ့လည်ပိုင်းမှာတော့အရင်ရက်ပိုင်းတွေကငြိမ်နေခဲ့တဲ့ရန်ကုန်ဟာစကြမ်းပြီလို့တောင်ဆိုလို့ရပါတယ်။

နေ့လည်၁နာရီကျော်လောက်မှာစပြီးဦးကိုနီလုပ်ကြံမှု့မှာကားတစီးနဲ့သိန်း၂၀၀လက်ခံခဲ့ပြီးနောက်၂၀၁၇
လောက်မှာဖမ်းဆီးခံခဲ့ရတဲ့နဂါးလေး(ခ)အောင်မြင့်နိုင် ပစ်ခတ်ခံရပါတယ်။

ပစ်ခတ်ခံရတဲ့နဂါးလေးက စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာပြန်လွတ်လာပြီး လက်ရှိစစ်ကောင်စီသတင်းပေးလုပ်နေသူလို့လဲဆိုပါတယ်။

အဲ့ဒီ့ဖြစ်စဥ်အပြီးစစ်ကောင်စီတပ်တွေရောက်ရှိလာပြီးနောက်တောင်ဒဂုံ ၁၉ ရက်ကွက်နဲ့ ၂၀ ရပ်ကွက်ကြားမှာအပြန်အလှန်ပစ်ခတ်ခဲ့တာတွေရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။

အဲ့ဒီ့နောက်မရမ်းကုန်းသမိုင်း ၁ ရပ်ကွက်ကအုပ်ချုပ်ရေးမှုးရုံးထဲကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေရှိနေတဲ့အုပ်ချုပ်ရေးရုံးကိုဝင်ပစ်လို့ကြံ့ဖွတ်ပါတီဝင်၁ဦးအပါ ၃ ဦးသေသွားပါတယ်။

ဒီကိစ္စမှာတော့စစ်ကောင်စီဖက်ကအနီးအနားမှာရှိတဲ့လူငယ်နှစ်ဦးကိုဖမ်းဆီးသွားတယ်လို့မျက်မြင်တွေကဆိုထားပါတယ်။


ဒီ့ထက်ကြမ်းတာတော့စစ်အုပ်ချုပ်ရေးရှိနေတဲ့မဂ်လာဒုံမှာ​ထွေအုပ်ရုံးကိုသေနတ်နဲ့အတွဲလိုက်ဆွဲသွားတဲ့ကိစ္စပါ။

ဒီကနေ့ရန်ကုန်ဟာနေမြင့်လာလေဇာတ်ရှိန်တက်လာလေဆိုရမလိုပါပဲ။

ထွေအုပ်ရုံးပစ်ခတ်မှု့မှာတော့ရုံးထဲကစကစခန့်ဝန်ထမ်းတဦးအပါအဝင်ရုံးဘေးမှာကွမ်းယာရောင်းတဲ့အမျိုးသမီးသေဆုံးပါတယ်။

အဲ့ဒီ့နောက်မဂ်လာဒုံအနန်းပင်ရပ်ကွက်ခရေပင်ရိပ်မွန်လမ်းရှိမဂ်လာဒုံလေတပ်လုံခြုံရေးဂိတ်ပစ်ခတ်ခံရပြီးဂိတ်စောင့်စစ်သား ၃ ယောက်ထပ်ကြွပါတယ်။

တလပေါင်းစံပြရွာထိပ်ကတပ်ရင်း၉ဂိတ်ပစ်ခတ်ခံရမှု့မှာတော့ထိခိုက်သေဆုံးတဲ့သတင်းတွေမရှိခဲ့ဖူးလို့ပဲပြောရမှာပါ။

ဒီကနေ့ရန်ကုန်မှာပစ်ခတ်မှု့၆ခုနဲ့နေရာခပ်စိပ်စိပ်မှာပေါက်ကွဲမှု့တွေ​ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဖက်ကတော့စစ်ကိုင်းတိုင်းကောလင်းအနောက်ခြမ်းကပြည်သူ့ကာကွယ်ရေးနဲ့တိုက်ပွဲ ဖြစ်နေတဲ့ညောင်ပင်လုရွာနားကိုရဟတ်ယာဥ်နှစ်စီးလောက်နဲ့ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။

မြောင်မြို့နယ်ထဲမှာတော့စစ်ကား၁စီးဆိုင်ကယ်၅စီးလောက်ပါဝင်တဲ့စစ်ကောင်စီယာဥ်တန်းကိုမြိုင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့TGR အပါအဝင်မဝါမိတ် ၆ ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

လှိုင်သာယာ အမှတ် ၃ ရက်ကွက်မှာ​တော့ မနက် ၁၀ နာရီ​လောက်က ( သတင်း​ပေးဟု ထင်​ပေါ်​ကျော်ကြားသူ)လူ ၁ ဦးပစ်သတ်ခံရပြီး ည ၇ နာရီ ၃၀  ​လောက်မှာ​တော့ အတွင်းပဒံ၊ အုပ်ချုပ်​ရေးမှူးရုံး အနီး​ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပါတယ်။

ဒါကတော့ဒီကနေ့ Myanmar Labour News ကရရှိထားတဲ့လူထုတော်လှန်ရေးနေ့စဥ်မှတ်တမ်းအကျဥ်းချုပ်ပါ။ ကျန်ခဲ့တာတွေရှိနိုင်ပေမယ့်လက်လှမ်းမှီသလောက်မှတ်တမ်းတင်ရခြင်းဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026