NEWS

လုံခြုံရေးဝန်ထမ်းကို ဥပဒေမဲ့အလုပ်ကထုတ်ပယ်မှု အလုပ်သမားက တိုင်ကြားလို့ ဆွေးနွေးညှိနှိုင်းနေ

CoverLogo
748 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်းမှာဖွင့်လှစ်ထားတဲ့ GTIG Guohua Glory Garment အထည်ချုပ်စက်ရုံမှာ လုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ အလုပ်သမားကို လုပ်ငန်းရှင်က အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမားက တိုင်ကြားလို့ ပြန်လည်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

"သူကမနေ့ကတည်းက brand ကနေဆက်သွယ်လာပြီးတော့  ညှိနေတယ်။ ဒီအလုပ်သမားရဲ့တောင်းဆိုချက်  ၄ ချက်ကိုပေးမယ်ပေါ့နော်  စာချုပ်တော့မချုပ်ရသေးဘူးညှိနေတယ်။ သူတို့စက်ရုံကသမဂ္ဂရှိတော့  သမဂ္ဂရယ် လုပ်ငန်းရှင်ရယ် အမှတ်တံဆိပ်ရယ် ညှိနေတယ်။ ပေးမယ်လို့ပြောပေမဲ့ အဖြေတော့ထွက်မလာသေးဘူး။ ဘာလို့ဆို အီးစီချုပ်ပေးမယ် အလုပ်ခန့်ပေးမယ်ဆိုတာကပြီးပေမဲ့ အိုတီကြေးတွေကျတော့ ဘတ်ဒိတ်နဲ့ပြန်ပေးရတာဆိုတော့ ဘယ်လောက်ပေးမယ်ဆိုတာ အလုပ်သမားသဘောတူလားအလုပ်ရှင်သဘောတူလားဆိုတာ  ညှိနေတုန်း" လို့ အဆိုပါအလုပ်သမားကို  ကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။  

အဆိုပါလုံခြုံရေး၀န်ထမ်းဟာ  ၉.၅.၂၀၂၂ ခုနှစ် မှစတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး  လုံခြုံရေးဝန်ထမ်းတာ၀န်ထမ်းဆောင်တာဟာ  လုပ်သက်၂နှစ်ကြာမြင့်နေပြီရာ  စက်ရုံ၌အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ တစ်ပတ်လျှင် နေ့ဆိုင်း ၃ရက်/ညဆိုင်း ၃ရက် ဖြင့် တစ်နေ့အလုပ်ချိန် မနက်၆နာရီ မွ ည၆နာရီဖြစ်လည်းကောင်း  ညဆိုင်းဆင်းလျှင် ည၆နာရီ မွ မနက် ၆နာရီ စသည်ဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ်  မည်သည့်အပြစ်တစ်စုံတစ်ရာမရှိဘဲ ၀န်ထမ်းအစားထိုးခန့်မှာဖြစ်တဲ့အတွက် အလုပ်က ထုတ်ပယ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါအလုပ်သမားဟာ  ယခုလမေ၂၁ရက်နေ့ နေ့လည် (၁၂:၀၀)နာရီခန့်တွင် လုံခြုံရေးခေါင်းဆောင်မှဖုန်းဆက်ခေါ်ပြီးစက်ရုံသို့ သွားရောက်ခဲ့ရာ၊ စက်ရုံမန်နေဂျာဖြစ်သူက  " ဝန်ထမ်းအစားထိုးခန့်အပ်မည် ဖြစ်သဖြင့် အလုပ်မှထုတ်ပယ်ကြောင်း" ပြောဆိုကာ မည်သည့်ပြစ်ချက်တစ်စုံတစ်ရာမရှိဘဲ အကြောင်းမဲ့ အလုပ်မှထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါအလုပ်သမားဟာ  အလုပ်မှဥပဒေမဲ့ထုတ်ပယ်ခံရတဲ့အပြင် လုံခြုံရေးတာ၀န်ထမ်းဆောင်စဉ်ကာ လမှာလည်း  အချိန်ပိုတစ်နေ့၄နာရီစာ အချိန်ပိုကြေးမရရှိခြင်း၊ လုပ်သက်၂နှစ်ပြည့်သည်အထိ  အီးစီစာချုပ်မချုပ်ဆိုပေးဘဲ နေ့စား၀န်ထမ်းအဖြစ်သာ လုပ်ကိုင်ခဲ့ရခြင်းစတဲ့ချိုးဖောက်မှူများကို ကျူးလွန်ခံခဲ့ရတာဖြစ်တာကြောင့်  အလုပ်သမားအနေနဲ့ ၁၊ ဥပဒေမဲ့အလုပ်မှ ထုတ်ပါယ်ခြင်း ၂၊OT တနေ့ ၄ နာရီ အတွက် မရရှိခြင်း ၃၊ နေ့စားဝန်ထမ်းအဖြစ် ၂ နှစ်ပြည့်သည်အထိ ထားရှိခြင်း ၄၊ EC စာချုပ် ချုပ်ဆိုရန်ပျက်ကွက်ခြင်း တို့အတွက်  ကူညီဖြေရှင်းပေးဖို့  STUM သို့အကူညီတောင်းခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။  

လက်ရှိမှာတော့ အဆိုပါတောင်းဆိုချက်၄ချက်အတွက် အလုပ်သမား၊ အလုပ်ရှင်နဲ့ အမှတ်တံဆိပ်တို့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026